Kate (Cook by Heart)

in #hive-1221332 years ago

ငယ်ငယ်က ဖတ်ဖူးတဲ့ အကြောင်းအရာလေးကို မှတ်မိနေသေး၏။ 4 in 1 coffee ဆိုတာလေး။ Ready made coffee တွေမှာ 2 in 1, 3 in 1 ဆိုပြီး ရှိသည် မလား။ နို့ ဒါဖြင့် ဘာလဲပေါ့။ ကော်ဖီ၊ သကြား၊ ကော်ဖီမိတ် အပြင် ဘာများ ပိုပါ နေသနည်းပေါ့။ မေတ္တာ၊ ချစ်ခြင်းမေတ္တာပေါ့။

ပို့မေတ္တာနဲ့ ထားမေတ္တာ ဆိုပြီး မှတ်သားဖူး၏။ မေတ္တာပို့ခြင်းထက် မေတ္တာထားခြင်းက ပိုခက်သည် ဆိုသတဲ့။ တခုခု တဦးတယောက်အပေါ် စေတနာ မေတ္တာထားတာ မျိုးလေးပေါ့။ ရင်းနှီးသည့် မိတ်ဆွေ ဖြစ်ဖြစ်၊ မရင်းနှီးသည့် သူစိမ်း ဖြစ်ဖြစ် မည်သူ့ကို မဆို မေတ္တာ ထားတာ။ ကျနော်တို့ အများစုက ချစ်သူ ခင်သူ အပေါ်မှာ မေတ္တာ ထားနိုင်ပေမယ့် သူစိမ်းတရံတွေ အပေါ်မှာတော့ မေတ္တာ ထားနိုင်ခဲလှ၏။ ထားပါလေ တော်နေကြာ ဖတ်နေရင်းက လက်အုပ်တွေ ထချီကုန်မှဖြင့်။

3 in 1 coffee ဖြစ်ပေမယ့် မေတ္တာတွေနဲ့ ဖျော်ပေးတော့ ပိုပြီး သောက်ရတာ အရသာရှိသလိုပေါ့။ ဖျော်ပေးသူအဖို့လည်း ပီတိ ဝေဖြာရသည်ပေါ့ဗျာ။ coffee ဖျော်ပေးနေရင်းက ဒီ coffee လေးကို သောက်လိုက်ရတဲ့ အတွက် လေးလံ ထိုင်းမှိုင်း မကြည်လင် မှုတွေ ပျောက်ပြီး လန်းဆန်း တက်ကြွ အတွေးသစ် အမြင်သစ်တွေ ရပါစေ ဆိုတဲ့ စေတနာ မေတ္တာ စိတ်လေး +1 ထပ်ပေါင်းထည့်ပေးလိုက်တာ။ coffee မှ မဟုတ်ဘူး တခြား စားစရာ မုန့်တခုခု လုပ်ပေးတဲ့ အခါမှာလည်း ထိုသဘောမျိုး စိတ်စေတနာမျိုးလေးနဲ့ လုပ်ပေးရင် +1 ဖြစ်သွားတာပါပဲလေ။

အလုပ် လုပ်ကိုင်၊ ပြောဆို ဆက်ဆံတဲ့အခါလည်း ဒီသဘောမျိုးပါပဲလေ။ ကိုယ်က စေတနာ မေတ္တာထား လုပ်ပေးရင် တဖက်လူလည်း ပျော်၊ ကိုယ်လည်း စိတ်ချမ်းသာပေါ့။ ဒါပေမယ့် တခါတလေ စေတနာကို စော်ကားခံရတယ် ဆိုတာမျိုးကလည်း ရှိတတ် ပြန်ရော မလား။ အဲ့ခါကြ မေတ္တာ စေတနာ မထားချင်၊ ပျက်ချင် လာရော။ ဘာတွေပဲဖြစ်ဖြစ် မေတ္တာ စေတနာ မပျက်ဘဲ ချီတက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ မကောင်းသူ တယောက်ကြောင့် မေတ္တာ မထားတော့ပါဘူးလေလို့ မတွေး၊ မဆုံးဖြတ်လိုက်ပါနဲ့။ အကျိုးတစုံ တရာ လိုချင်လို့ မေတ္တာ စေတနာ ထားတာမျိုးလည်း မဖြစ်သင့်ဘူးရယ်။

ချစ်ခြင်းမေတ္တာ အကြောင်း ခဏရပ်ပြီး အဓိက အကြောင်းအရာလေး ပြောရအောင်။ ဒီနေ့ သွားထိုင် ဖြစ်တဲ့ ဆိုင်နာမည်က Kate တဲ့။ Kate တလုံး မဟုတ်ဘူး Kate ' Cook by heart တဲ့။ (အိုမို စာသားလေးနဲ့တင် ဆွဲဆောင်မှုက ရှိနေပြီ။) ဆိုင်လေးက သေးသေး ကျစ်ကျစ်လေးနဲ့ ချစ်စရာလေး။ ဒါပေမယ့် စားပွဲလေးတွေကို နေရာချထားပုံလေးက မဆိုးဘူးရယ်။ ဒီနေရာလောက်လေးပဲကို ဒီလိုဖြစ်အောင် လုပ်ထားနိုင်ပုံက ချီးကျူး ချင်စရာ ။ ဆိုင်လေးက သေးပေမယ့် စားစရာ၊ သောက်စရာတွေကတော့ အများကြီး ရသဗျာ။ ပုံမှန်ဆို ဘယ်ဆိုင် ထိုင်ထိုင် menu အကုန်အစင် ဖတ်လေ့ ရှိတဲ့ ကျနော် ဒီဆိုင်မှာတော့ menu ကုန်အောင် မဖတ်နိုင်ခဲ့ဘူးရယ်။

ဒါပေမယ့် မပူပါနဲ့ ဆိုင်ရဲ့ Facebook page မှာ menu ကို Feature တခုအနေနဲ့ အသေအချာလေး ထည့်ပေးထားတယ်။ ဒါလေးက တကယ်ကို သဘောကျ စရာပါ။ နေ့စဉ် ပုံမှန် ရနေကြ စားစရာလေးတွေ အပြင် သတ်မှတ်ရက်တွေမှာပဲ ရတတ်တဲ့ စားစရာတွေလည်း ရှိပါတယ်။ တိုဖူးနှောင်းတို့ ကြာကွေးသေးသေးလေး ကြော် (လေယာဉ် ကြာကွေး လို့လည်း ခေါ်သေးတယ် ဆိုပဲ) တို့ပေါ့။ ကျနော်တို့ကတော့ မစားခဲ့လိုက်ရပါဘူး။ ထုံးစံအတိုင်း နောက်တခေါက် ပေါ့။

ဘယ်နေ့ ဘာလေးတော့ ရမယ်ဆိုတာကို Page ကနေ ကြိုတင်ပြီး တင်ပေးလေ့ ရှိတော့ မိမိ စားချင်တာ ရ၊ မရကို ရက်တိုက်ပြီး သွားလို့ ရပါတယ်။ ခုတခေါက်မှာတော့ ကြက်တောင်ပံကြော်၊ သင်္ဘောသီးထောင်းတို့ မြည်းစမ်းခဲ့ပါတယ်။ အအေးတို့၊ ကော်ဖီတို့ ဘာတို့ နဲ့ အခြား သောက်စရာတွေ အများကြီး ရပါတယ်။ ကျနော်ကတော့ ထုံးစံအတိုင်း ကော်ဖီပါပဲ။ ဆိုင်ဖျော် ကော်ဖီလေး သောက်ခဲ့ပါတယ်။ တကယ်သောက်လို့ ကောင်းပါတယ်။ ကျနော့် အကြိုက်နဲ့ ကွက်တိပါပဲ။ ကော်ဖီမှာတာနဲ့ အချိုလား၊ ပုံမှန်လား၊ အခါးလားဆိုပြီး မေးပါတယ်။ ဒါလေးကလည်း သဘောကျ စရာပါ။ ထိုင်ဖူးတဲ့ ဆိုင်အများစုမှာ ကိုယ်ကပဲ လိုချင်တာကို အရင် ပြောပြောယူနေရပေမယ့် ဒီမှာတော့ သူတို့က အရင် မေးသွားပါတယ်။

သင်္ဘောသီးထောင်း ကောင်းတယ်။ စားနေကြ အရသာတွေနဲ့ မတူဘူး။ ဂဏန်း အနှစ်လိုမျိုးလေးနဲ့ ထောင်းထားတာလား ထင်လို့ မေးကြည့်တာ ပုဇွန် အနှစ်နဲ့လို့တော့ ပြောတယ်။ အရသာလေးက မဆိုးဘူး။ အထောင်းကြိုက်သူတွေ အတွက် မတူညီသော အရသာ အသစ်ကို စမ်းကြည့်ချင်ရင် စားကြည့်ပါလို့။ ကြက်တောင်ပံကြော်လေးလည်း မဆိုးဘူး။

ဆိုင်က အစားအသောက်လေးတွေက နာမည်အတိုင်း cook by heart ဖြစ်နေလို့လည်း နေမပေါ့။ အစားအသောက်တွေ စုံစုံလင်လင် တော်တော်များများ ရပါတယ်။ နောက်တခေါက်မှ တခြားစားစရာတွေ စားကြည့်ရဦးမယ်။ ခက်တာက ဆိုင်တွေ သွားဖြစ် လိုက်တဲ့ အချိန်တိုင်း ဗိုက်က မဆာနေတာချည်း ဖြစ်နေခဲ့တာကိုး။ နောက်တပတ် နောက်တဆိုင်မှပဲ ဗိုက်ဆာချိန်နဲ့ ကိုက်ပြီးတော့ များများ စားတော့မယ်။

မြို့ပတ်လမ်းဘေးမလို့ ကား၊ ဆိုင်ကယ်သံ မပြတ် ဖြတ်နေ ကြားနေရပေမယ့် သူ့ဟာနဲ့သူလေးတော့ တမျိုးလေး ထိုင်လို့ ကောင်းနေပြန်ရော။ ကျနော်တို့ ထိုင်နေတုန်း ခဏကို ဝိုင်းတွေ အကြာကြီး လွတ်သွားတယ်ရယ်လို့ မရှိနေဘူး။ ဝန်ဆောင်မှုကလည်း သဘောကျ စရာ ကောင်းပါတယ်။ နောက်များ ကြုံကြိုက်ရင်တော့ ထပ်သွား ပါဦးမယ်။

ချစ်ခြင်းမေတ္တာတွေနဲ့ ချက်ပြုတ်ပေးထားလို့ ကျနော်တို့လည်း ချစ်ခြင်းမေတ္တာတွေနဲ့ပဲ သုံးဆောင်ခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။

Kate :: Cook by heart
We :: Eat with love

ဆိုင်လိပ်စာ

နံပတ် (၁၅၂)၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

Google Map

Kate (cook by heart)
09 777 186888
https://maps.app.goo.gl/V3BRMT2aZ1xRco929

Facebook Page

https://www.facebook.com/profile.php?id=100077152971643&mibextid=ZbWKwL

ဆိုင်ဖွင့်ချိန်

နံနက် (၈) နာရီမှ ည (၈) နာရီ ထိ။

#KateCookByHeart
#FoodMyChoice
#PhyoeBakerySupply

Sort:  

ကော်ဖီတောင် သောက်ချင်လာပြီဗျာ။
!LOLZ
!MEME

I invented a new word today.
Plagiarism.

Credit: reddit
@foodmychoice, I sent you an $LOLZ on behalf of @htwegyi

(3/6)

PLAY & EARN $DOOM

!PGM
!PIMP

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @myothuzar

remaining commands 14

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444



You must be killin' it out here!
@myothuzar just slapped you with 1.000 PIMP, @foodmychoice.
You earned 1.000 PIMP for the strong hand.
They're getting a workout and slapped 1/1 possible people today.

pimp_logo


Read about some PIMP Shit or Look for the PIMP District

@donjaun, the HiQ Smart Bot has recognized your request (1/2) but the daily limit has been reached or the mana is too low. Try again later.

As a consolation, @foodmychoice gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

!hiqvote

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more