အရင်အချိန်များ ပြန်တမ်းတ

in #hive-1221332 years ago

img_0.24866406396429383.jpg

ဒီနေ့မနက် မနက်စာစားပြီးပြီးချင်း အမကအနောက်မြို့သစ်ဈေး ကိုသွားပြီး ဈေးဝယ်မယ်ဆိုတော့ ကျမလဲမရောက်ဖူးတာနဲ့ အိုးဝေ ငှားပြီး ညီအမလေးယောက်ဈေးကိုထွက်လာကြတယ်။ ကျမတို့ ထွက်လာချိန်ထိ အိမ်ကတူ၊ တူမတွေ အိပ်ရာကမနိုးကြသေးဘူး။ မိုးအေးအေးနဲ့ အိပ်ကောင်းနေတာနေမှာပေါ့။

ဈေးကိုရောက်တော့ စည်ကားလိုက်တာ။ သင်္ကြန်ပိတ်ရက်လည်းနီး၊ လခလည်းထုတ်ထားကြချိန်ဆိုတော့ ဈေးဝယ်တွေဆိုတာ အများ ကြီးပဲ။ ဈေးထဲရောက်တော့ အမကြီးကငါးဆိုင်ရှေ့ဝင်ပြီး ငါးကြင်း ဖြူဘယ်ဈေးလဲမေးနေလို့ မနေ့ကမှ ငါးချက်ထားတဲ့အကြောင်း ဝင် ပြောရသေးတယ်။ ဈေးသည်မကြားလို့တော်သေး။ နို့မို့ မျက်စောင်း ထိုးခံရမလား၊ အလေးနဲ့ထုခံရမလားပဲ။

ငါးမဝယ်ရတော့ ငါးခြောက်ဆိုင်ဘက်ခြေဦးလှည့်ပြန်ရော။ ဈေးမေး ပြီး မတည့်တာနဲ့ ဆက်လျှောက်လာကြတယ်။ ကျမကလည်း နောက်ကနေ ပုစွန်လေးချက်ကျွေးပါအုံးလို့ အဆိုတင်သွင်းတော့ ပုစွန်ဈေးကြီးပုံနဲ့ အိမ်ကလူအုပ်နဲ့ဆို တစ်သောင်းဖိုးတောင်လောက် မှာမဟုတ်ဘူးဆိုပြီး မဝယ်ပြန်ဘူး။ နောက်ငါးခြောက်ဆိုင်တစ်ဆိုင် ထပ်ဝင်ရော။

အမနဲ့ဈေးလိုက်ရတာ ငါးခြောက်ဆိုင်ချည်း ခုနှစ်ဆိုင်လောက်ဝင် တယ်ထင်တာပဲ။ ကိုယ်ကတော့ အထည်တန်းမှာချိတ်ထားတဲ့ စပန့် ဂါဝန်တွေ ငေးပေါ့။ အထည်ဆိုင်တွေကျ အေးအေးဆေးဆေး မကြည့်ရလို့လားမသိဘူး။ လိုချင်လှချည်ရဲ့ဆိုတဲ့ အိင်္ကျီမတွေ့ဘူး။ ညီအမလေးယောက် ဈေးထဲ ဟိုကြည့်ဒီကြည့် ဟင်းချက်စရာဝယ် တာက အမတွေ၊ ကိုယ်ကတော့ ပျင်းလို့လိုက်ကြည့်တာ။

လိုချင်တာတွေလည်းရ၊ ဈေးလည်းတပတ်ပတ်ပြီး ခြေထောက်တွေတွေလည်းညောင်းလာပြီဆိုမှ အိမ်ပြန်ဖို့ အိုးဝေကိုဖုန်းဆက်ခေါ်ရ တယ်။ အိမ်ပြန်ရောက်တော့ အားလုံးနိုးနေကြပြီ။ တူ၊ တူမတွေက ကျမတို့ လေးယောက်တပြုံကြီးပျောက်နေလို့ ဘယ်များသွားပါလိမ့် ဆိုပြီး စဉ်းစားမရဖြစ်နေကြတာတဲ့။

အိမ်ပြန်ရောက်တော့ အားလုံးဖလက်ပြနေကြပြီ။ ကျမကလွဲလို့ ကျန်သုံးယောက်က ဒူးတွေမကောင်းကြဘူး။ ဈေးကပြန်ရောက် တော့ အတွေးတစ်စဝင်လာတယ်။ ဟိုယခင်နှစ်တွေတုန်းက ခုလို အချိန်မျိုးမှာ ကျမနဲ့ လုပ်ဖော်ကိုင်ဖက်တွေ သင်္ကြန်အကြိုမတိုင်မီ တစ်ရက်အလို ကိုယ့်ရုံးသူ့ရုံးစတုဒီသာတွေ လှည့်လည်စားကြတာ၊ သင်္ကြန်တွင်းစားဖို့ ဈေးတွေဝယ်ကြ ပျော်ရွှင်ခဲ့ကြတာတွေ အမှတ်ရ မိသေးတယ်။ အရင်လိုပျော်ဖို့ အချိန်ဘယ်လောက် စောင့်ရအုံးမယ် မသိတော့ပေ။

@nweoomon
9-4-2022

Sort:  

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped nweoomon (x1)
@htwegyi(2/5) tipped @nweoomon (x1)

Join us in Discord!

ပြန်ရနိုင်ဖို့ဆိုရင်!LOLZ

စောင့်ရမှာပဲ

Yay! 🤗
Your content has been boosted with Ecency Points, by @nweoomon.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

ဟုတ်တယ် အရင်လိုအချိန် ပြန်ရဖို့ ဘဟ်လောက်စောင့်ရမယ်မသိဘူးဗျာ...!PIZZA

ဟုတ်ပါ့ရှင်

ဟုတ်သဟေ့ ငါတောင် သတိရသေး သင်္ကြန် ရုံးမှာ မဲနှိုက်ရတာပျော်စရာ။
နင်ရယ် မယုရယ် ကုလားမရယ် ကလိုက်ကြတာ ကွေးလို့ မြင်ယောင်နေတယ်။
!LOL
!PIZZA

ဆရာကဂျင်းထည့်တာလေ
သီချင်းကမပြီးနိုင်ဘူး

ဓါတ်ပုံ ရှိသေးရင် ပြပါဗျို.

Video ကိုရိုက်ထားတာ ပြန်ရှာရအုံးမယ် 😁

ဟေး ကိုဟင်ပြန်လာပြီ

Did you know that protons have mass?
I didn't even know they were catholic.

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)