မင်္ဂလာပါ။
မျက်လုံးများအရှင် မျက်လုံးများသခင် မျက်လုံးများစွာရှိတဲ့ လိပ်ပြာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မျက်လုံးများစွာ ရှိနေတော့ လိပ်ပြာလေးတွေက မျက်စိလျှင်ပါတယ်။
ဒီတော့ လိပ်ပြာလေးတွေကို အရှင်ဖမ်းမိဖို့ မလွယ်ကူပါဘူး။
ဖမ်းဖို့ မလွယ်ကူသလို Phone camera ဖြင့် ချိန်ရွယ်ရတာတောင် လိပ်ပြာလေးတွေက အငြိမ်မနေတော့ ပုံလှလှလေး ရိုက်ယူဖို့ မလွယ်လှပါဘူး။
သို့ပေမယ့် ကျွန်တော်ကလည်း လိပ်ပြာပုံရအောင် ကြိုးစားရိုက်ယူခဲ့ပါတယ်။
ဒီမှာ ပို့စ်တင်ချင်တော့လည်း ကုန်ကြမ်းရှာရတာပေါ့လေ။
ဒီနေ့ ဖော်ပြလိုက်တဲ့ လိပ်ပြာလေးနှစ်ကောင်က လေမှာ ပျံဝဲနေတဲ့ ဖြူနက်ကြားလိပ်ပြာလေး နှင့် မြက်ပင်တွေပေါ် နားနေတဲ့ လိမ္မော်နက်ကြားလိပ်ပြာလေးပါ။
4G network မရရှိတဲ့နေရာ ရောက်နေတော့ နေ့စဉ် ပို့စ်မတင်နိုင်သကဲ့သို့ အပ်ဗုတ်တွေလည်း မှန်မှန်မပေးနိုင်ပါဘူး။
ဒီကာလမှာ ဒီအဖွဲ့အစည်းနှင့် အဆက်အသွယ်မပြတ်စေဖို့ ဖြစ်သလိုရသလိုလေး တင်ပြလိုက်ရပါတယ်။
မိတ်ဆွေများ လွတ်လပ်ပျော်ပါးစွာ ကျန်းမာ ချမ်းသာကြပါစေ။