ခေတ်ကာလ က ဟိုရှေးရှေးတုန်းကလို တောထဲမှာ တိရိစ္ဆာန်တွေ မပေါများတော့ပါဘူး။
ဘေးမဲ့တောတွေ အမည်တပ်ထားပေမယ့် လူတွေက မဆင်ခြင်ကြတော့ သားကောင်ကြီးတွေ လျော့ပါး ရှားပါးလာခဲ့ပြီ။
တိရိစ္ဆာန် ဥယျာဉ်တွေမှာလည်း သားရိုင်းတိရိစ္ဆာန်တွေ မဆိုထားနဲ့ အခြား သတ္တဝါတွေတောင် နည်းပါးနေပါပြီ။
ခုခေတ်တော့ ကလေးသူငယ်တွေကို တောတွင်းနေ သတ္တဝါတွေကို တိရိစ္ဆာန် ဥယျာဉ်တွေမှာ သွားရောက်ပြသတာ ထက် အရုပ်တွေကိုပဲ ပြသနေကြတာ များနေပြီ ထင်ပါတယ်။
အိမ်မှာ ကစားစရာ အရုပ် အဖြစ် ပလပ်စတစ် ကော် အရုပ်တွေကလည်း မျိုးစုံ ရနိုင်နေပြီ မဟုတ်လား။
ကျွန်တော်တို့ ငယ်ငယ်တုန်းကလို မိဘတွေက ရွှံ့ရုပ်တွေ ဘုပ်မပေးရတော့ဘူးလေ။
ဟော ခုခေတ်တော့ သားရိုင်း တောကောင် အစစ်အမှန်တွေ နေရာမှာ အရုပ်ကြီးတွေ အစားထိုးလို့ အလည်အပတ်သွားလာနေသူတွေ အမှတ်တရ ဓာတ်ပုံ ရိုက်ယူနေကြပြီပဲ။
ဈေးကွက်စီးပွားရေး အရ လုပ်ငန်းရှင်တွေကလည်း သူတို့၏ စားသောက်ဆိုင်၊ ကစားကွင်း၊ အပန်းဖြေနေရာတွေမှာ အရုပ်ကြီးတွေနဲ့ အလှဆင်ထားကြတယ်လေ။
ဒီတော့ လူတွေကလည်း သွားရောက်လည်ပတ်ကြကာ အမှတ်တရ ဓာတ်ပုံရိုက်ကြတော့တာပါပဲ။
သူ့ခေတ်သူ့အခါ အရပေါ့လေ။