လေ့လာခဲ့တဲ့သီဟိုစံ။

in #hive-1221332 years ago

ရာသီဥတု က နွေရာသီ ကို ရောက် လို့ပါပြီး။ နေ့လည် ခင်း တွေဆို အပြင် မထွက် နိုင်အောင် ကို ပူပါတယ်။ ရာသီဥတု ပူလည်း အလုပ် ကတော့ လုပ်ရ ပါတယ်။ ဒီနေ့ ဆို အကို တစ်ယောက် ရဲ့ ပွဲရုံ ကိုရောက် ခဲ့ပါတယ်။ အဲ့ အကို က သီဟိုစံ တွေဝယ်ပါတယ်။ သီဟို အ‌ကြောင်း ကို သိချင် ရင် နဲ့ သူစီ ကိုလာ ခဲ့ ဆို လို့ ဒီနေ့ သူ့ ပွဲရုံ ကို ရောက်သွားပါတယ်။ သူ့ပွဲရုံ မှာ သီဟိုစံ တွေ ကို အိတ် သွတ်နေ သာ တွေ့ခဲ့ရ ပါတယ်။ သီဟိုစံ ကို အချိန် လေးဆယ် အိတ် သွတ်ပြီး ရန်ကုန်ရယ် ထားဝယ်ရယ် ကို ပို့ပါတယ်။ သူကတော့ သီဟိုစံ အစေ့ပဲ ဝယ်ရောင်း လုပ်သာပါ။ သီဟိုစံကို ရဲ့ ‌အစေ့ ဖြစ်အောင် မလုပ်ပါဘူးတဲ့။ သီဟိုစံကို အခွံ ခွာဖို့က မီးနဲ့ သေချာ သီဟိုးစံ ရဲ့ အဆီ ကို သတ်ရ ပါတယ်။ မီးပူပူ နဲ့ လှော် ရပါတယ်။ တော်တော် ညှော် ပါတယ်။ ကွင်းပြင် ကျယ်ကျယ် မှ လုပ်မှ အဆင်ပြေ ပါတယ်။ သီဟို စံ ရဲ့ အရည်သွေး ကောင်း မကောင်းကို ရေထဲစိမ် ပြီး စမ်းကြပါတယ်။ အစေ့အဆံ ပြည့်ဆိုရင် ရေအောက်မြုတ်ပါတယ်။ အရည်သွေး အစေ့အဆံ မပြည့်ရင် ရေ ပေါ်မှာ ပေါ်နေပါတယ်။ ဒီနေ့ ကျနော် လေ့လာ ခဲ့ရ တဲ့ သီဟိုစံ အကြောင်း လေးပါ ခင်ဗျာ

ဒါက တော့ အဲ့ အကို ပွဲရုံဘေးက မကျည်းပင် လေးပါ။