Hive သည်က သုံးဆယ်ငါးပြားအထက်သို့
ခဏတက်သွားသည်။ Hive နှင့် HBD ကို
ကျွန်တော်ကTrade လုပ်ကြည့်နေခြင်း
ဖြစ်သည်။ Binance မှာ Trade လုပ်ပါမူ
Fee ခနှင့် ကိုယ့်အတွက် အမြတ်မကျန်ပေ။
ကိုဟင်နရီအောင် ပြောထားသည့်အတိုင်း
Trade လုပ်ဖို့ လေ့လာချင်ပါက Hive နှင့်
HBD ကို အရင်ဦးစွာ လုပ်ဆောင်ပါဟု ပြော
ထားသည်။
ထိုကြောင့် ကျွန်တော်သည် Hive နှင့် HBD ကို
Trade ကြည့်ကာ ကလိနေမိသည်။ CoinMarketcap
ရှိ Hive ဈေးကို တနေ့
သုံးလေးကြိမ်မက သွားကြည့်နေမိသည်။
ယခင်က တနေ့တခါကြည့်ဖို့ပင် သတိမရသော
CoinMarketcap သို့ ယခုအခါ အကြိမ်ကြိမ်
ကြည့်နေမိသည်။ အင်း လောဘသားဆိုတော့လည်း
ကိုယ် လက်ဝယ် Hive ရှိနေပါမူ Hive ဈေး
တက်စေချင်သည်။ လက်ဝယ်မရှိသောအခါ
Hive ဈေးကျစေချင်သည်။
ကျွန်တော်က Hive နှင့် HBD ကို ဟိုက်ဈေး
အတက်အကျပေါ်မူတည်၍ အရောင်းအဝယ်
လုပ်ကြည့်သည်။ Hive အနည်းငယ်ကို ဈေးကျ
သည့်အခါ HBD သို့ပြောင်းသည်။ ဟိုက်ဈေး
တက်သည့်အခါ HBD မှ Hive သို့ ပြန်ပြောင်း
သည်။ တခါတရံ ကိုယ်ဟာကို မျက်စိလည်နေ
တတ်သည်။ အဲ့သလို အရောင်းအဝယ် ကျွမ်းကျင်
သူတဦးပါလေ။
မနေ့က Hive ဈေးသုံးဆယ့်နှစ်ပြား
မှာ အသည်းအသန် Hive မှ HBD သို့လှဲယ်ခဲ့
သည်။ ယနေ့မှာ သုံးဆယ့်ငါးပြားဖြစ်နေသည့်အခါ
လူ့လောဘက ငုပ်နေရာမှ ဘွားကနဲ့ ပေါ်လာသည်။
လောဘသည်က ကိုယ့်ကိုကိုယ် မရှိဟု လိမ်ညာ
ဟန်ဆောင်ပါသော်လည်း တကယ်တမ်းမှာတော့
အသာလေးငုပ်လျှိုနေခြင်းဖြစ်သည်။
Hive မှ HBD သို့လှဲယ်ခြင်းအတွက် အမြတ်
HBD 0.4ပြား မြတ်သည်။ သုံးဆယ့်ငါးပြား
ဈေးမှာ လဲလှယ်ရပါမူ ပို၍ ရပေမည်ဟူသော
လောဘစိတ်ကလေးက ပြူးတစ်ပြူးတစ်နှင့်
ခေါင်းကလေးထွက်ပြနေမိသည်။ တပ်မက်ခင်မင်
တဏှာအစုလေးကို သမုဒယဟုခေါ်သည်။
Hive ဟူသော တပ်မက်မှုအတွက်
သမုဒယ ဟိုက်ဟု ခေါ်ရပေအုံးမည်။
@htwegyi
February 16, 2025