Kyar Kyar

in #hive-122133last year

ဒီလိုမိုး၊ ဒီလိုရာသီဥတုမျိုးမှာ
ကော်ဖီလေး တခွက်ရယ်၊ စာအုပ်လေး တအုပ်ရယ် ဒါမှမဟုတ် ရုပ်ရှင် ဇာက်ကား လေး တခုရယ် နဲ့ဆိုရင်...

နေဦးဗျ။ ဒီဇတ်လမ်းက ကျနော်တို့ ထပ်ခါတလဲလဲ ရိုက်ဖူးခဲ့ပြီးပြီ။ ခုတခေါက်တော့ မတူတဲ့ ဇာတ်လမ်းလေး ပြောင်း ရိုက်ကြည့်ရအောင်။

ကော်ဖီနဲ့ မိုး၊ မိုးနဲ့ ကော်ဖီ ဆိုတာမျိုးက ခွဲခြားလို့ မရတဲ့ အရာမျိုးတွေမလား။ ကော်ဖီ ကြိုက်တတ်၊ ချစ်တတ်သူတွေအဖို့ မရိုးနိုင်တဲ့ ဇာတ်လမ်းလေး တပုဒ်ပေါ့။ အများစုကတော့ မိုးရွာ လာရင် အိမ်ထဲမှာပဲ ကော်ဖီ တခွက်ထဲနဲ့ ဇိမ်နဲ့ နှပ်ချင်၊ ငြိမ်ငြိမ်လေးနေ ချင်ကြပေမယ့် အချို့ကတော့ မိုးရွာထဲ လျှောက်သွားရတာ ကြိုက်ပြန်ရော။ ဒါပေမယ့် ဒီကာလ ဒီရာသီဥတုမျိုးမှာက မိုးရေထဲ လျှောက်သွားလို့ သိမ်မကောင်းပြန်ဘူးရယ်။ ကျန်းမာရေးက အရေးကြီးသေးသည် မဟုတ်လား။ အသက်ကလေး ဘာလေးလည်း ရလာပြီ ဆိုတော့ ဂရုစိုက်မှရယ်။ ချွဲစရာ ရှိသူတွေကတော့ သွားကြပေါ့။ အတူတူ မိုးရေထဲလေ အေးတာက ဘယ်မှာလဲလို့ ပြန်မေးယူကြပေါ့ဗျာ။ သူတို့က အချစ်တွေနဲ့ နွေးနေကြကိုး။ ထားပါ လမ်းတွေ ချော်ကုန်ပြီ။

ဒီနေ့တော့ ဇာတ်လမ်း ပြောင်းရိုက် လိုက်တယ်။ မိုးအေးအေး၊ ကော်ဖီ တခွက်နဲ့ အိမ်မှာနေ စာဖတ် မဟုတ်တော့ဘဲ မိုးဖွဲဖွဲ၊ ဘော်ဒါတွေနဲ့ အပြင်ထွက် အစားစားပေါ့။ တကယ်က မိုးမရွာခင် ထွက်လာခဲ့ကြတာပါ။ လမ်းတဝက်မှာ မိုးမိသွားတာ။ အချစ်ရဲ့ ဖမ်းယူထွေးပွေ့ခြင်းကို ရှောင်ကွင်းပြေးနိုင်ခဲ့ပေမယ့်လည်း မိုးရဲ့ လေနဲ့အတူ လျှင်မြန်စွာ ထွေးပွေ့မှုမှာတော့ မရှောင်နိုင်ခဲ့သူပါ။ တော်သေးတယ် မိုးကာ ပါလို့။ ကျနော့် မိတ်ဆွေတွေလည်း အပြင်သွား ဘာညာ မိုးကာလေး ဆောင်ထားကြဦးနော့်။

ဒီနေ့တော့ ကျနော်တို့ အထောင်းဆိုင်လေး ထိုင်ဖြစ်ကြတယ်။ နေ့လည်ခင်း ငိုက်မြည်းစပြုနေတဲ့ အခြေအနေလေးကိုလည်း ဖြေဖျောက်လို့ ရအောင်ပေါ့။ ချဥ်ချဥ်စပ်စပ်လေး စားပြီး ချွေးလေးဘာလေးစို့ကာ လန်းလန်းဆန်းဆန်းလေး ပြန်ဖြစ်တာပေါ့။ ဒါပေမယ့် လန်းတာက ခဏပဲရယ် စားကောင်းကောင်းနဲ့ ဇွတ်တွေ စားပစ်ကြတာ ဗိုက်တွေ ပြည့်ပြီး ပြန်လေး ကုန်ကြရော။ ဒါပေမယ့် မစားရခင် အခြေအနေ တုန်းကလို လေးလေးပင်ပင်ကြီးတော့ မဖြစ်နေဘူး။ ကျနော်တို့က စားနေ၊ သောက်နေရရင်ကို ပျော်နေကြသူတွေ မလား။

ဆိုင်နာမည်က " Kyar Kyar "။ အသံထွက် ဖတ်ကြည့်ရင် ကြာကြာပေါ့လေ။ ဟာ... အစားအသောက်တွေ မှာရင် ကြာတော့ မပေါ့။ မကြာပါဘူး၊ တကယ် မြန်တယ်။ ဆိုင်ရှင် အမ နာမည်က ကြာဖြူပါ။ ခင်မင်သူတွေက ချစ်စနိုးနဲ့ ကြာကြာ လို့ ခေါ်ကြပါတယ်။ ဆိုင် နာမည်က အမရဲ့ နာမည်ပါပဲ။

ဒီနေရာမှာ တခု ပြောကြည့် မေးကြည့်ချင်သား။ ကျနော်တို့ ဆိုင်တွေ ဘာတွေ သွားထိုင်ကြရင်လေ ဆိုင်ရှင် (အစားအသောက် ဖန်တီးသူ) ကို သိ မြင် ပြီးရင် ဆိုင်ရှင်နဲ့ ဆိုင်ကို ချိတ်ဆက်ကြည့်၊ ဆက်စပ် တွေးတော မိတတ်ကြတယ် မလား။ ဘာသွားတွေ့ရတတ်လဲဆို ဆိုင်ရှင်နဲ့ ဆိုင် Chemistry မိနေရင် လက်ရာ၊ အရသာလေးတွေက ပိုကောင်း ပိုချိုမြိန် နေတတ်တယ်ဗျ။ သူတို့ရဲ့ လိုက်ဖက်ညီမှုတွေက စားသုံးသူတွေ အတွက် အပျော်တွေ စိတ်ကျေနပ်မှုတွေကို ယူဆောင် လာပေး တတ်ကြတယ် မလား။ ကန်တော့ဗျာ သမီးလိုချင် အမေကြည့် စကားလိုပေါ့။ အစားကောင်း အသောက်ကောင်း စားလိုရင် ဆိုင်နဲ့ ဆိုင်ရှင်ကို ကြည့်ရမယ် ထင်ပါရဲ့။ ခုနောက်ပိုင်းမှာတော့ အကူဆိုင်ဝန်ထမ်းတွေကိုပါ ထပ်ပေါင်း ကြည့်ရမယ် ထင်ပါရဲ့။

ခု 'မကြာ'ရဲ့ ဆိုင်လေးကလည်း 'မကြာ'နဲ့ လိုက်ဖက်လှပါတယ်။ ဒါကြောင့်ပဲ စားသုံးသူတွေအတွက် အပျော်တွေ စိတ်ကျေနပ်မှုတွေကို ဖြစ်ပေါ် စေတာပေါ့။ ဒါနဲ့ပဲ မကြာခဏ သွားထိုင် ဖြစ်ကြတယ်ပေါ့ဗျာ။ ခုက ဆိုင်လေးလည်း ပြင်ထားလိုက်တော့ ပိုလည်း ထိုင်လို့ ကောင်းသွားပြီ။ ပြီး menu တွေလည်း ပြင်ထားတယ်။ အသစ်ထပ်တိုး လာတာတွေ ရှိသလို၊ အဟောင်းထဲက ဖြုတ်လိုက်တာတွေလည်း ရှိတယ်။ နောက်ပိုင်း အကင်တွေလည်း ရမယ် ပြောတယ် ဗျ။ (လောလောဆယ်မှာတော့ အမဲကင် တမျိုးထဲ ရပါဦးမယ်တဲ့။) တနေ့က အမဲမာလာရှမ်းကော ကတော့ အတော်လေး ကောင်းသဗျ။ အမဲသားက နူးအိပြီး စားရတာ အရသာ ရှိလို့။

ဒီနေ့ကတော့ အမဲ မာလာရှမ်းကော မစားတော့ဘဲ တခြားဟာလေးတွေ ပြောင်းစား ဖြစ်တယ်။ မုယောထောင်း၊ ယမ်ယမ်ထောင်း၊ ရှောက်သီးထောင်း၊ ပေါက်ဆီ ရှမ်းကော၊ ကြက်ဥလိပ်၊ အာလူးချောင်းကြော်တို့ စား ဖြစ်ပါတယ်။ အရသာတွေ အားလုံးကတော့ ကိုယ်တွေ အကြိုက်ပါပဲ။ ဒါပေမယ့် ကျနော်ကတော့ ဒီနေ့ အဖို့ ကြက်ဥလိပ်နဲ့ အာလူးကြော်ကို ပိုပြီး သဘောကျ မိပါတယ်။ အာလူးကြော် နှစ်ပွဲတောင် မှာစား ခဲ့ကြပါတယ်။

ဆိုင် ပြင်လိုက်ပြီးမှ အရသာတွေက ပိုကောင်း လာသလိုပါပဲ။ အဲ့လို ပြောရင် 'မကြာ'ကတော့ စိတ်ဆိုးမလားပဲ။ ဘာလဲ အရင်က လက်ရာတွေက မကောင်းဘူးလားပေါ့။ မဟုတ်ပါဘူး အရင်ကလည်း ကောင်းပါတယ်။ ခုက အရင်ထက်ကို ပိုကောင်းသွားတာပေါ့။

အထောင်း ကတော့ ကိုယ်စားနိုင်နဲ့ အစပ်၊ အချဥ်ပေါ် မူတည်ပြီး နှစ်သက်သလို မှာယူ စားသုံးလို့ ရပါတယ်။ ကျနော်တို့ သူငယ်ချင်း တစုကတော့ အနေတော် လောက်ပဲ ပေါ့။ အစပ် မစားနိုင်ကြလို့ပါ။ အစပ် အနေတော်လေး စားတာတောင် ကိုယ်တွေက ချွေးတွေစို့လာရော။ အထောင်း နှစ်သက်သူတွေအဖို့ သွားစား ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဆိုင်ရှင် အမက သဘောလည်းကောင်းပြီး စေတနာလည်း ပါပါတယ်။

အထောင်း အပြင် အအေးတွေ ဘာတွေလည်း ရပါတယ်။ ကျနော်တို့ကတော့ ရေနွေကြမ်းနဲ့ပဲ မြည်းခဲ့ကြပါတယ်။ မိုးအေးအေး၊ ချဥ်ချဥ်စပ်စပ် အထောင်းလေးကို ရေနွေးကြမ်းတဲ့ တီး။ စားရင်း စပ်လာရင် ကြက်ဥလိပ်လေး စားပြီးဖြေ။ ဂွတ်လို့။ နောက်ရက်မှ အကင်တွေ သွားစား ကြည့်ပါဦးမယ်။

(ဒီကြားထဲ အကြောင်း အမျိုးမျိုးကြောင့် Review ပိုစ့်လေးတွေ မတင်ဖြစ်တဲ့ အတွက်လည်း တောင်းပန်ပါတယ်။ ခုနောက်ပိုင်းမှာတော့ အရင်လို တပတ် တဆိုင်၊ တပိုစ့် ရေးနိုင်ဖို့ ပြန်ကြိုးစားပါဦးမည်။ ကုန်ကြမ်း ပစ္စည်း ဝယ်ယူ အားပေးကြတဲ့ မိတ်ဆွေတွေကိုရော၊ ပိုစ့်လေးတွေကို ဖတ်ရှုအားပေးကြတဲ့ အစားအသောက် ချစ်သူများကိုရော တခုတ်တရနဲ့ ကျေးဇူးတင်ရပါ၏။)

ဆိုင်လိပ်စာ

မြို့လယ်ဓမ္မာရုံ ဘေးကပ်ရပ်၊ (ဓမ္မာရုံဘေး လမ်းကြားလေးကနေ ဝင်သွားရုံပါပဲ၊ အိမ်မှာပဲ ဆိုင်ကို ဖွင့်ထားတာပါ) ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ လမ်းမတော် ရပ်ကွက်၊ တောင်ကြီးမြို့။

ဆိုင်ဖွင့်ချိန်

မနက် (၁၁) နာရီမှ ည (၈) နာရီ ထိ

#FoodMyChoice
#KyarKyar
#PhyoeBakerySupply

Sort:  

As a guest curator for @ecency I decided to accept your boost because the pictures are of a good quality and the dishes look yumy!

Thanks 😊

Yay! 🤗
Your content has been boosted with Ecency Points, by @foodmychoice.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

@donjaun, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @foodmychoice gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

!hiqvote

ရှယ်ပဲပေါ့...!LUV !MEME

ဟုတ်
စားကောင်းတယ် ဗျ

@foodmychoice, @uthantzin(3/10) sent you LUV. | tools | discord | community | HiveWiki | NFT | <>< daily

Made with by crrdlx