ကျွန်တော်နှင့် Exchange account များ။

in #hive-1221332 days ago

ကျွန်တော့်မှာလည်း Binance နှင့် ရွာလည်
ဆိုသလို ခုထိ Binance အကောင့်ထဲ ဝင်မရသေးပေ။
ဟိုယခင်က ဝင်ရသည်။ ထိုစဉ်က Binance
ကိုဝင်စဉ် Email တခုသာတောင်းခံသည်။
ထိုကြောင့် Email ကုတ်တခုထဲ တောင်းသဖြင့်
အလွယ်တကူ ဝင်ရသည်။ ယခုအခါ Binance
ထံဝင်ရန် Authenticator and Email Codes
နှစ်ခုတောင်းခံထားသဖြင့် Binance ထံ ဝင်မရ
ဖြစ်နေသည်။

ထို Authenticator ကုတ်ကို မရ ရအောင်
ထည့်မည်ဟု စိတ်ဆုံးဖြတ်ထား၍ ကြိုးစား
ကြည့်သည်။ အကြိမ်ကြိမ် အခါခါရှုံးလည်း
ဇွဲမလျော့လိုက်ပါနဲ့ အချိန်တိုင်းကြိုးစားပြီး
ဝင်ကြည့်နေသည်။ နီနီ သီချင်းစားသားလို။
ယခုထိတော့ မရသေး။ သို့ပေသိ Authenticator
ကုတ်ကို ယူ၍ ဘရောင်စာရှိ Binance ထံပြန်သွား၍
ထဲ့ သည့်အခါ လက်ကတော့
သွက်လာသည်။ Authenticator ရဲ့ သူ့
အဝိုင်းလေးလည်၍ မပြည့်ခင် ကုတ်ကို
ထည့်နိုင်ခဲ့သည်။

သို့ပေသိ ထိုသို့ ကုတ်ထည့်နိုင်ပါသော်လည်း
အနှီး Binance က ဖွင့်မရပေ။ တနေ့ သုံးခါ
လေးခါခန့် နေ့စဉ် ကြိုးစားဖွင့်နေပါသည်။
မည်သည့်ကြောင့် ဖွင့်မရ ဖြစ်သည်ကို မသိတော့ပေ။
ဟိုယခင်ကတော့ ထို Authenticator ကုတ်ကို
Binance မှာ အဝိုင်းအချိန်မှီဖို့ မနည်းလိုက်
ထည့်နေရသည်။ သို့နှင့် ငွေထုတ် ရန် မရဖြစ်
နေခဲ့သည်။ ဟော့ ခု ကိုယ်တွေ လက်သွက်လာ
တော့ ဘာလိုအပ်၍လည်း မသိ ဖွင့်မရဖြစ်နေ
ပြန်သည်။

နောက်တခု XTM ရဲ့ Torun ဖြစ်သည်။
သူက တနေ့တခါ like ပေးပြီး သူရဲ့ ကွိုင်ကို
စုရသည်။ ကျွန်တော်က တနေ့ ခုနှစ်ခါ လိုက်
ပေးသည်။ သူကို ပုံမှန် ငါးကြိမ်သာ လိုက်ပေး
ယုံဖြင့် သူရဲ့ ကွိုင်ရသည်။ သူရဲ့ကွိုင်ကိုယူရန်
နှိပ်သည့် Mission က ယခုပျောက်နေသည်။
ဒီတော့ XTM ရဲ့ Torun ကို ဆက်နှိပ်ဖို့
အခက်အခဲဖြစ်နေသည်။ မိတ်ဆွေများတွင်
XTM ရဲ့ Torun နှိပ်သူရှိပါက ညွန်ကြား
ပြောကြားပေးသွားကြပါအုံး။


Credit Image.

Cryptocurrency လောကမှာ Exchange
တခုတော့ အကောင့်ဖွင့်ထားရပေမည်။
ကျွန်တော့်မှာ ဟိုယခင်က BTC account,
PayPal account and Perfect Money
Account များရှိခဲ့သည်။ ယခုတော့ ထိုအကောင့်
များကို မသုံးတာကြာသဖြင့် ပိတ်သိမ်းခြင်းခံ
ရသည်။ ယခုတော့ Binance အကောင့်လေး
တခုကိုဖြင့် ငွေသွင်း ငွေထုတ်ရအောင်
ကြိုးစား အားထုတ်နေရပါသည်။

@htwegyi
September 17, 2024

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻