Hive Myanmar မှ အဖွဲ့သားများ အားလုံး မင်္ဂလာပါ။
အခုတလော Ecency က boot လုပ်ထားတဲ့ postတိုင်းလာမvote
တာတော်တော်လေးများနေပြီ သူလည်း အိပ်ပျော်နေတာလားမသိဘူး 25 ရက်လောက် ပျောက်နေတာ point တွေတာများများလာတယ်။ အဲဒါထားလိုက်ပါတော့ ကျွန်တော့်ရဲ့ အကြောင်းလေးတော့
ဆက်လက် တင်ဆက်ပါရစေ။
အခန်း(၂)
ကျွန်တော်တို့ အလုပ်သည် ၅ရက်လောက်နှင့်ပြီးပျက် ၍ လေယာဥ် အလာကို စောင့်ရင်းလည်ပတ်ကြည့်ရှုကြရန် တိုင်ပင်သည်။ လေယာဥ် သည် ထိုအချိန် က အင်္ဂါ နှင့် ကြာသပတေး နေ့များတွင် သာ လာတက်သည်။ ပထမဆုံး ရေခဲတောင် နှင့် ကောင်းမှုလုံ ဘုရားသွားရန် အဖွဲ့သားများအားလုံး တိုင်ပင် ကြသည်။မဒွယ်တောင်တန်းနှင့်ခါကာဘိုရာဇီ တခုသွားမည်ဟု တိုင်ပင်၍ အရင်ဆုံးစီစဥ် ကြသည်။ နတ်ရေကန် ရှိသည်ဟုလည်းကြားမိ၍ သွားခြင်ကြသည်။
ထိုအချိန်က လမ်းကြမ်းခြင်း မြေပြိုနေခြင်းများကြောင့် ဆိုဒ်တာဝန်ခံမှ အန္တရာယ်များ၍ ပြောသောကြောင့် ရေခဲတောင် မရောက်ဖြစ်ခဲ့ကြပါ။ ဒါနဲ့ ကောင်းမှုလုံစေတီတော် အားသွားရောက် ဖူးမျှော်ရန် လိုက်ပို့ကြသည်။ မူလာရှီဒီးမှ ကောင်းမှုလုံ ဘုရားသို့ ၂နာရီကျော်ကျော်လောက် မောင်းရမည်ထင်သည်။ ကျွန်တော်လည်း သိပ်မမှတ်မိ၍ ဖြစ်နေသည်။ ထိုအချိန်ထဲမှ ကားလမ်းပေါက်နေသည်။
တောင်ဆင်းတောင်တက်လမ်းများ၊တောလမ်းများ၊ရေလမ်းများကိုပါ ဖြတ်မောင်း၍ သွားရသည်။ ပျော်စရာတော့ အလွန်ပင် ကောင်းသည်။ ကိုယ်မရောက်ဘူးသည့် နေရာဒေသများ လည်းဖြစ်နေ၍ ပို၍ စိတ်ဝင်စားလှသည်။ ကောင်းမှုလုံ ကြိုးတံတားဖြတ်ပြီး ဘုရားသို့ရောက်ရှိကြသည်။
ထိုအချိန်တွင် တာဝန်ခံမှ ဖူးထိုက်လို့ ဖူးရသည်ဟုဆိုသည် ။ မေးမြန်းလိုက်သောအခါ အထက် ကောင်းမှုလုံ ၊ အလယ် ရွှေစည်းခုံ ၊ အောက် ရွှေတိဂုံ ဟူ ၍ ပြောသည်။ ထိုဘုရား ၃ဆူဟာ မြန်မာပြည် ၌ နေတာတောင် ဖူးရခဲတယ်လို့ ဆိုသည်။ ကျွန်တော်သည် ထိုအချိန်တွင် ရွှေစည်းခုံ ဘုရား အား မဖူးမြော်ရသေးပါ။
ဘုရားမှာ ရွှေစည်းခုံ ဘုရားကိုလည်း ဖူးမြော်ရပါစေလို့ ဆုတောင်းလိုက်တယ်။နောင် တစ်နှစ်ကျော် လောက်မှာ ဆုတောင်းပြည့်ခဲ့သည်။ ပိုက်ဆံလည်းမကုန် အလုပ်ကနေ သွားခဲ့ရတယ်။
ဒါနဲ့ ကျွန်တော်တို့အဖွဲ့ ကောင်းမှုလုံ ဘုရား ပေါ်တွင် ဓါတ်ပုံများရိုက်၍ လည်ပတ်ကြည့်ရှုကြသည်။ ဘုရားဘေးပတ်လည် တောင်တန်းများနှင့် ချောင်းများကိုလည်း မြင်တွေ့နိုင်သည်။
ထိုသို့လည်ပတ်ကြည့်ရှုပြီး ကျွန်တော်တို့ အဖွဲ့ ပြန်လာခဲ့ကြသည်။
မမေ့နိင်တဲ့ နေ့လေးတစ်ရက် အဖြစ် အမှတ်တရ ရှိနေဆဲပါ။
ယခုပစ္စုပ္ပန် ကာလတွင် တချို့လူတွေကတော့လက်ရှိမှာ သူတို့ဘဝတွေကို ဖြတ်သန်းနေကြချိန် လူတချို့ ကတော့ လူ့လောက မှ ထွက်ခွာ သွားကြ သည့် သူများလည်းရှိကြသည်။ လူ့လောကမှ ထွက်ခွါသွားသော အထဲတွင် ကျွန်တော့်ရဲ့ ဆရာလိုအကိုလိုခင်ရသည့် သူလည်း ပါဝင်သည်။
ထိုအချိန်တွင် စစ်ပွဲဖြစ်ပွားနေသည့် အချိန်များ ဖြစ်နေ၍ လေယာဥ်အလာ ကိုသာ စောင်းရင်းဖြင့် ပူတာအို တွင် နောက်ထပ် ၂ရက်လောက် တောင်တင်ခဲ့ကြသည်။
ထိုအကြောင်းအရာများ သည် ကျွန်တော် ၏ ပူတာအို ခရီးစဥ် အစအဆုံးဖြစ်ပါသည်။
အားလုံးကိုအစဥ်အမြဲ လေးစားလျက်
ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
ကံကောင်းသောနေ့လေးဖြစ်ပါစေ
အားလုံး ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ
@kaungsett8388
25.10.2022