ကံသီလို့

in #hive-1221332 years ago

img_0.5393684077772578.jpg

ကျမက မန်းလေးမြို့ စက်ရုံတစ်ခုက အလုပ်သမလေး တစ်ဦးပါ။ ပြီးခဲ့တဲ့လက စက်ရုံအလုပ်သမားတွေ လျှော့ချတဲ့ အထဲမှာ ကျမပါသွားတော့ ခု အလုပ်လက်မဲ့ပေါ့။ စုဆောင်းထားတာလေးကလည်း နည်းနည်း၊ ဘာပညာမှလည်းမတတ်၊ တခြားအလုပ်တွေ သွားလျှောက်တော့လည်း အဆင်မပြေဆိုတော့ ရွာကိုပြန်ဖို့သာ ဆုံးဖြတ်လိုက်ရသည်။ ကိုယ်တစ်ယောက်တည်းဆို ကိစ္စ မရှိပေမယ် ကျမသမီးလေး ရှိသေးသည်။ ရွာပြန်ပြီး မိဘများနှင့်အတူ တောအလုပ်ကိုသာ ပြန်လုပ်တော့မည်။

ကလေးအဖေက ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက တိမ်းပါးသွားသည်။ ကျမတစ်ဦးတည်းလုပ်အားခဖြင့် အိမ်ငှားခ၊ စားစရိတ်က ကြာလျှင် မတတ်နိုင်တော့ပေ။ အခါ ကောင်းမှသာ ပြန်လာမည်ဆုံးဖြတ်ပြီး ရွာပြန်ဖို့ ကားလက်မှတ်လေး နှစ်စောင် ဝယ်လိုက်သည်။ ကျမတို့ရွာက ရွှေဘိုနယ်ဘက်က ညောင်ပင်သာရွာလေးဖြစ်ပြီး ကားလမ်တစ်ခုသာ ပေါက်သည်။ မိုးရာသီမှာတော့ ဗွက်အလိမ်းလိမ်းပေါ့။

သမီးလေးကတော့ ကလေးပီပီ အပူအပင်မရှိ ကားစီးရမှာမို့ ပျော်ရွှင်နေသည်။ ကားကြီးဝင်းမှာ ကားစောင့်နေတုန်း ပြေးလွှားခုန်ပေါက်ကစားနေသည်။ ကျမက သမီးကို အရမ်းမပြေးရန် ပြောရင်း ကားလက်မှတ်နှစ်စောင်ကို ထုတ်ကြည့်နေသည်။ ထိုစဉ် အသက်ကြီးကြီး ယောင်္ကျားကြီးတစ်ဦးနှင့် အသက်ငယ်ငယ် ခပ်ဟော့ဟော့ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦး လမ်းကူးလာသည်။ သမီးလေးက ဆော့ကစားရင်း ထိုသူနှစ်ဦးနောက်ကို ပြေးလိုက်သွားသည်။

ပြေးရင်းခလုတ်တိုက်လဲသွားရာ သမီးလေးက ဆွဲမိဆွဲရာ ဆွဲရင်း မိန်းမပျို၏စကတ်ကို ဆွဲချွတ်သလို ဖြစ်သွားသည်။ ကျမလည်း ရုတ်တရက်ထူပူပြီး သမီးရှိရာ အပြေးအလွှား ဖမ်းသော်လည်းမမီတော့ပါ။ ရှက်သွားသော မိန်းမငယ်က သမီးလေးကို လှမ်းရိုက်လိုက်သည်။ နာလို့ငိုနေသော သမီးကို ဖက်ထားသောကျမကို ထိုယောင်္ကျားကြီးက ကိုင်ထားသော ‌လက်ကိုင်အိတ်ဖြင့် အဆက်မပြတ်ရိုက်သည်။

အားရအောင်ရိုက်ပြီးသောအခါ ကျမလက်ထဲက လက်မှတ်နှစ်စောင်ကို ဆတ်ကနဲဆွဲယူပြီး အသင့်ရောက်လာသော ကျမတို့စီးမည့်ကားပေါ် တက်သွားသည်။ အဖြစ်အပျက်က လျှင်မြန်လွန်းသဖြင့် ကျမလဲ မည်သို့မျှ မတတ်နိုင်ဘဲ ကားနောက်မြှီးကိုသာ ငေးရင် ကျန်ခဲ့ရသည်။ ကျမလဲ သမီးကို စိတ်တိုတိုဖြင့် အော်ငေါက်ပစ်လိုက်သည်။ သမီးမျက်နှာ ငိုမဲ့မဲ့။

ခုတော့ နေ့လည်ထွက်မည့်ကားကိုသာ ထပ်စောင့်ရတော့မည်။
နေ့လည်ရောက်တော့ အနီးအနားရှိဆိုင်တစ်ဆိုင်တွင် ထမင်းစား နေတုန်း ထမင်းဆိုင်ရှင်မိန်းမကြီးကို ကားသမားတစ်ဦးက ကားတစ်စီးမှောက်၍ ကားပေါ်ပါသူ တော်တော်များများ သေဆုံးကြောင်း ပြောနေသံကြားရ၍ နားစွင့်မိသည်။ ထိုအခါကျမှ သမီးလေးကို သနားပြီး ကျေးဇူးတင်သွားသည်။

လက်စသတ်တော့ ထိုမှောက်သည့်ကားသည် မနက်က ကျမတို့စီးမည့်ကားဖြစ်သည်။ သမီးလေးကြောင့် အရှက်ကွဲသွားသော ထိုစုံတွဲက ကားလက်မှတ်ကို ဇွတ်လုသွား၍သာ ကျမတို့သားအမိ သေကံမရောက်ခြင်း ဖြစ်သည်။

ဘုရား....ဘုရား.....ကံသီပေလို့ပါလား....။

@nweoomon
14-5-2022

Sort:  

ဝိုး ကံတရားတို့၏ ဆန်းကြယ်ချက်
ရေးချက်က စွဲချက်ပ။
!LOL
!PIZZA

တကယ်ကြီးလား

What do cheaters do after they die?
They lie still

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(1/5) tipped @nweoomon (x1)

Join us in Discord!

Yay! 🤗
Your content has been boosted with Ecency Points, by @nweoomon.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more