မင်္ဂလာပါ။ ဟိုယခင်က ကျွန်တော် ပြောခဲ့သည့် အတိုင်း Hive ဈေး ပြား၅၀ ခန့်ရောက်လာလျင် Post များ အတွက် ကျပ်မပြည့် သောကြောင့် စိတ်ဓါတ်များ ကျချင်ချင် ဖြစ်လာပါတော့သည်။
သို့သော် ကိုယ့်ကိုကိုယ် အားတင်းကာ တရက်လျင် post တခုမျှ တော့ရအောင် တင်ရမည်ဟု အားတင်းထားရပါသည်။ သည်ကြားထဲ လျပ်စစ် မီးကလည်းတမောင့်။ ရှိစေတော့ Cryptocurrency အကြောင်းသာ ဆက်ကြပါစို့။
Cryptocurrency အားလုံးနီးပါးအား အဓိက မောင်းနှင်နေသော အရာမှာ BTC ဖြစ်ကြောင်း မိတ်ဆွေတို့ အားလုံး အသိဖြစ်ပါသည်။ BTC သည် စတင်ထွက်ပေါ်လာပြီးနောက် ၁၀ စုနှစ်တခုအကြာတွင် ယခုကဲ့သို့ ငွေကြေးတရပ် အဖြစ်အောင်မြင်လာခြင်းမှာ လူအများက Storage Value ရှိသော ( တနည်းအားဖြင့် စုထားလျင် အချိန်ကြာလာသည်နှင့်အမျှ တန်ဖိုးရှိလာသော ) အရာဟူ၍ ယုံကြည်ကြသော ကြောင့် ဖြစ်ပါသည်။
သာမန် အတွေးဖြင့် ကြည့်လျင်တော့ ထိတွေ့ကိုင်တွယ်၍ မရ ၊ အင်တာနက်ထဲတွင်သာ ကိနိးဂဏန်း တခုအဖြစ် တည်ရှိနေသော ဤ BTC ဟူသော အရာသည်တခု သည် ယနေ့ USD 30000$ မြန်မာငွေ သိန်း ၆၀၀ ခန့်တန်ကြေးရှိနေပါသည်ဟု ပြောပြလျင် မိတ်ဆွေအား ရူးနေသူဟု ဆိုကြပါလိမ့်မည်။ တကယ်လည်း မှန်ပါသည်။
ကျွန်တော်တို့ အနေဖြင့် ရာစုနှစ် ၃ ခုနီးပါး စက္ကူ ငွေကြေးဖြင့် အသားကျခဲ့ပြီး ဖြစ်ရာ လက်ဖြင့် ထိတွေ့ကိုင်တွယ်၍ မရသော ငွေကြေးအား ရုတ်တရက် လက်မခံနိုင်ဖြစ်ကြသည်မှာ သဘာဝကျပါသည်။ ထို့အပြင် BTC ဟုဆိုလိုက်သည်နှင့် သင်ကတော့ အလိမ်ခံရတော့မည်ဟု ထင်ရလောက်အောင် BTC ကလည်း နာမည် ဖျက်ခံခဲ့ရဘူးပါသည်။
ဥပမာ One Coin ဖြင့် ဘဝပျက်ခဲ့ကြရသူများ / Bitconnect ဖြင့် နာမည်ပျက်ခဲ့သူများ စသည်ဖြင့် BTC သည် အကြီးအကျယ် အမည်ဖျက်ခံခဲ့ရသောကြောင့် လူအများက ရုတ်တရက် လက်မခံရဲကြခြင်း ဖြစ်ပါသည်။
ထို့အပြင် လက်ရှိ Cryptocurrency လောကအတွင်းရှိ Projects အတော်များများ တွင် Referral စနစ်ကို ထည့်သွင်း အသုံပြုလျက်ရှိရာ Referral ဟုဆိုလိုက်သည်နှင့် Ponzi ကို မျက်လုံးထဲမြင်သွားကြသောကြောင့် လက်တွန့်သွားသူများလည်း ရှိပါသည်။
သို့သော်လည်း နည်းပညာ Blockchain နှင့် Cryptocurrency အား ခွဲခြားသိမြင်လာကြသူများ တဖြည်းဖြည်း များပြားလာသည့် အပြင် Cryptocurrency အား ငွေကြေးအသစ်တရပ် အဖြစ်လက်ခံလာကြသူများလည်း အများအပြား ရှိလာပြီ ဖြစ်ပါသည်။
လက်ရှိ အချိန်တွင် BTC အပါအဝင် Cryptocurrency အားလုံး၏ Market Cap မှာ ၂ ထီလီယံ ခန့်သာ ရှိသေးသည် ဖြစ်ရာ တကမ္ဘာလုံး အတိုင်းအတာ ဖြင့်ဆိုလျင် အင်မတန် မှ နည်းပါးသေးသော ပမာဏ ဖြစ်ပါသည်။ သို့သော်လည်း Cryptocurrency Market Cap သည် တနှစ်ထက် တနှစ်ပိုပို၍ များလာနေပါသည်။
ဤ BTC နှင့် Cryptocurrency တို့ ယခုထက် ပိုမို၍ အောင်မြင်ရန် အချက် တစ်ချက် လိုအပ်နေသေးသည်ဟု ပညာရှင်တို့က ဆိုပါသည်။ ထိုအချက်မှာ Bitcoin transition အား ကြားခံ Software တခု ဖြင့် ခွဲခြမ်းစိတ်ဖြာကာ Free လွှဲပေးနိုင်သော wallet တခုသာ လိုအပ်သည်ဟု ဆိုပါသည်။
ဆိုလိုသည်မှာ လက်ရှိပေါက်ဈေးဖြင့် Bitcoin အား 1$ ဖိုး / 2.50$ ဖိုး ပြား ၅၀ ဖိုး စသည်ဖြင့် BTC အား အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ကာ wallet တခု မှ တခု သို့ free ပေးပို့နိုင်ခြင်းကို ဆိုလိုပါသည်။ ဤ အဆင့်သို့ ရောက်သွားပြီ ဆိုလျင်တော့ ကျွန်တော်တို့ လက်ရှိ အသုံးပြုနေသော စက္ကူ ငွေကြေးသည် လုံးဝအဆုံးသတ်ချိန် သို့ ရောက်ရှိသွားကာ Bank များ မလိုအပ်သော အချိန်သို့ ရောက်လာမည် ဖြစ်ပါသည်။
လက်ရှိအချိန်တွင် BTC အပါအဝင် အခြားသော Cryptocurrency များ အတွက် Transition fee မှာ အတော်လေး များနေသည်ကို မိတ်ဆွေတို့ သိပြီး ဖြစ်ပါသည်။ဟုတ်ကဲ့ BTC အား ပြင်ပ ပေါက်ဈေးအတိုင်း 1$ / ပြား၅၀ ခန့်အထိ ခွဲခြမ်း စိတ်ဖြာ free ပေးပို့ရန် မှာ အတော်လေး မလွယ်ကူသော အနေအထား ဖြစ်ပါသည်။ သို့ သော် မဖြစ်နိုင်ဘူးလားဆိုတော့ ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သော Software အားမည်သူ ရေးနိုင်မည်ဆိုသည်သာ စောင့်ကြည့်ရမည် ဖြစ်ပါသည်။
လက်ရှိ Blockchain wallet များထဲတွင် wallet to wallet free ပေးပို့နိုင်သော Blockchain မှာ အဘယ်နေရာတွင် ရှာတွေ့နိုင်သနည်း။ လက်ရှိ မိတ်ဆွေ ဤ ဆောင်းပါးအား ဖတ်နေသော Hive Blockchain wallet သာ ရှိပါသေးသည်။ ကြာချိန် ၃ စက္ကန့် / transition fee free ဖြစ်ပါသည်။
မိတ်ဆွေ အနေဖြင့် Steemit လည်းရှိပါသေးသည်ဟု စောဒက တက်နိုင်ပါသည်။ သို့သော် Steemit သည် Community နှင့် Run နေသော Blockchain မဟုတ်ပါ။ တစုံတယောက်၏ အားလုံးစုံ ထိန်းချုပ်ခံနေရသော Blockchain ဖြစ်ပါသည်။
အကယ်၍ Hive Blockchain မှ ငွေကြေးဖြစ်သော HBD သည် USD 1$ တွင် အမြဲတမ်း ထိန်းထားနိုင်သည် / Market အတွင်း၌ လည်ပတ်ရန် HBD ဒေါ်လာ ဘီလီယံ ၅၀ ခန့်ရှိသည်ဆိုလျင်ဖြင့် Hive wallet သည် အတော်လေး ရေပန်းစားလာမည် ဖြစ်ပါသည်။
ဈေးကွက်လည်ပတ်ရန် အဘယ့်ကြောင့် ဤမျှ များပြားသော ပမာဏ လိုအပ်ပါသနည်း ဆိုသော် USD $ တွင် အစားထိုးလည် ပတ်ရမည် ဖြစ်သော ငွေကြေး ဖြစ်သည့် အပြင် ယခု အောင်မြင်နေသော USDT ၏ နေ့စဉ် ဈေးကွက် တွင် လည်ပတ်နိုင်သော ပမာဏ ( လက်ရှိအချိန်ထိ ထုတ်လုပ်ပြီး USDT coin ) ၇၅ ဘီလီယံ ရှိပါသည်။
သို့သော် HBD အနေဖြင့် USD $ နေရာတွင် အစားထိုးလည်ပတ်ရန် ထုတ်လုပ်ထားသော ပမာဏသည် သန်းဂဏန်းမျှသာ ရှိနေသေးသလို Coin Market Cap တွင် total supply ပြသနိုင်ခြင်း မရှိသေးပါ။ တနေ့နေ့ တချိန်ချိန်တော့ ဖြစ်လာပါလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
15/05/2022 - Sunday - 18;19 Pm