ရည်မှန်းမထားသော ဘဝ

in #hive-1221333 years ago

img_0.5663026641312128.jpg

ကျမဒီရက်ပိုင်းမှာ စာရေးကျဲနေပါသည်။ လူကလည်း နေမကောင်းဖြစ်သလို စိတ်တွေလည်း နည်းနည်းကျနေခြင်းလည်း ပါသည်။ ဘာလိုလိုနှင့် အမအိမ်မှာ ကပ်နေရတာ တစ်နှစ်ပြည့်ပြီဖြစ်သည်။ ဟိုအရင်ကတော့ နွယ်ဦးမွန်ဟာ တောက်ပတဲ့ကြယ်တစ်ပွင့်ပေါ့။ တောက်မည့် မီးခဲ တရဲရဲပေါ့။ ကိုယ့်အလုပ် ကိုယ့်နေရာမှာ ကျမသာ ဘုရင်မ၊ ကျမသာ အခရာ…။

ခုတော့…..။

ကျမတို့ စိတ်တူကိုယ်တူ ဒီလမ်းကိုရွေးပြီးလျှောက်ခဲ့ကြသည်။ အမှန်အတိုင်းဝန်ခံရရင်တော့ ဒီလောက်မကြာဘူးထင်၍ ဒီလမ်းကို ရွေးခဲ့ခြင်းဖြစ်သည်။ ဒီဇာတ်လမ်းမှာ ကိုယ်လဲ တစ်တပ်တစ်အား ပါဝင်လိုခြင်းကြောင့်လည်း ဖြစ်ပါသည်။ အများပြောသလို လိပ်ပြာလုံချင်လို့ပေါ့။ သို့ပေမယ့် ဒီဇာတ်လမ်းသည် မအေးအေးဝင်းစီစဉ်သည့် ဇာတ်လမ်းမဟုတ်ပေ။ ဒီတော့ ဇာတ်ချိန်ကြာမြင့်မည်။ ဘယ်အချိန်ပြီးမည်မသိပေ။ ကိုယ့်တာဝန်ကတော့ ဇာတ်လမ်း ဆုံးသွားသည့်အထိ တောင့်ခံထားဖို့ သာရှိသည်။

ကျမဒီလို တောင့်ခံနိုင်သည်ကလည်း ကျမရဲ့ အမကောင်းလို့ သာဖြစ်သည်။ သွေးသားရင်းများပေမယ့် ကျမနှင့်အတူ ကျမကို မှီခိုနေသူတွေကိုပါ နေစရာ၊ စားစရာပေးထားသည်မှာ ကျေးဇူးကြီးမားလှပါသည်။ ထိုကျေးဇူးကို
တနည်းတဖုံဆပ်သော အားဖြင့် အမြဲလိုလို မကျန်းမာဖြစ်နေတတ်သော ကျမအမကို တတ်နိုင်သမျှ ဝတ်ကြီးဝတ်ငယ်ပြုစုရင်းဖြင့် ကျေးဇူးကြွေးကို ဆပ်နေပါသည်။

အမအရိပ်အောက်မှာ နေစရာစားစရာ မပူပင်ရသော်လည်း သုံးဖို့စွဲဖို့တော့ ပူပန်စရာရှိလာပါသည်။ ဘယ်လောက်ပင်ပြည့်စုံအောင် ထားပေမယ့်လည်း ကိုယ်ပိုင်ငွေတော့ ရှိသင့်သည်မဟုတ်ပါလား။ ကျမတို့လို ရုံးဝန်ထမ်းများဆိုသည်မှာလည်း ရုံးနှင့် အိမ်၊ အိမ်နှင့် ရုံးသာအနေများကြရာ တခြားထမင်းစားပညာဟူ၍ တတ်သူမရှိကြပေ။ တစ်ဦးတစ်လေမှလွဲ၍ပေါ့။

အခြားအလုပ် လုပ်မည်ဆိုလည်း ယခုအချိန်မှာ အသက်အရွယ်က စကားပြောလာသည်။ ကိုယ်တွေက အိုဗာဖိုတိတွေ။ ဈေးရောင်းဖို့စဉ်းစားလိုက်တော့ အားလုံးဟာ ဈေးသည်တွေချည်း။ ပြီးတော့ ကျမနေရာမှာ ကျမထက်အရင် ဈေးရောင်းခဲ့သူများမှာ မရောင်းရ၍ အခြားအလုပ် ပြောင်းလုပ်သည့် သူတွေများနေသည်ဆိုတော့ ကိုယ်လဲ မစွန့်စားရဲ။

သူများထက် ထူးခြားအောင်လုပ်ဆောင်နိုင်လျှင် ကောင်းသည် ဆိုပေမယ့် ကိုယ်က ကိုယ့်အလုပ်ကလွဲလို့ ဘာပရော်ဖက်ရှင်နယ်မှ မရှိဆိုတော့ ခက်သားကလား။ စိတ်ထဲ မှာတော့ ကိုယ့်အရင်အခြေအနေနှင့် နှိုင်းယှဉ်မိတိုင်း အကုသိုလ်ဖြစ်ရသည်။ ဒင်းကြောင့်…..။ နို့မို့ ငါဒီလိုနေရမှာ မဟုတ်ဘူးဆိုပြီး တွေးမိတိုင်း ဆဲမိသည်။

ကိုယ်တွေရဲ့ ဘဝရည်မှန်းချက်က ရိုးရှင်းလှပါသည်။ ကိုယ့်တာဝန်ကိုယ် ကျေပြွန်အောင် အလုပ်လုပ်ရင်း နောက်ထပ်ရာထူးတိုးဖို့ ကြိုးစားမယ်။ အပြောင်း အရွှေ့ရှိရင်တောင် အတွေ့အကြုံရအောင် သွားမယ်။ ရုံးအုပ်ဘဝဖြင့် ပင်စင် ယူပြီး ပင်စင်စားဘဝဖြင့် နောင်ဘဝအတွက် ပြင်ဆင်မယ်။ ဒါတွေက ကျမ ရဲ့ ရည်မှန်းချက်။ ရိုးရိုးလေး။ ဘာအရောင်မျှမပါ။

ကိုယ့်ရည်မှန်းချက်ထဲမှာ ဈေးရောင်းတာမပါ။ အွန်လိုင်းရှော့ လုပ်တာမပါ။ ထမင်းဟင်းချက်တာမပါ။ အိမ်ပြောင်းဖို့မပါ။ အားလုံး မှန်းထားတာနှင့် အကုန်လွဲ။ ဒီတော့ ရပ်တည်ရခက်လာသည်။ ဒီတော့ ကိုယ်စုထားတဲ့ငွေလေးကို အမနှင့် အိမ်နီးချင်းအကူအညီနှင့် ဆိုင်ကယ်ဝယ်ရောင်းလုပ်ဖို့ပေးလိုက် သည်။ ဆိုင်ကယ်နှင့် ပတ်သက်၍ နကန်းတလုံးမှနားမလည်သောကျမ ထိုအိမ်နီးချင်း၏ အကူအညီဖြင့် ယခုတလော သုံးစွဲ စရာလေးရနေသည်။

img_0.37721004842613576.jpg

ဪ… ကိုယ်ကတော့ ကိုယ့်အမကောင်းမှုကြောင့် မပူမပင်နေရပါရဲ့။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘဝတွေရော ဘယ်လိုရှိနေမလဲ။ အခုနောက်ပိုင်း ကျမတို့တစ်တွေ ဖုန်းအဆက်အသွယ်သိပ်မရှိကြတော့။ အားလုံးက ဘဝအတွက် အသီးသီးရုန်းကန်နေကြမည်မှာမလွဲ။ ကျမရဲ့မောင်နှမတွေ အဆင်ပြေနေကြပါစေ။ တစ်နေ့နေ့တော့ ကျမချစ်သော၊ ကျမနှင့် စိတ်တူကိုယ်တူ မောင်နှမတွေနှင့် ကျန်းမာပျော်ရွှင်စွာ၊ ဝမ်းသာကြည်နူးစွာ စကားလက်ဆုံ ကျချင်ပါဘိ။

ထိုနေ့သည် မဝေးတော့ဘူးဟု ထင်ပါသည်။

ကျမကဲ့သို့ စိတ်တူကိုယ်တူမောင်နှမများလည်း ကျန်းမာပျော်ရွှင်အဆင်ပြေကြပါစေ….။

@nweoomon
23-2-2022

Sort:  

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(1/5) tipped @nweoomon (x1)

Learn more at https://hive.pizza.

ဒီလိုပါပဲ အမရေ ရည်းမှန်းမထားသော လမ်းတွေလျှောက်နေရတယ်

ဟုတ်ပါ့။ အားတင်းထားနော်

Yay! 🤗
Your content has been boosted with Ecency Points, by @nweoomon.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

တွေးထားတာက တစ်ခု
လက်တွေ့လုပ်ဖြစ်တော့ တစ်ခု !lol

အဲ့ဒါပြောတာ။

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

အဆင်ပြေဖို့အချိန် မျော်နေကြတာပါပဲလေ
ခရီးက အတော်ဝေးဝေး လျှောက်ခဲ့ကြပြီးပဲ။
!PIZZA
!LOL

How do trees get on the internet?
They log in.

Credit: dksart
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

ဆိုင်ကယ်တွေ မိတယ်မိုက်တယ် ။ ဆိုင်ကယ် ၀ယ်ရောင်းလေးလုပ်ရင်း Hive က ရှာရင်း ကြိုးစားထားပါအမရေ။ ဒီချိန်က လူတိုင်း အခက်အခဲ ကိုယ်စီပါပဲ။

ကြိုးစားနေပါတယ်။ ဆိုင်ကယ်ဝယ်ရောင်းက သူများကိုအားကိုးရတာမို့ ကြာရှည်မှာမဟုတ်ပါဘူး။
ခဏတဖြုတ်ပါပဲ။

အဆင်ပြေဖို့က အချိန်လိုမှာပါ အချိန်ဘာ်လောက်လိုတာလဲဆိုရင်တော့ .........

ဆိုင်ကယ်တွေကတော့ လန်းတယ်.. ဒါပေသိ ဒီအချိန် အဲသလို ဆိုင်ကယ် ဝယ်စီးသူတွေကော ရှိကြသလား..? အလုပ်နဲ့ ပတ်သက်ပြီးတော့... နည်းနည်းလေး ဆက်ပြီး တောင့်ခံထားလိုက်ပါ။ တချိန်ကြရင် ... နွယ်ဦးမွန် ရင်ဘတ်မှာ ရင်ထိုးလေး တခု နဲ့ ခေါင်းမော့ပြီး ရုံးတက်နိုင်ပါလိမ့်မယ်။ ရုံးအုပ် လောက်နဲ့တော့ ပင်စင်မယူပါနဲ့။ ဌာနခွဲမှူး / ဌာနမှူး လောက်တော့ လုပ်လိုက်ပါ။