Hive myanmar အဖွဲ့သားများအားလုံး မင်္ဂလာပါ
ဒီနေ့တော့ စိတ်ပြေလက်ပျောက် လမ်းလျောက်ထွက်ရင်း စာရေးဖို့ အတွေးများ ပေါ်လာမလားစိုပြီး လျောက်ရင်းလျောက်ရင်းနဲ့ ကျွန်တော်တို့ ရွှေပြည်သာက မင်းဗန္ဓုဘုရားထိ ရောက်လာတယ် စကားလုံးတစ်လုံးမှမထွက်။
အိမ်ကနေဘုရားကို ရောက်ဖို့ မိနစ်၃၀ လောက် လမ်းလျောက်ရတယ်။အဲတာနဲ့ ဘုရားသမိုင်း အကြောင်း ရေးရမလား ဘာအကြောင်းရေးရမလည်း စဥ်းစားရင်းနဲ့ပဲ နောက်ဆုံးစာရေးဖို့ မထွက်တော့လည်း အကျိုးရှိအောင် ဓါတ်ပုံလေးတွေ ရိုက် ပြီး ပြန်လာခဲ့လိုက်တယ်။
အိမ်ပြန်ရောက်တဲ့အထိ စာက တစ်လုံးမှ မထွက် အဲ့တာနဲ့ပဲ လက်စ သတ်ရန် ကျန်နေသေးသည့် အလုပ်လေးတွေ ကို လုပ် ရေမိုးချိုး ထမင်းစားသောက်ပြီး အိပ်လိုက်တာ ညရောက်မှပဲ နိုးတော့တယ်။ အိပ်ယာ ကနိုးမှ ငါ ဘာရေးရမလဲစိုတာ အတွေးပေါ်လို့ အခုလိုရေးသားလိုက်ခြင်း ဖြစ်ပါတယ်။😁
နားလည်ခွင့်လွှတ်ပေးကြပါလို့ အနူးညွတ် တောင်းပန်အပ်ပါတယ်။
@kaungsett8388
18.10.2022