ကြွပ်၊ ရွ၊ မွ၊ ခါး။

in #hive-1221332 months ago

အသီးမှာ သရက်
အရွက်မှာ လက်ဖက်
အသားမှာ ဝက်
အဲ့သဟာ သုံးခုလုံးကို ကြိုက်ပါသည်။
သရက်သီးမှည့်လေးများပါရင် ထမင်းစားရတာ
ပိုမြိန်သပေါ့။ အထူးသဖြင့် ကျွန်တော့် အမေ
သည် ထမင်းစားသည့်အခါ သရက်သီးမှည့်ပါရင်
အတော်စားသည်။ သရက်သီးမှည့် အစားကောင်း
သောအမေသည် စိန်တလုံးသရက်သီးကို
ပိုပြီးအစားကောင်း၍ ဆီချို၊ သွေးချိုဖြစ်ခဲ့သည်။

ဆီချို၊ သွေးချို မှ လှုပ်ရှားမှု နည်းပါး၍ လေဖြန်းသည့်အထိဖြစ်သည်။ အစားအသောက်ကို
မက်သော အမေသည် ဆေးသောက်ရာမှာတော့
အင်မတန်ကြောက်သူဖြစ်သည်။ အချို၊
အဆိမ့် ကြိုက်သော အမေသည် သွားမရှိပေသိ
အံကပ်ပြုလုပ်ထားသည်။ ထို‌အံကပ် သွားတုဖြင့်
လက်ဖက်ပဲကြော်များကို ဝါးစားသည်။
ဘူးသီးကြော်ကြွပ်ကြွပ်လေးဆို အမေက
ပိုကြိုက်သည်။

အမေက သူ့သွားတုဖြင့် အကြွပ်မှန်သမျှ ဝါး
သည်။ အားလူးကြော်၊ ပဲကပ်ကြော်နှင့် အကြွပ်ကြော်မှန်သမျှကို
အမေကကြိုက်သည်။ ယနေ့မှာလည်း
ခြံ ဘေးရှိ မြင်းခွါရွက်များကို ခူးခိုင်းသည်။
မြင်ခွါရွက်ကြော်ခိုင်းသည်။ ဆန်လက်တဆုပ်ကို
ထောင်းခိုင်းသည်။ အကြော်မှုန့် တထုပ်သွား
ဝယ်ခိုင်းသည်။ အမေကတော့ လုပ်ပြီ
ဆီဈေးတက်နေပါတယ်ဆိုမှ မြင်းခွါရွက်ကြော်
စားမယ်ပေါ့ ဟု ကျွန်တော်က ပြောမိသည်။

အငယ်မက အမေစားချင်သည်ပြော၍
ဆန်မှုန့်ရရန် ဆန်ကို ငရုပ်ဆုံမှာထောင်သည်။
လမ်းထိပ်ရှိ ဈေးဆိုင်မှာ အကြော်မှုန့်ထုပ်သွားဝယ်
သည်။ မြင်းခွါရွက်ကို ကြွပ်ကြွပ်လေးကြော်ဟုလည်း
အမေက ပြောသည်။ ပျော့စိကြီးဆို ငါမစားဘူး
ဟုလည်းပြောပြန်သည်။ အမေက အိပ်ရာမှ
အိပ်ရင်း ဘာလုပ် ညာလုပ်ဟု အငယ်မကို
ညွှန်ကြားသည်။

ဆီဈေးတက်နေတာ အမေကတော့
လုပ်ချလိုက်ပြန်ပြီဟု ကျွန်တော်ကပြောသောအခါ။

"ဟဲ့ တနေ့က ဦးဇင်းကျောင်းက ပြန်လာတုန်းက
ငါ့ကို ဆီတပုလင်းပေးလိုက်တယ်လေ။
အဲ့ ဆီနဲ့ကြော်စားမှာပေါ့"

အမေ၏ပြောစကား အဆုံးတွင် အပြင်မှာ
ပြန်လာသော ကျွန်တော့်အကိုက

"ဘာတွေလုပ်နေတာလဲ၊ မြင်းခွါရွက်ကြော်မှာလား
ဒါဆို သုံးပန်လှရွက်လေးရော ကြော်လိုက်လေ"

ဟုပြောကာ သုံးပန်လှရွက်များခူလာပြန်လေသည်။
သိုနှင့် မြင်ခွါရွက်နှင့် သုံးပန်လှရွက်ကြော်များကို
စတင်ကြော်ကြလေသည်။ ခဏနေရင် အကြော်
ကြော်ပြီးသားများကို ဓာတ်ပုံရိုက်ပြပါအုံးမည်။
ခုတော့ အငယ်မ အကြော် ကြော်သည်ကို
စောင့်လိုက်ပါအုံးမည်။

ရပါပြီဗျာ အကြော်စုံ ပူပူလေး။
အဲ မဟုတ်ဖူးဗျို့
မြင်းခွါရွက်ကြော်နဲ့ သုံးပန်လှကြော် ကြွပ်ကြွပ်
ရွရွတူးတူးလေးတွေ။ စားလိုက်တော့ လျှာပေါ်မှာ
ကြွပ် ရွ မွသွားကာ ခါးသက်သက်လေးပေါ့နော်
အရသာက အဲ့သလိုမျိုးပါ လို့။

@htwegyi
July 24, 2024

Sort:  

ရသာစုံပေါ့။
!lolz
!hug

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @walarhein.
(1/3)

အရသာက အရွက်ဆိုတော့ အတူတူပဲ။

Show me a piano falling down a mineshaft...
And I'll show you A-flat minor.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of walarhein

(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Ein Cowboy geht in den Friseursalon
Kommt wieder raus - Pony weg.

Credit: vasupi
@htwegyi, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
.(4/8)