ဒီရက်ပိုင်း ကြားနေရတဲ့ သတင်းများ / The news we hear these days

in #hive-1221333 months ago

ဒီရက်ပိုင်း ကြားနေရတဲ့ သတင်းများ

အခုရက်ပိုင်း ကြားနေရတဲ့ စစ်ပွဲသတင်းတွေနဲ့ ကောလဟာလ သတင်းတွေကြောင့် ကျွန်တော် စိတ်ညစ်နေမိပါတယ်။ စစ်ပွဲသတင်းဆိုတာက ကျွန်တော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း LaShio မြို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ထိန်းသိမ်းပြီးနောက်မှာ Burma စစ်တပ်က လေယာဉ်နဲ့ LaShio ကို ဗုံးကျဲ တိုက်ခိုက်မှာ စိုးရိမ်နေရတဲ့ သတင်းဖြစ်ပါတယ်။ စစ်ဖြစ်ပြီဆိုရင်အရင်ဆုံး ထိခိုက်နစ်နာရတာက ပြည်သူတွေပါပဲ။ ပြည်သူတွေရဲ့ နေအိမ်နဲ့ စီးပွားရေးတွေ ပျက်စီးဆုံးရှုံးကြရတာပါပဲ။

image.png
Image Credit

ကောလဟာလ သတင်းကတော့ တော်လှန်ရေးတပ်တွေက ကျွန်တော်တို့ နေထိုင်တဲ့ ပြင်ဉီးလွင်မြို့ကို တိုက်ခိုက်ဖို့ ကြေညာထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ တချို့လူတွေက "နောက် ၅ ရက်ကျရင် တော်လှန်ရေးတပ်တွေက ပြင်ဉီးလွင် ကို တိုက်ခိုက်တော့မယ်။ အဲ့တာကြောင့် ပြင်ဆင်ထားကြဖို့ ပြောနေကြတယ်။ စစ်တပ်ထဲက မိသားစုတွေနဲ့ ဝန်ထမ်းတွေကတော့ ပြင်ဉီးလွင်ကနေ ထွက်ခွာ နေကြပြီ။ ချမ်းသာတဲ့ မိသားစုတွေကတော့ စစ်ဘေးကို ရှောင်နိုင်ကြပေမဲ့ အခြေခံလူတန်းစားတွေကတော့ ဘာမှ မတက်နိုင်။ စစ်ဖြစ်လာခဲ့ရင်လည်း သေကြဖို့ပဲရှိတယ်။ စစ်ဘေးရှောင်တွေအတွက် ဘာထောက်ပံ့မှုမှ မရှိ။ ငွေကြေးမတက်နိုင်သော လူတွေကတော့ စစ်ရဲ့ ဆိုးကျိုးကို ကြည့်နေရုံကလွဲပြီး မတက်နိုင်။

The war news "Lashio"

ဒီမှာ ရှင်သန်နေရတဲ့ နေ့ရက်တိုင်းကတော့ အဆင်မပြေမှုတွေနဲ့ အခက်တွေပဲ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ဘာမှန်းကို မသိတော့ပါဘူး။

ဒါပေမဲ့လည်း ကျွန်တော်တို့တွေဟာ လူသားတွေဖြစ်တဲ့အတွက် အခက်ခဲတွေ ကြားထဲကနေ ပျော်ရွှင်မှုတွေကို ရှာဖွေေ ရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဓာတ်ဆီရရှိဖို့အတွက် ဓာတ်ဆီရောင်းတဲ့ဆိုင်မှာ 3 နာရီကြာအောင် တန်းဆီပြီး စောင့်ဆိုင်းခဲ့ရပါတယ်။ ဒီနေရာမှာလည်း စီစဉ်မှု ညံ့ဖျင်းတဲ့ ဆိုင်ရဲ့အစီအစဉ်နဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်အချို့ကိုမြင်တွေ့ခဲ့ရပါတယ်။
ဖုန်းမပါခဲ့တဲ့အတွက် ဒီအကြောင်းအရာကို သက်သေအဖြစ် ဓာတ်ပုံမရိုက်ခဲ့ရပါဘူး။

မနက်ခင်းပိုင်းမှာနေသာပေမဲ့ Weather ဟာ ညနေပိုင်းမှာ ချက်ချင်းဆိုသလို မိုးရွာသွန်းခဲ့ပါတယ်။ Weather အပူနဲ့ အအေး မညီမျှတဲ့ အချိန်ကာလမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။


The news we hear these days
I'm upset because of the news we hear these days and the news we hear these days. The news of the war is that we are worried that the Burma army will bomb and high at Lashio after the revolutionary forces attacked and detained Lashio in northern Shan State.

image.png
Image Credit

The people are the first to be affected by the war. People's homes and businesses are being destroyed. Rumor has it that the revolutionary forces have announced that they will attack Pyin Oo Lwin, where we live. Some people said, "In the next five days, the revolutionary forces will attack Pyin Oo Lwin. They are telling them to be prepared. Families and staff in the army are leaving Pyin Oo Lwin. Rich families can avoid the war, but the grassroots can do nothing but the grassroots can do nothing. If there is a war, they will die. There is no support for the refugees.

The war news "Lashio"

As a human being, we had to find happiness in the midst of adversity. This morning we had to wait in line for three hours at a gas station to get gas. No photos were taken. It was sunny in the morning, but the weather immediately rained in the evening. Special care must be taken when the weather is hot and cold.

IMG_20240811_162301.jpg

IMG_20240811_162343.jpg

IMG_20240811_162221.jpg

IMG_20240811_162132.jpg
These photos taken at my home

Google translated - edited by me>>>

@myanmarkoko

Sort:  

ဂရုစိုက်နေထိုင်ပါ။
ဘေးကင်းပါစေ။
!pizza
!luv

ဟုတ်ကဲ့ စစ်ပွဲသတင်းတော့ အမြဲ နားစွံ့နေရတယ်။

@myanmarkoko, @walarhein(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

Made with LUV by crrdlx

ကိုယ်တွေဆီလည်း ဘယ်တော့ လာမလဲလေ။
!PIZZA
!MEME

ဟုတ်ကဲ့ အောင်ပွဲအတွက်ဆိုတော့
အားတင်းပြီး ရှေ့ဆက်ရမှာပါပဲ...

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @myanmarkoko