မေးလိုက်တယ် ဖြေစမ်းကွယ်

in #hive-1221333 years ago

img_0.50798586855398.jpg

ကဲ… ဒီနေ့တော့ ကြံရာမရလို့ Hive အဖွဲ့က မောင်နှမတွေကို ဦးနှောက်နည်းနည်း အလုပ်ပေးအုံးမယ်နော်။ ဟိုအရင်တစ်ခါက မေးသလိုမျိုး ပဟေဠိလေး ဖွက်ချင်လို့ပါ။ အပျင်းပြေပေါ့။ ကိုယ့်မှာ စာရေးစရာ အိမ်နီးချင်း အကြောင်းရော၊ ကိုယ့်အမတွေအကြောင်းကရော ကုန်သလောက်ရှိပြီ ဆိုတော့ တတ်နိုင်ဘူး။ ဒီလိုပဲ ပိုစ့်တင်ဖို့ ကြံရဖန်ရတော့တာပါပဲ။

တကယ်တော့ ကျမကိုယ်တိုင်လည်း ပဟေဠိတွေ၊ ဉာဏ်စမ်းတွေ ဖြေရတာ သဘောကျလို့ပါ။ အရမ်းခက်တာကြီးတွေတော့ မကြိုက်ဘူး ပေါ့။ ခုမေးမှာက မြန်မာနို်ငငံက မြို့တွေအမည်ကို မေးမှာဆိုတော့ တော်တော်များများဖြေနိုင်ကြမှာပါ။ မဖြေနိုင်လည်း ဘာမှမဖြစ်ဘူး လေ။ အပျော်ပေါ့နော်။

စစ်ပွဲနိုင်ရင် အသုံးပြုတဲ့မြို့

ရေမတင်တဲ့မြို့

ဘုန်းကြီးများ ဆွမ်းမဝသောမြို့

ဘုရင်အခြောက်အုပ်ချုပ်သောမြို့

ရွလိုက်တာ၊ ပွမ်လိုက်တာလို့ပြောချင်ရင် အဲ့မြို့အမည်ကို
နှစ်ခါရွတ်လိုက်တယ်။

အပေါက်မရှိတဲ့မြို့

မဖတ်ဘူးပြောတဲ့မြို့

ဈေးအနည်းဆုံးမြို့

လူ့ခန္ဓာကိုယ်အတွင်းထဲကမြို့

၁၀ အာမထိလျှာမထိမြို့

၁၁ တိရိစ္ဆာန်ကြီးတစ်ကောင် ကိုယ့်ကိုကြည့်နေတဲ့မြို့

၁၂ ဗိုက်ကြီးသည်တွေ ကောက်စိုက်တဲ့မြို့

@nweoomon
27-2-2022

Sort:  

၁ အောင်လံ
၂ ရေဆင်း
၃ သပိတ်ကျင်း
၄ မင်းပြား
၅ ဖလမ်း
၆ အလုံ
၇ ရေး
၈ တမူး
၉ ဝမ်းတွင်း
၁၀ ဝေါ
၁၁ လားရှိုး
၁၂ ဇီးကုန်း

ဖြေနိုင်ကြလား

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(2/5) tipped @nweoomon (x1)

You can now send $PIZZA tips in Discord via tip.cc!

ဂွမြို့

နံပတ်လည်းမပါဘူး

အာမထိ ဘာမထိလေ😀

၁။ေအာင်လံ
၄။ချောက်မြို့ ဟုပ်လားမသိဘူး 😝😝

မေးလိုက်စမ်းအုံးမယ် အသက်အငယ်ဆုံးမြို့ 😁😁

၄ က မင်းပြား

3 သပိတ်ကျင်း
11 လားရှိုး
10 ဝေါ မြို့

တော်တယ်

I needed to buy a new pan to stir fry a large meal
I decided to go for a wok.

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

အပေါက်မရှိတဲ့မြို့ - အလုံမြို့

မှန်ပါတယ်

၁ ကနေ ၁၂ အထိမသိလို့ ကော်မန့် အရင်ဝင်ကြည့်တာ ငါတယောက်တည်းလား? 😁😁😁

နည်းနည်းလောက်စဉ်းစားပါအုံး