Telegram is Big Boss

in #hive-1221333 months ago

Telegram ဟာ digital asset ပေါင်း $400 million အထိ ပိုင်ဆိုင်ထားကြောင်း Financial Times website က ဖော်ပြလာပါတယ်။ 2023 ခုနှစ်နှောင်းပိုင်းကစ Telegram ဟာ crypto အပိုင်းမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာပြီး 2024 Q2 လောက်မှာတော့ NOT project ကအစပြုလို့ Telegram mini-app တခေတ်ကို ဆန်းသစ်နိုင်ခဲ့ပါတယ်။

ဒီလို project တွေဟာ Telegram ရဲ့ TON blockchain နဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ကြတာကိုလည်း တွေ့ရတဲ့အပြင် Telegram ပေါ် လာတင်သမျှ mini-app project တွေရဲ့ token တွေဟာလည်း TON blockchain ပေါ်က crypto token တွေဖြစ်လာပြီး TON ecosystem ရဲ့ တစိတ်တပိုင်းတွေဖြစ်လာခဲ့ပါတယ်။

Telegram ဆီမှာလည်း ဒီ project တွေကနေ ရတဲ့ token တွေ ရှိနေပြီးတော့ 2023 ခုနှစ်အတွင်းမှာတင် $400 million ဖိုး cryptocurrency တွေပိုင်ဆိုင်ထားကြောင်း Financial Times သတင်းစာက ဖော်ပြလာပါတယ်။ 2023 ခုနှစ်အတွင်းမှာတင် ဒီလောက်ရှိခဲ့တဲ့တယ်ဆိုရင် TON တခေတ်ထလာတဲ့ 2024 မှာဆိုရင်တော့ ပိုင်ဆိုင်မှုဟာ ဒီ့ထက်ပိုများဖို့ပဲရှိနိုင်မယ်လို့ ယူဆရပါတယ်။

Telegram ပေါ်မှာ လာတင်တဲ့ project တွေအပြင် Telegram team ကိုယ်တိုင်ကလည်း username တွေ၊ virtual phone number တွေကို NFT Collectible အသွင်နဲ့ ပြန်ရောင်းနေတာကြောင့် ဒီကနေ fees ပြန်ရတာတွေရှိသလို အခြား digital service အများအပြားဟာလည်း TON ecosystem ထဲမှာလည်ပတ်နေပါသေးတယ်။

လောလောဆယ်မှာတော့ Telegram ဟာ တန်ကြေး အနည်းဆုံး $30 billion လောက်အထိ ရှိနေသလို Founder Durov ဟာ 100% အထိ ပိုင်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် $2.3 billion ဖိုး funding တွေကတော့ ပြင်ပလုပ်ငန်းစုတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ လက်ခံရရှိထားတာဖြစ်ပြီး ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုတော့ အကျိုးအမြတ် ဘယ်လိုပြန်ခွဲဝေပေးလဲသေချာမသိရပါဘူး။

အခုချိန်မှာ Durov ကလည်း ပြင်သစ်နိုင်ငံမှာ ခြေချုပ်မိနေပြီး ပြင်သစ်နိုင်ငံမှာ ရုတ်တရက်အဖမ်းခံလိုက်ရတဲ့ကိစ္စကြောင့်ပဲ Durov နဲ့ Telegram အကြောင်းကို လူစိတ်ဝင်စားမှုမြင့်တက်နေသလို crypto community ကလည်း TON blockchain နဲ့ TON ecosystem ထဲက project တွေရဲ့ အနာဂတ်လားရာကို အမျိုးမျိုး ခန့်မှန်းနေကြပါတယ်။

Reference Link: https://www.theblock.co/post/313987/telegram-held-400-million-in-digital-assets-generated-significant-crypto-revenues-in-2023-report

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL