ခိုးလိုးခုလု

in #hive-1221332 years ago

img_0.17663406410364166.jpg

တစ်နေ့မနက်ကပေါ့။

ကျမတို့ညီအမ‌လေးယောက် နှစ်ပြကျော်မှာရှိတဲ့ ရှမ်းခေါက်ဆွဲ ဆိုင်ကို သွားစားကြတယ်။ အိမ်နား လေးမှာ ရှမ်းခေါက်ဆွဲဆိုင်တွေရှိပေမယ့် အဲ့ဆိုင်က အရသာ ပိုကောင်းလို့ တကူးတက သွားစားရတယ်။ ခါတိုင်းတော့ အိမ်ကတူမက သွားဝယ်ပေးပေမယ့် အဲ့နေ့မနက်ကတော့ ညီအမလေးယောက် ဆုံတွေ့တုန်းလေးဆိုပြီး လမ်းလျှောက်ရင်း သွားစားကြတယ်။

ရှမ်းသည်အမကြီးက ကျမအမဘာစားတတ်တယ်ဆိုတာ သိပေမယ့် ကျမတို့ကကျ အမြဲပြောင်းပြီး စားကြတော့ သူက ဘယ်လိုပြင်ပေးရမလဲ မမှတ်မိဘူး။

မှတ်မှတ်ရရ အဲ့နေ့က အားလုံးရှမ်းခေါက်ဆွဲ အခြောက်သုပ်ပဲ စားကြတာ။ အမကြီးကတော့ ဝက်သားနဲ့ ကျန်ကျမတို့ ညီအမသုံးယောက်က ကြက်သားနဲ့စားကြတယ်။ ရှမ်းခေါက်ဆွဲဆိုင်ကလည်း လူကျလိုက်တာ။ ကိုယ့်အလှည့် ရောက်ဖို့ တော်တော်စောင့်ရတယ်။ ရှမ်းဆိုင်က အကူကောင်မလေးတွေလဲ မနားရဘူး။

ဒါတောင် ကိုယ်တွေသွားတာ မနက်ခြောက်နာရီကျော်ပဲ ရှိသေးတယ်။ ကျမတို့တွေလဲ မုန့်ပွဲလာချတော့ ဝေ့ဝိုက် မနေတော့ဘူး။ ခပ်သုတ်သုတ်စားပြီး ငွေရှင်းဖို့ အကူကောင်မလေးကိုခေါ်လိုက်တယ်။

"ညီမလေးရေ ရှင်းမယ်နော်။ဘယ်လောက်ကျလဲ။"

ကောင်မလေးကြည့်ရတာ အသစ်ထင်ပါရဲ့။ ပုံစံက အူတူတူလေး။ ကျမတို့ ရှမ်းခေါက်ဆွဲကို ဘာနဲ့ ဘယ်လိုစားလဲ မမှတ်မိ။ ကျသင့်ငွေတွက်ခိုင်းတာကို အီး...အဲ လုပ်နေတယ်။ ဒါကိုဆိုင်ရှင်က လှည့်ကြည့်ပြီး မြင်သွားတော့ သူ့နေရာကနေ ကျမတို့ ဘာစားတယ်ဆိုတာ လှမ်းအော်ပြောပြတယ်။ အဲ့ခါကျမှ ကောင်မလေးက တွက်တတ်သွားပြီး ကျသင့်တန်ဘိုးကို ပြောပြလို့ ငွေရှင်းပြီး အိမ်ပြန်လာကြတယ်။

ကျမမှာသာ ဆိုင်ရှင်လှမ်းအော်ပြောတဲ့ စကားကြောင့် စိတ်ထဲ ခိုးလိုးခုလုကြီး ဖြစ်နေခဲ့တယ်။

သူလှမ်းအော်တာက "မမကြီးကဝက်၊ ကျန်တဲ့သုံးယောက်ကကြက်" တဲ့။

သူပြောတာလဲ တစ်ခုတော့မှန်ပါတယ်။ ကျမတို့အမကြီးက တော်တော်ဝတာ။ နောက်တစ်ခုကတော့ မမှန်ဘူးနော်။

အဲ့ဒါလာပြောတာ။

@nweoomon
14-5-2022

Sort:  

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(2/5) tipped @nweoomon (x1)

Learn more at https://hive.pizza.

အင်း အသားဟင်းတွေကြီးပါပဲ။ 😅

တော်သေးတာပေါ့... ကြက်သားနဲ့ ဝက်သားမို့လို့... ဟို အစ်မတယောက်က ဆတ်... ဆိုရင် ...!LOL

အဟီး အတော်ဆိုးတဲ့ရှမ်းသည် ကြက်သား ဝက်သား
အသားလေး ထဲ့ပြောဖို့ တွန့်တိုချက်။
!LOL
!PIZZA

Did you hear about the lobster that got a job at pizza hut?
He's working in the crust station.

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/6)

Whoever is directly controlling the V2K told me to kill myself.
They told me if I killed myself now it would save the lives of countless others.
Saying the longer I wait to kill myself the more people will suffer.


They are reckless and should have shown the proper media what they had before taking me hostage for 5 years. I know there are many in prison that dont deserve to be there because of this. Your stay in prison will not be fun @battleaxe and friends. People are going to want you dead when they find out what you did. I hope you die a slow painful death. You sick mother fuckers.

https://peakd.com/gangstalking/@acousticpulses/electronic-terrorism-and-gaslighting--if-you-downvote-this-post-you-are-part-of-the-problem

Its a terrorist act on American soil while some say its not real or Im a mental case. Many know its real. This is an ignored detrimental to humanity domestic and foreign threat. Ask informed soldiers in the American military what their oath is and tell them about the day you asked me why. Nobody has I guess. Maybe someone told ill informed soldiers they cant protect America from military leaders in control with ill intent. How do we protect locked up soldiers from telling the truth?