အမေရိကန်ပြည်ထောင်စုမှာ crypto အရေးနဲ့ပတ်သက်လို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ပေါ်နေပါပြီ။
Federal Reserve ဥက္ကဌ Jerome Powell ဖက်ကနေ ဗဟိုဘဏ်အတိုးနှုန်းတွေလျှော့ချဖို့ အရိပ်အယောင်ပြလာခဲ့သလို US သမ္မတရွေးကောက်ပွဲမှာလည်း crypto ထောက်ခံသူ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ Robert F Kennedy Jr. ဟာ မဲဆွယ်မှုတွေကို ရပ်ဆိုင်းပြီး Donald Trump ကိုပဲ အားပေးတော့မှာဖြစ်ကြောင်း ကြေငြာလာပါတယ်။
ဗဟိုဘဏ်အတိုးနှုန်းတွေလျှော့ချဖို့ Jerome Powell ဖက်က အရိပ်အယောင်ပြလာခဲ့ပြီးနောက်မှာ Bitcoin ရဲ့ ဈေးဟာလည်း $61k ကနေ $64k အထိကို ရောက်လာခဲ့ပါတယ်။
အတိုးနှုန်းတွေလျှော့ချဖို့ ကြေငြာချက်ကိုတော့ September လ 18 ရက်နေ့မှာ ပြုလုပ်သွားမယ့် FOMC (Federal Open Market Committee) အစည်းအဝေးမှာ အတည်ပြုသွားနိုင်ပြီး crypto community အနေနဲ့ရော၊ stock community တွေကပါ စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
တဖက်မှာလည်း 2024 သမ္မတရွေးကောက်ပွဲမှာ Donald Trump နဲ့ Kamala Harris တို့ရဲ့ နိုင်နိုင်ခြေရာခိုင်နှုန်းတွေဟာ မတိမ်းမယိမ်းဖြစ်လာနေပြီး Kamala Harris ဟာလည်း “တက်သစ်စ နည်းပညာတွေနဲ့ နယ်ပယ်တွေကို ရှေ့ဆက်ရပ်တည်နိုင်ဖို့အတွက် သေချာစေမယ့် မူဝါဒတွေကို ပြင်ဆင်ပေးသွားမယ့်အကြောင်း” ကြေငြာခဲ့ပြီးနောက်မှာ crypto နယ်ပယ်ဟာလည်း ဒီမူဝါဒတွေအတွက် အကြုံးဝင်နိုင်ကြောင်း မှတ်ချက်ပေးနေကြပါတယ်။
ရွေးကောက်ပွဲကလည်း ကြားထဲမှာ အချိန် 2 လကျော်သာလိုတော့တာကြောင့် ဒီကာလတွေအတွင်းမှာ crypto နဲ့ပတ်သက်လို့ သတင်းတွေအမျိုးမျိုးထွက်လာနိုင်ပြီး ဒီသတင်းတွေပေါ်မူတည်ပြီးတော့လည်း crypto ဈေးတွေဟာ အတက်အကျအမျိုးမျိုးဖြစ်နိုင်တာကြောင့် သတိထားကြဖို့ လိုအပ်ပါတယ်။
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL