Next Level

in #hive-1221332 years ago

အလုပ်တစ်ခု လုပ်ရသည်မှာ လွယ်ကူသည့် အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့လို သာမာန်လူတွေ အနေဖြင့် အတော်လေး ခက်ခဲကြပါတယ်။ ကျွန်တော်သည် ဒီဆိုင်လေးကို ဖွင့်ခဲ့သည်မှာ ယခုဆိုလျှင် ရှစ်လ ဝန်းကျင်ခန့် ရှိပါပြီ။

ကနဦး ဆိုင်စဖွင့်ချိန်မှာ အောက်ခြေက အလုပ်တွေကိုပါ ကိုယ်တိုင် လုပ်ခဲ့ပါတယ် ( ယခုအချိန်ထိ လုပ်နေရတုံးပါ။ ကိုယ်တိုင် ဈေးပတ်၊ တစ်ချို့ စိတ်မရှည်သည့် အခါတွင် ကိုယ်တိုင် ကုန်ထမ်း၊ ကိုယ်တိုင် စာရင်းစစ် စသည့် အလုပ်တွေကို လုပ်ရပါတယ်)။ ကိစ္စတစ်ခုကို ကိုယ်တိုင် သိမှ တစ်ခြားသူကို ပြန်ခိုင်း နိုင်မှာ မလား။

ဆိုင်တစ်ဆိုင် ဆိုတာက အမြဲ မြတ်နေတာတော့ မဟုတ်ပါဘူး။ ကုန်ဈေးနှုန်း အတက်/အကျ နှင့် ပျက်စီးမှု တစ်ချို့ ရှိနိုင်သောကြောင့် တစ်ခါတစ်လေ အရှံးနှင့် တွေ့ဆုံရတက်ပါတယ်။

ခုနောက်ပိုင်းတွင်တော့ နောက်ထက် ခြေလှမ်းတစ်ခု စတင်နေပါတယ်။ ဒါကတော့ online ကနေ ပစ္စည်းဝယ်ယူနိုင်ဖို့ အစီအစဥ် စနေတာပါ။ ဒီနေရာမှာ စိန်ခေါ်မှု များစွာက ရှိနေပါသေးတယ်။ လက်တစ်လော အခြေအနေတွင် deli မပို့နိုင်သေးဘဲ order တင်ပြီး ဆိုင်မှာ လာယူလို့ရပါတယ်။

ရလဒ်ကတော့ ဆိုင်မှာ တန်းစီ၍ စောင့်ဆိုင်းနေစရာ မလိုဘဲ မြန်မြန်ဆန်ဆန် ပြီးသွားတာပါ။ ကျွန်တော်တို့ အတွက်လည်း အချိန်ပိုထွက်လာတာပေါ့။ နောက်တစ်ခုက ဈေးဝယ်သူတွေအတွက် ပိုဆိုအဆင်ပြေစေမည့် နည်းလမ်းတစ်ခုပါ။

လက်တစ်လောတွင် Viber ကနေ channel တစ်ခုဖွင့်ထားပြီးဂနေ့စဥ် update ဈေးနှုန်းများ တင်ပေးနေခြင်းကို လုပ်ဆောင်ပေးနေပါတယ်။ နောက်ပိုင်းမှာတော့ deli ပို့ဆောင်ပေးခြင်း ကိစ္စကိုပါ ထပ်တိုးသွားနိုင်ဖို့ အစီအစဥ် ရှိနေပါတယ်။

ကျွန်တော်အနေဖြင့် ဒီဆိုင်ကို ဘယ်လောက်ကြာကြာ ဆက်ဖွင့်ဖြစ်မလဲ ဆိုတာ မသေချာ ပါဘူး။ ဒါပင်မဲ့ ကျွန်တော် လုပ်ဆောင်ချိန်မှာတော့ အကောင်းဆုံး ကြိုးစားသွားရပါအုံးမည်။

@johndieo
2.11.2022

Sort:  

!hiqvote !lol !pizza

!Pizza

Loading...

Congratulations @johndieo! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 6000 upvotes.
Your next target is to reach 7000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Take the Keychain Survey and get your Future Shaper badge
Hive Power Up Month Challenge 2022-10 - Winners List
Be ready for the 11th edition of the Hive Power Up Month!
Support the HiveBuzz project. Vote for our proposal!