X ပေါ်မှာ Space အဖြစ်နဲ့ တင်ဆက်ခဲ့တဲ့ Elon Musk နဲ့ Donald Trump တို့ရဲ့ interview ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ Interview မတိုင်ခင်မှာ DDoS attack တခုဖြစ်ခဲ့ပြီး X ခဏကျသွားတာကြောင့် အချိန် နှောင့်နှေးခဲ့ရပြီး လူအကုန် join မရဖြစ်ခဲ့တာကလွဲလို့ ပြဿနာတစုံတရာမရှိခဲ့ပါဘူး။ DDoS attack ကို Donald Trump နဲ့ interview မတိုင်ခင်မှာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာ ဖြစ်ပြီး interview မှာ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေကို မဆွေးနွေးစေချင်လို့သာ ဖြစ်ကြောင်း Elon Musk က ဆိုခဲ့ပါတယ်။
ဒါပေမယ့် ဒီ Interview မှာ crypto bro တွေ မျှော်လင့်ထားခဲ့ကြသလို crypto နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါမလာခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။
တကယ်တော့ interview မှာ အဓိကဆွေးနွေးသွားခဲ့တဲ့အကြောင်းအရာတွေဟာလည်း အထူးအထွေမရှိခဲ့ဘဲ Donald Trump လုပ်ကြံခံရမှုနဲ့ ဆက်စပ်တဲ့အမေးအဖြေတွေ၊ US ကို တရားမဝင်ခိုးဝင်လာသူတွေအရေးနဲ့ ပြည်ပရေးရာပြဿနာတွေအကြောင်း ဆွေးနွေးမှုတွေသာ ရှိခဲ့ပြီး သမ္မတ Joe Biden နဲ့ ဒုတိယသမ္မတ Kamala Harris ကို ထေ့ငေါ့သွားတာမျိုးတွေသာ ပါဝင်ခဲ့ပါတယ်။
ဒါကြောင့် interview မှာ US ရဲ့ အနာဂတ် crypto လမ်းစဉ်တွေအကြောင်း အခြေအတင် ဆွေးနွေးကြတော့မယ်ဆိုပြီး အားခဲထားကြတဲ့ crypto bro တွေ အားမလိုအားမရဖြစ်ခဲ့ကြရပါတယ်။
Reference Link: https://cointelegraph.com/news/musk-claims-x-ddos-attack-during-trump-interview
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL