တလှုပ်လှုပ် တကုပ်ကုပ်

in #hive-1221333 years ago

img_0.24866406396429383.jpg

ဒီရက်ပိုင်း ကျမအလုပ်တော်တော်ရှုပ်နေသည်။ သိတဲ့အတိုင်းပဲ အိမ်အလုပ်ဆိုတာ ဝင်ငွေသာမရတာ။ လုပ်မယ်ဆိုလို့ကတော့ လုပ် စရာတွေချည်းပေါ့။ လပြည့်မတိုင်ခင်က ထမနဲထိုးဖို့အတွက် အလုပ် များရ။ နောက် ထမနဲဝေပြီးတဲ့အခါမှာတော့ ဒယ်အိုးတွေ အိုးခွက် ပန်းကန်တွေ တိုက်ရချွတ်ရဆေးကြောရနှင့် ကိုယ်တစ်ယောက် တည်းလုပ်ရတာ မဟုတ်ပေမင့် ဘာပဲလုပ်လုပ်ကိုယ်ပါရတော့ တလှုပ်လှုပ်နှင့် နားရသည်မရှိ။

ထိုသို့ တလှုပ်လှုပ် လုပ်နေသည်ကပင် ကျန်းမာစေသည်လားမသိ။ ယခု တစ်အိမ်လုံးလိုလို နေမကောင်းဖြစ်နေကြသည်များတွင် ကျမ မပါပေ။ အမတွင် နောက်ထပ်အိမ်တစ်လုံးရှိသေးသည်။ ထိုအိမ်တွင် နောက်ထပ်အမတစ်ယောက်က သားလင်မယားနှင့်အတူနေသည်။ လွန်ခဲ့သော ဆယ်ရက်ခန့်ကတော့ ထိုနေရာတွေ၏ ပိုင်ဆိုင်မှုမှာ စိတ်မချရသောကြောင့် အမက ရောင်းဖို့ပြင်သည်။

တကယ်တမ်းတော့ အမက ထိုအိမ်ကို မရောင်းချင်။ ထိုနေရာသည် ဈေးနှင့်နီးသလို အကွက်အကွင်းလည်း ကောင်းသောကြောင့် မရောင်းလိုခြင်းဖြစ်သည်။ သို့ပေမယ့် ထိုနေရာမှပိုင်ရှင်များက လည်း အသီးသီးရောင်းနေကြသဖြင့် ကျမတို့ကဝိုင်းဝန်း တိုက်တွန်း သဖြင့်သာ ရောင်းဖြစ်သွားသည်။ ရောင်းပြီဆိုမှတော့ ထိုအိမ်တွင် နေသောအမတို့ တခြားနေရာတွင် အိမ်ဆောက်မပြီးမချင်း အမက ယခုလက်ရှိအိမ်တွင် အတူလာရောက်နေထိုင်ရန် ခေါ်ထားသဖြင့် အိမ်တွင် ကျမတို့ညီအမလေးယောက် စုစုဝေးဝေးနေထိုင်ရန် အကြောင်းဖြစ်လာသည်။

အိမ်ကကျယ်သလို လူတွေကများလာသဖြင့် လုပ်စရာအလုပ်တွေ လည်း ပိုလာသည်။ အိမ်အလုပ်များကို အားလုံးကအသီးသီးဝိုင်းဝန်း လုပ်ဆောင်ကြသဖြင့် ပျော်စရာကောင်းပါသည်။ ထိုအထဲတွင် မနေ တတ်သော ကျမကတော့ အလုပ်ပိုများပါသည်။ မျက်လုံးထဲ အမြင် မတော်တာတွေ့လျှင် လိုက်လုပ်နေသောကြောင့် ထိုင်နေရသည် ဟူ၍ မရှိ။ အိမ်ရှိလူအားလုံးတွင်လည်း ကျမတစ်ယောက်သာ ကျန်းမာစွာဖြင့် ရှိနေသဖြင့် ဘာလေးနေနေ ကိုယ်ကပဲ လုပ်နေရသည်။

အိမ်ရှင်အမက လူက ဝရသည့်အထဲ ယခုရက်ပိုင်းမှ သွေးတိုး နေမကောင်း၊ သူ့ချွေးမက ကိုယ်ဝန်နှင့်။ တူမအပျိုကတော့ ဘာမှ မလုပ်ချင်။ ညီမက ခုရက်ပိုင်းမှ အုံးလွဲတာ သွားနှိပ်လိုက်သဖြင့် ဇက်ခိုင်နေသည်။ နောက်အမတစ်ယောက်က ဒူးမကောင်းသဖြင့် ဘာမှ သိပ်မလုပ်နိုင်။ ဟော…နောက်ထပ်တူတစ်ယောက်ကတော့ တစ်နေ့က နည်းနည်းလောက်သောက်ပြီး ဆိုင်ကယ်မှောက်တော့ ယခုထော့ကျိုး။ သူ့မိန်းမကတော့ မိုးလင်းမိုးချုပ်အလုပ်မှာ။ တူမငယ်ကတော့ ကလေးဆိုတော့ ခိုင်းသလောက်သာ လာဘ်မမြင် ဆိုတော့…ကျမ…ကျမပါပဲ။

ကိုယ်က ဟင်းတစ်မျိုးသာမချက်ရတာ။ ရေခဲသေတ္တာထဲ၊ သောက် ရေအိုးထဲ ရေဖြည့်ရန်က ကိုယ့်အလုပ်။ အမက အပင်စိုက်ဝါသနာ ပါတော့ သူ့အပင်တွေ ကိုယ်မပြုစုရပေမယ့် မြေဆွတာ၊ ရေလောင်း တာမှာ ကိုယ်ပါမှ။ မီးပူက ညီမနှင့် တစ်လှည့်စီတိုက်ရပေမယ့် ခုတော့ သူကနေမကောင်းတော့ ကိုယ့်အလှည့်ချည်း။ စားပြီးသား ပန်ကန်တွေ ဆေးသွားပေမယ့် ဟင်းပန်ကန်တွေလဲလှယ်၊ ဒယ်အိုး ဆေးတာ ကိုယ့်တာဝန်။

တချို့အိမ်အလုပ်တွေက ကိုယ်လုပ်မယ်လို့ မပြောပေမယ့် ကိုယ့် တာဝန်လိုဖြစ်သွားရတာတွေ အများကြီး။ ဒီလိုပြောတာက အိမ်အလုပ်တွေ မလုပ်ချင်လို့မဟုတ်။ ကိုယ့်ရဲ့ အမြင်မတော်ရင် မနေတတ်တဲ့ အကျင့်ကြောင့် ထိုကိစ္စများကို တလှုပ်လှုပ်လုပ်နေ ရင်း နားချိန်မရှိတာကို ပြောလိုခြင်းသာ။ ယခုရက်ပိုင်း ဖုန်းတောင် မကြည့်ဖြစ်။ ညရောက်လျှင်တော့ အမအလုပ်က စာရင်းဇယားများ ကို ကူညီလုပ်ကိုင်ပေး။ နောက်ကျောတက်တတ်သော အမကို ဆေးလူးနှိပ်နယ်ပေးရင်း ညကိုးနာရီကျော်မှသာ အေးအေး ဆေးဆေး လိုင်းတက်ဖြစ်တော့သည်။ ထိုအချိန်ကျတော့ ခဏတဖြုတ်သာကြည့်နိုင်ပြီး တနေကုန်ပင်ပန်းတာတွေကြောင့် မျက်လုံးများက မကြည့်နိုင်တော့။ ဒီလိုနှင့်သာ သံသရာလည် နေတော့သည်။

@nweoomon
20-2-2022

Sort:  

အိမ်အလုပ်ဆိုတာကလေ ကျန်းမာရေးကောင်းတာပေါ့😁

ဟုတ်။ တကုတ်ကုတ်ဆိုတော့လည်း...

အဲဒါမျိုး အိမ်အလုပ်ဆိုတာ ကြုံဖူးတယ်။ ကိုယ်ကအိမ်မှာနေ အလုပ်ကို လက်ကချမရအောင် လုပ်နေပေမယ့် တနေကုန်သာ ကုန်သွားတယ် ဘာလုပ်ထားလည်းပြစရာမရှိ😅 လူကလည်းတချက်မှ မနားရ ဟိုဟာပြေးလုပ် ဒီဟာ ပြေးလုပ်နဲ့ကို မအားရဘူး !PIZZA

ဟုတ်ပါ့။ အလုပ်ရယ်လို့ပြစရာမရှိတာ။ တနေကုန်မနားရဘူး။

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@callmemaungthan(2/5) tipped @nweoomon (x1)
htwegyi tipped nweoomon (x1)

Learn more at https://hive.pizza.

Congratulations @nweoomon! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You made more than 3500 comments.
Your next target is to reach 4000 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from February day 17
Support the HiveBuzz project. Vote for our proposal!

အေးပါကွယ် အိမ်အလုပ်က ပြောလို့တာမရတာ အတော်များသပ။
!PIZZA
!LOL

If at first you don't succeed...
... sky diving is not for you!

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

အာ့ကြောင့်ပါ။ မပင်ပန်းပေမယ့်မနားရဘူး။

အဲဒီ အလုပ်လဒ် မမြင်တဲ့ အကြောင်း .... ခိုင်းရင် ခိုင်းတဲ့ အတိုင်းသာ လုပ်တတ်တာလောက် အသည်းယားတာ မရှိဘူး... ပြောစရာမလိုပဲ ကောက်မလုပ်တတ်တဲ့ အကျင့်.... လုပ်ငန်းခွင်ထဲများရောက်ရင် ခက်ရချေသေးရဲ့.... အိမ်မှာလည်း ရှိပါ့... ဝမ်းကွဲ တူ တူမတွေ...ပြောလိုက်ရင် မျက်စိမျက်နှာပျက်နေပြီ။

ဟုတ်တယ်။ သူတို့ပြောရင် ကိုယ်ကပဲ လျှာရှည်ရာရောက်တယ်။ ကိုယ့်ဖာသာ လုပ်လိုက်တော့ အလုပ်တော့ပြီးတယ်။