လူရင်းထိုးတဲ့ ဓားက ပိုနက်တယ်

in #hive-1221332 years ago

img_0.7524456834195228.jpg

လောကကြီးမှာ လူရင်းထိုးတဲ့ ဓားက ပိုနက်တယ်တဲ့။ ဒီစကားကို ကြားဖူးပေမယ့် ခုမှပဲ ကြုံရတော့တယ်။ ကိုယ့်တွေ့ တော့မဟုတ်။

နှစ်လုံးထီလက်ခွဲရောင်းသော အသိတစ်ဦးရှိသည်။ ဟိုယခင် တုန်းကတော့ လက်ရေးနှင့်ရေးပြီးရောင်းသည်။ နောက်တော့ ခေတ်နှင့်အညီကွန်ပျူတာနှင့် ရောင်းလာကြသည်။ ထိုအသိ ရောင်းသော ရပ်ကွက်ထဲကလူတွေက ဘယ်ကဘယ်လို တွက်ချက်ပြီးထိုးကြသည်မသိ။ သူများဒိုင်တွေ စားရရင်တောင် သူ့ဒိုင်က ပေါက်သီးအား ကောင်းသည်။ ဘယ်လောက်တောင် ပေါက်ကြသလဲဆို နေ့ခင်းထွက်သည့်ဂဏန်း ညနေပြန်ထွက် လျှင်တောင် ပေါက်ကြတာများသည်။ သူ့မှာ ဘယ်တော့မှ လွတ်လွတ်ကျွတ်ကျွတ် စားရသည်မရှိ။

လောင်းကစားက ထိုးသားတွေသာမွဲသည်။ ဒိုင်တွေသာ ချမ်းသာသည်ဆိုပြီး တချို့ကပြောသည်။ ထိုစကားမမှန်ဟု ကျမကထိုအသိကို နမူနာယူပြီး ပြောတတ်သည်။ သို့ပေမယ့် ယခုတော့ အဖြစ်အပျက်တစ်ခုကြောင့် လက်ခံလိုက်ပါပြီ။ အဖြစ်မှန်ကဒီလိုဖြစ်သည်။

ထိုအသိတွင် နှစ်လုံးထီစက်ရိုက်သူ သုံးဦးရှိသည်။ ယောင်္ကျား လေးနှစ်ဦး၊ မိန်းကလေးတစ်ဦး။ ထိုမိန်းကလေးကပိုင်ရှင်သမီး။ မိန်းစက်ကိုကိုင်သူက နှစ်လုံးထီရိုက်ကျွမ်းကျင်သူ အပြင်လူ။ ကျန်တစ်ယောက်ကတော့ ပိုင်ရှင်၏တူ။ သူတို့နှစ်လုံးထီ လောကပြောပုံအရတော့ ဘရိတ်ဖြတ်တာ၊ ကော်မရှင်ပေး အဆ(၈၀)၊ ကော်မရှင်မပေး အဆ(၉၀)၊ နောက်ပြီး ကျွံဂဏန်း တွေကို ဘယ်လိုကြည့်ရသည် စသဖြင့် ရှုပ်ထွေးလှသည်။

ပိုင်ရှင့်သမီးကတော့ ဒါတွေမကျွမ်းကျင်သလို စိတ်မဝင်စား၊ သူမကတော့ လာထိုးသူရှိလျှင် စက်ရိုက်ပေးလိုက်ယုံ။ တူဖြစ် သူကလည်း ဖာသိဖာသာ။ ထိုအသိက နေအိမ်က တစ်နေရာ၊ စီးပွားရေးလုပ်တာတစ်နေရာဆိုတော့ ညနေဂဏန်းထွက်ပြီး လျှင် ပေါက်သီးငွေများကို တူဖြစ်သူကို အပ်ပြီး သမီးနှင့်အတူ အိမ်ပြန်လာတတ်သည်။ ထိုတူကသာ ပေါက်သီးဂဏန်းများကို လျော်ရန်ကျန်ခဲ့တတ်သည်။

တစ်ရက်ကျတော့ ထိုတူက ပေါက်သီးလာလာထုတ်တတ်သည့် သူကို သတိထားမိလာသည်။ ထိုလူသည် လာထိုးတာတော့ မမြင် ပေါက်သီးများလာထုတ်လျှင်တော့ ညနေမှလာတတ်ပြီး ထိုးကြေးနည်းနည်းလေးနှင့် အကွက်ကြီးများသာပေါက်တတ် သည်ကို ဦးစွာဂရုပြုမိသည်။ နေ့တိုင်းလိုလို နေ့နှင့် ညပေါက် ဂဏန်းကို ညနေကျမှသာ ထုတ်တတ်သည်ကို သတိထားမိရင်း ထိုလာထုတ်သည့် သူမှာ သူတို့နှင့်အတူ မိန်းစက်ကို ရိုက်နေသည့်လူ၏ အမျိုးဖြစ်နေသည်ကို သတိထားမိသွား သည်။

ထိုသို့ သတိထားမိမိချင်း မိမိအလုပ်ရှင်ကို ဖုန်းဆက်ပြီး လှမ်း ပြောသည်။ နောက်တစ်နေ့ရောက်တော့ အလုပ်ရှင်က ထိုသူ လုပ်တတ်ပုံနည်းလမ်းကို စဉ်းစားပြီး အမိဖမ်းတော့သည်။ ထိုသူကတော့ ကွန်ပျူတာအမှားဆိုပြီး လွှဲချသည်။ ပိုင်ရှင်ကတော့ နင်ကလိန်ကကျစ်လုပ်တာမပြောယုံတမယ် သက်သေသက္ကာယနှင့် ပြောတော့ ထိုလူ့မျက်နှာ ဇီးရွက်လောက်သာ။

နိဂုံးချုပ်ရရင်တော့ ထိုသို့ လက်ပူးလက်ကြပ်ဖမ်းမိချိန်မှစ၍ ထိုဒိုင်လည်း အလျော်အစား နည်းသွားတော့သည်။ လူရင်းထိုး သည့်ဓား ပိုနက်သည်ဆိုတာ တကယ်မှန်သည်။

@nweoomon
8-4-2022

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @nweoomon.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(2/5) tipped @nweoomon (x1)

Learn more at https://hive.pizza.

လောဘသားတွေလေ အဲ့သလိုလောကမှာ ပိုဆိုးတာပ။
!PIZZA
!LOL

အမှန်ပဲ

How many tickles does it take to tickle an octopus?
Ten- tickles

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)