Hive Myanmar မှ အဖွဲ့သားများအားလုံးမင်္ဂလာပါ...
ဒီနေ့တော့ Printer မှင်ယိုခြင်းနှင့် စာရွက်ထုတ်ရာတွင် မှင် အမဲကြောင်းများ ပါနေခြင်းအကြောင်းလေးကို တင်ပြခြင်ပါတယ်။
ပထမ မှင်ယိုခြင်းအကြောင်း!
မှင်ယိုခြင်း အကြောင်းမှာ အသုံးပြုနေသော မှင်စုတ်ခွက် သည် အချိန်ကြာလာသည်နှင့်အမျှစုတ်ယူနိုင်စွမ်းမရှိသောကြောင့် Tank ထဲတွင်မှင်များ အိုင်လာ၍ အပြင်သို့ စီးကျပြီး အတွင်းထဲရှိ Roller နှင့် အခြားသောအစိတ်အပိုင်းများသို့ မှင်များ စွန်းထင်းနိင်သည်။
အသုံးပြုရန် ပစ္စည်းများမှာ -
(1) screwdriver
(2) ရေပုံး
(3) သရေ လက်အိတ် တို့ပဲဖြစ်ပါသည်။
ပထမ အနေဖြင့် printer၏ အနောက်ဖက် စကူအား အရင်ဖြုတ်၍ မှင်စုတ်ဖော့ ထည့်ထားသောtankအားထုတ်ရမည်။ အသစ်လဲရန် ပစ္စည်းရှိပါက လဲလှယ်နိုင်သည်။
မရှိပါက Tank ထဲမှ မှင်စုတ် ဖော့များအား တစ်ခု ခြင်းထုတ်၍ ရေထဲ့ထားသော ပုံးထဲသို့ ထည့် ပြီး ရေဆေး၍ ရေညှစ်ပေးရမည်။
ရေညှစ်ပြီးသား မှင်စုတ်ဖော့များအား အခြောက်ခံ၍ Tank ထဲသို့ အစီစဥ် အလိုက် ပြန်ထည့်၍ Printer တွင် ပြန်လည် တပ်ဆင်ပေးရပါမည်။
ထိုအဆင့်ထိ ပြီးဆုံးပါက မှင်ယိုခြင်း အဆင့်အား လုပ်ဆောင်မှု အဆင့် ပြီးဆုံးပါသည်။ အချိန်မရတာနဲ့ လက်အိတ် မစွတ်လိုက်ရဘူး။
နောက်ရက်များတွင် မှင် အမဲကြောင်းများ ပါနေခြင်းနှင့် မှင်မလိုက်ခြင်း အကြောင်းလေး ကို ဆက်လက်တင်ပြသွားပါမယ်။
အားလုံးကိုအစဥ်အမြဲ လေးစားလျက်
ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
ကံကောင်းသောနေ့လေးဖြစ်ပါစေ
အားလုံး ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ
@kaungsett8388
13.10.2022