မြွေပူရာကင်းမှောင့်ဆိုသလိုပဲ India တို့ကတော့ Telegram ကို စုံစမ်းစစ်ဆေးတယ်ဆိုပြီး ထလုပ်ပြန်ပါပြီ။ Telegram founder Durov အဖမ်းခံရပြီးနောက်မှာ India ရဲ့ IT ဝန်ကြီးဌာနဟာ Telegram ကို စုံစမ်းစစ်ဆေးဖို့အတွက် တောင်းဆိုလာပြီး Telegram ဟာ India ရဲ့ ဥပဒေဘောင်အတွင်းကနေ လည်ပတ်နေလားဆိုတာကိုလည်း စစ်ဆေးနေပါတယ်။
လောလောဆယ်မှာ India ရဲ့ cyber ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးက Telegram ကို စစ်ဆေးနေပြီး ချက်ချင်း ban လိုက်တာမျိုးတော့ မဖြစ်နိုင်ပေမယ့် စစ်ဆေးမှုရလဒ်အပေါ်မူတည်ပြီး တမျိုးပြောင်းသွားနိုင်ကြောင်းလည်း သိရပါတယ်။
နောက်ထပ်ပျံ့နှံ့နေတဲ့သတင်းတခုကတော့ India ရဲ့ ဆေးကျောင်းဝင်ခွင့်အတွက် မေးခွန်းတွေဟာ Telegram ပေါ်ကနေတဆင့် ပေါက်ကြားခဲ့တာကြောင့် Telegram ကိုစုံစမ်းစစ်ဆေးနေတာဖြစ်ကြောင်း သတင်းပါ။
India ဟာ ဒီလိုပြဿနာတခုခုဖြစ်လာရင် ဆက်စပ်app တွေကို ban တတ်လေ့ရှိပြီး တရုတ်နဲ့ ပြဿနာတက်ခဲ့ချိန်တုန်းကလည်း TikTok အပါအဝင် တရုတ်ထုတ် app ပေါင်း 58 ခုကို ban ခဲ့ပါသေးတယ်။
Telegram ပေါ်မှာ India user အများဆုံးရှိနေတာလည်းဖြစ်ပြီး လစဉ် active user ပေါင်း 110 million နဲ့ ထိပ်ဆုံးနေရာမှာ ရှိနေသလို Russia မှာတောင် Telegram user 35 million အထိသာရှိနေတာပါ။
တကယ်လို့ India မှာ Telegram ကို ban လိုက်မယ်ဆိုရင် India ရဲ့ Telegram အခြေစိုက်လုပ်ငန်းတွေ နစ်နာနိုင်ပြီး မြန်မာကို Facebook ကို ban လိုက်လို့ Facebook ပေါ်က လုပ်ငန်းတွေ အနည်းနဲ့အများထိခိုက်မှုရှိတဲ့ပုံစံမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း VPN သုံးပြီးတော့ ဆက်သုံးလို့ရနေဦးမှာဖြစ်တာကြောင့် သိပ်တော့ စိုးရိမ်စရာမရှိလှပါဘူး။
Reference Link: https://www.coindesk.com/policy/2024/08/27/telegram-under-scrutiny-in-india-but-ban-not-imminent-reports/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL