အန်ကယ်ဆမ်တို့ လွန်ကုန်မယ်နော်

in #hive-12213328 days ago

Democratic Party ရဲ့ သမ္မတလောင်း Kamala Harris ဟာ crypto industry ကို ကောင်းကောင်းကြီး နှိပ်ကွပ်နေတဲ့ US SEC (Securities and Exchange Commission) ဥက္ကဌ Gary Gensler ကို US ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုတင်သွင်းဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်နေပါတယ်။

Senate လွှတ်တော်အမတ်တော်တော်များများရဲ့ သတင်းရင်းမြစ်တွေအရ Kamala Harris သာ 2024 ရွေးကောက်ပွဲမှာ နိုင်သွားပြီး သမ္မတဖြစ်လာခဲ့ရင် Gary Gensler ဟာလည်း ဘဏ္ဍာရေးဝန်ကြီးဖြစ်လာနိုင်ပြီး crypto industry ကို အခုထက်ပိုပြီး နှိပ်ကွပ်လာနိုင်ပါတယ်။

2021 ခုနှစ်မှာတုန်းက သမ္မတ Joe Biden က SEC ဥက္ကဌအဖြစ် တာဝန်ပေးခဲ့တဲ့ Gary Gensler ဟာ crypto industry အတွင်းက နာမည်ကြီး company တွေကို အမှုအမျိုးမျိုးနဲ့ တရားစွဲနေတာကြောင့် အာဏာအလွဲသုံးစားလုပ်‌နေကြောင်း မကြာခဏဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။

US မှာ အညွန့်တလူလူတက်နေပြီးသား industry တခုကို တိကျသေချာတဲ့ ဥပဒေတွေလည်း မချပြထားဘဲ တရားစွဲချင်တိုင်းစွဲနေတာကြောင့် crypto company တွေဟာ US ကို စွန့်ခွာသွားကြနိုင်ကြောင်းလည်း သတိပေးမှုတွေ မကြာခဏရှိနေပေမယ့် မကြာသေးခင်ကပဲ Metamask wallet ကို တရားထပ်စွဲခဲ့ပါသေးတယ်။

ဒါကြောင့် ဒီလို ပုဂ္ဂိုလ်မျိုးသာ ဘဏ္ဍာရေးဝန်ကြီးဖြစ်လာခဲ့ရင် crypto industry အတွက် ဖိနှိပ်မှုတွေ ထပ်ရှိလာနိုင်ကြောင်း မှတ်ချက်ပြုနေကြပါတယ်။

တဆက်တည်းမှာပဲ Donald Trump ဟာ သူသာ အနိုင်ရခဲ့ရင် Elon Musk ကို သမ္မတအကြံပေးရာထူးခန့်မယ်၊ အခွန်တွေကိုလည်း အများကြီးလျှော့ချပေးမယ်လို့ မဲဆွယ်ခဲ့တာကြောင့် ဒီ 2 ယောက်ရဲ့ ပြိုင်ဆိုင်မှုဟာ ပိုပြီးပြင်းထန်၊ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာသလို ဘယ်သူနိုင်နိုင် crypto industry အတွက်တော့ သက်ရောက်မှုပိုကြီးလာတော့မှာပါ။

Reference Link: https://www.theblock.co/post/311938/sec-chair-gary-gensler-is-being-considered-for-treasury-secretary-report

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL