အေးခဲ ညများ

in #hive-12213311 months ago

  • This photo take by myself

အရင်လို ရန်ကုန် မြို့ပြက မစည်းကားတော့။ ည ( ၉ : ၀၀ ) ကျော်လျှင် လမ်းမထက်မှာ ကားများ နှင့် လူများ သိပ် မရှိတော့ပါ။ ( ယခုတိုင် Down Town များ၏ နေရာ တစ်ချို့တွင်သာ စည်ကား ပါတော့တယ် )။ ကျွန်တော်တို့လို မြို့ပြင်တွင် နေထိုင်ကြသူများသည် ည ( ၇ : ၃၀ ) နောက်ဆုံးထားပြီး ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်း တို့ကနေ Bus ကားများကို စီးကြရပါတယ်။ ဒီထက်ပိုပြီး နောက်ကျလျှင် ကားများ မရှိတော့။ Taxi ကားသမားများလည်း မလိုက်ချင် ကြတော့။

ဒီထက် နောက်ကျလျှင် လမ်းမများပေါ်တွင် လူမရှိကြတော့။ ညပျော် လေးများ မှတ်တစ်တစ်ချို့တွင် တစ်ယောက်စ နှစ်ယောက်စက လွဲလျှင် မရှိလေတော့။ ရန်ကုန် မြို့ပြ၏ Night Life များသည် အရင်လို မဟုတ် အေးခဲ တောင့်တင်းလျှက်။

ယခင်ကဆိုလျှင် ကျွန်တော်သည် နေထိုင်ရာသို့ ည ( ၉ : ၀၀ ) လောက်မှသာ ပြန်ဖြစ်ပါသည်။ ( ၂၀၁၉ ခုနှစ် အစောပိုင်း ကာလများတွင် ရန်ကုန် မြို့ပြ ညများသည် အလွန်ကို တက်ကြွလှသည့် ဆယ်ကျော်သက် မိန်းမပျိုလေး အလား )။ ည ၉:၀၀ နာရီလောက်အထိ ကားများ ရှိနေဆဲ။ သွားလာဆဲ။

ခုများတော့ မြို့ထဲကနေ အိမ်ပြန်ဖို့ အတွက် ကားများ ရှိပါလိမ့်အုံး မလားဟူ၍ တွေးပြီး စိတ်ပူရသည့် နေ့များက အလွန် များလာ ခဲ့ပါတယ်။ ရသမျှ ကားကို တွယ်ကပ် စီးရင် ရင်မောရသည့် နေ့ရက်များက မရေတွက်နိုင်လောက်အောင် ရှိနေခဲ့ပါတယ်။ ကားများသည်လည်း အရင်လို မအေးတော့။ ကားသမားများ သည်လည်း အရင်လို မပျူဌာတော့။ ကားများသည်လည်း အရင်လို မပေါတော့။

တစ်ခါတစ်လေ ကျွန်တော် တွေးမိတယ်။ ကျွန်တော်ဘာလို့ ဒီနေရာ ဒီဒေသကို ဘာလို့ တွယ်ကပ် နေမိမှန်း မသိ။ ထွက်ခွာ သွားဖို့ အခွင့်အရေးတွေ ရှိနေခဲ့လျှင်တောင် ကျွန်တော်၏ လွန်ဆွဲသည့် ဒီစိတ်ကြောင့် ဒီနေရာကို မစွန့်ချင်။

ကျွန်တော် အေးခဲညများကို အသားကျအောင် မစွမ်းဆောင်နိုင်။ ဒါပင်မဲ့ ထိုအေးခဲ ညများက ကျွန်တော်ကို တွေးဖို့ ရေးဖို့ ကုန်ကြမ်းတွေ ပေးနေလေသည်။ ကျွန်တော်သည် ပူလောင်လှသည့် ထို အေးခဲ ညများကို ရင်ဆိုင်ရင်း........

@johndieo
30.10.2023

Sort:  

!lolz

How do you genetically modify ducks?
Dump coca cola in the lake, because its quacktacular!!!!

Credit: reddit
@johndieo, I sent you an $LOLZ on behalf of golden.future

(1/10)

PLAY & EARN $DOOM

!pizza

ပျော်ရမှာ မနေရ၊ တော်ရာမှာ နေရတယ် ဆိုတာ ဒါမျိုးကို ခေါ်တာထင်တယ် !PGM !LOLZ

I went to the doctor the other day and he said you’ve got hypochondria.
I said oh god not that as well!

Credit: reddit
@johndieo, I sent you an $LOLZ on behalf of ansoe

(1/8)
ENTER @WIN.HIVE'S DAILY DRAW AND WIN HIVE!

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP tokens

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444