မနေ့က ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း အိမ်တစ်အိမ်ဘေးမှာ ကြက်တစ်အုပ်ကို မြင်တော့ ဓာတ်ပုံရိုက်ယူလိုက်တယ်။
ဒါက အိမ်မွေးကြက်တွေ ။
ကျေးလက်ဒေသမှာ ရွာဓလေ့ ကြက်မွေးမြူရေး လုပ်ကြပါတယ်။
စီးပွားဖြစ် ရောင်စားဖို့တော့ မဟုတ်ဘူးပေါ့။
အိမ်မှာ ဟင်းစား လိုရင် ချက်စားဖို့ပဲ။
ဗုဒ္ဓဘာသာတွေ ဆိုပေမယ့်လည်း ဟင်းစား အတွက်တော့ လုပ်ကြတာပါပဲလေ။
အချို့လည်း ရောင်းစားကြရပါတယ်။
အိမ်မွေးကြက်ဥ ကိုတော့ စားကြတာ နည်းပါတယ်။
အိမ်မွေးကြက်ဥ ကို အာဟာရအားအင် ပြည့်ဝစွာ ရတယ်ဆိုပြီး လူကြိုက်များပေမယ့် ကြက်ကောင်ပေါက်လေးတွေ ရဖို့အတွက် သိပ်မစားကြတာပါ။
ကျွန်တော်လည်း အိမ်ကြက်၏ အသားရော ဥရော ကြိုက်လှပါတယ်။
သို့ပေမယ့် အိမ်မွေးကြက် နှင့် ဥ က စားရခဲပါတယ်။
ကြက်ဥ က ဝယ်ယူဖို့ ခက်ခဲသလို ကြက်သား အတွက်ကလည်း စားချင်ရင် သတ်ခိုင်းရတာ ဆိုတော့ အိမ်ကြက်သား စားရခဲတာပါ။
အဲ တွေ့ရာမြင်ရာ ကြက်အုပ်ကို ကြည့်ရင်း စားဖို့ အကြောင်း တွေးမိသွားတယ်။
ဗုဒ္ဓဘာသာ အလိုအရ ငရဲများ ကြီးဦးမလား။
တတ်နိုင်ပါဘူးလေ။
စိတ်ဖြစ်စဉ်ဟာပဲကိုနော။