ဒီနေ့ အလုပ် ကနေခွင့်ယူ ထားတယ်။ သူငယ်ချင်း က သူ့ခြံအလည်သွား ဖို့ခေါ်လို့ပါ။ ဒီနေ့ မနက် ၉နာရီခွဲ မှာ စထွက် ခဲ့သာ ၁၁ နာရီလောက် ရောက်ပါတယ်။ ၁နာရီခွဲ လောက် ဆိုင်ကယ် မောင်းပြီး သူတို့ခြံကို ရောက်ပါတယ်။ သူ့ခြံကို ရောက်တော့ ရော်ဘာ ခြစ် လုပ်သားတွေ ရော်ဘာ ပြား နေလှမ်း သာကို အနီးကပ် မြင်တွေ့ခဲ့ပါတယ်။ နေ့လည် အချိန်မှီ နေလှမ်း ရတယ် လို့ ပြောပါတယ်။
ရော်ဘာပြား လုပ်တဲ့ တဲနေရာ နားမှာ လုပ်သားတွေ စားဖို့ ဘူးစင်ပါ စိုက်ထားပါတယ်။ ဘာလို့ဒီနား မှာ စိုက်လည်း ဆို ရေ အမြဲရလို့ တဲ့။ ဘူးသီး တွေမှ သီးနေရောဗျာ။
ဘူးစင်ဘေးက မြေကွက်လက် အလွှတ်မှာ ကွမ်းသီး ပင် ကိုလည်း စိုက်ထား ပါသေးတယ်။ နောက်၄နှစ် ၅နှစ် ဆို အသီး စားလို့ရပြီး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါတဲ့။
သူငယ်ချင်း ခြံကအ ပြန် ဘူးသီး တစ်လုံး လက်ဆောင် ရခဲ့ပါတယ်။ နောင်တစ်ချိန် ကိုယ်လည်း ခြံတွေ စိုက်ဖြစ်ခဲ့ရင် အတွေ့အကြုံ သွားယူသာပါ။