ဟက်ပီးနယူးရီးယားဟု အော်သံများက
နည်းပါးသွားသည်။ ထိုအတူ နှစ်သစ်ကူးညမှာ
ဗျောက်ဖောက်သံများလည်း နည်းပါးသည်။
တနှစ်ထက် တနှစ် ထိုအသံများကြားရမှုက
တိုး၍သွားသည်။ 2024 ခုနှစ်သည် ကုန်ဆုံး
သွားသည်။ ကုန်ဆုံးသွားသောနှစ်များအနက်
သုံးနှစ်ကျော် လေးနှစ်သည်က ကိုယ်တွေဘဝ
အတွက် ခက်ခဲစွာကုန်ဆုံးခဲ့သည်။
ကုန်ဆုံးသော ပြီးဆုံးသွားသော အချိန်များကို
ထားခဲ့ပါ။ လာမည့်အချိန်များကို တန်ဘိုးရှိစွာ
ဖြတ်သန်းဖို့ အားမွေးပါ။ ပြီးခဲ့သော နှစ်များကို
ကုန်ဆုံးစေဖို့ အားပေးခဲ့မှုမှာ Hive Platform
က ကိုယ်တွေ၏ အမှတ်တရ တခုဖြစ်သည်။
ကိုယ်တွေရဲ့ မိတ်ဆွေလည်းဖြစ်သည်။
လာမည့် 2025 ခုနှစ်ကို မည်သို့ဖြတ်ကျော်
ရမည်ဆိုသည်ကို Hive Platform နှင့်
ရှာဖွေရပေမည်။
Image Credit.
2025 ခုနှစ်သည် ထူးခြားသော အပြောင်းအလဲ
များဖြစ်မည်ဟု ခန့်မှန်းပြောဆိုကြသည်။
တချို့က 2025 ခုနှစ်သည် အောင်ပွဲ၏
အဆုံးအဖြတ်နှစ် တခုဖြစ်သည်ဟု ပြောကြသည်။
အမျိုးမျိုးအဖုံဖုံပြောဆိုကြသည်။ မည်သို့ပင်
ပြောကြစေမူ ငြိမ်းချမ်းသာယာသော
အခြေအနေအဖြစ်ရောက်ရှိဖို့ လူတိုင်း
အားသာငမ်းငမ်း၊ တမ်းတမ်းတတတ တောင့်တနေ
ကြသည်ကတော့ ဧကန်အမှန်ပင်ဖြစ်သည်။
အေးချမ်းသာယာသောမြေ၊ ငြိမ်းချမ်းသော
မြေကို လွမ်းမိ၊ တမ်းတမိကြသည်မှာ
ထိုအရာနှင့် ဆန့်ကျင့်ဝေးကွာနေသူမျာဖြစ်သည်။
ပြည်သာဖို့ ညီညာကြဖို့တော့ လိုသည်။
ညီညာဖို့ဆိုသည်က ကိုယ်တွေ လူမျိုးက
အတော်ကို၊ အင်မတန်ကို မည်သို့ရေးရမည်
မှန်းအသိအောင်ပင်။ စောစီစွာ ညီညာပါမူ
စောစီစွာ ပြည်သာပေမည်။
ဒီတော့ပေါ့လေ အားလုံးရဲ့တူညီသော
အချက်ကိုသာ ဦးစွာထား၍ ပြည်သာဖို့
ကြိုးစားပေးကြပါဟုသာ နှစ်ဦးမှာ
ဆန္ဒပြုရပါသည်။ 2025 ခုနှစ်မှာ
ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းနှင့်
မြန်မာပြည်သူ ပြည်သားအပေါင်း
စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။
2025 ခုနှစ်မှာ ကျွန်တော်တို့ရဲ့ Hive ဈေး
သည်လည်း အစိမ်းရောင်များဖြင့်
လှပစွာ တောက်ပ ပါစေဟု
ဆန္ဒများစွာ ပြုလိုက်ရပါသည်။
@htwegyi
January 3, 2025