ပူနွေးစိုစွတ်တဲ့ ရာသီပါပဲ။
မိုးရွာတော့ မြေပြင်မှာ ရေဝပ် ရွံ့တွေထတဲ့ ကာလပေါ့။
မိုးမရွာလျှင် ပူအိုက်ပြီး ချွေးပြိုက်ပြိုက်ထွက်ရတဲ့ ဥတုလေ။
ဒီလို ခံစားချက်မျိုးက မိုးရာသီအလယ်မှာ ခံစားရလေ့ရှိတာပါပဲ။
ပူနွေးစိုစွတ်တော့ စိုထိုင်းမှု မှတဆင့် မှိုတွေ ပေါက်တတ်ပါတယ်။
သစ်ဆွေး မြေဆွေးတွေ ရှိရာ နေရာတွေဆို 🍄မှို ပေါက်တတ်တာ ဒီရာသီ၏ သဘာဝပါ။
အိမ်ခြံစည်းရိုး အနားမှာ မှိုတစ်ပွင့် တွေ့မြင်ခဲ့ရတယ်။
မှိုတစ်ပွင့်သာ ဆိုတယ်၊ ဒီမှို က ပွင့်အာတာမျိုး မရှိဘူး။
အငုံပုံစံလေးနေတတ်တာပါ။
ဒီ ပုံ ထဲက မှိုပင်လေးကို သင်တို့ ဘယ်လို ခေါ်ကြလဲ။
ကျွန်တော်ကတော့ မှိုကြက်တောင် ဟု ခေါ်ပါတယ်။
မှန်ပါသလား။
ဒီ မှို က စားလို့ရတယ်နော်။
ကျွန်တော် ငယ်ငယ်ကဆို ဒီမှိုကို မီးဖုတ်ပြီး စားဖူးတယ်။
ဒီမှို က ကွင်းပြင်မှာ ပေါက်တတ်တဲ့ မှို အမျိုးအစား တစ်ခုပါပဲ။