အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၁၁)

in #hive-1221333 months ago

အားလုံး မင်္ဂလာပါ။

လိုဂိုကုထုံး (logotherapy) ဖြင့် ပိုမိုကောင်းမွန်စွာနေထိုင်ခြင်း - အဓိကသော့ချက်အချို့

(လိုဂိုကုထုံးဆိုတာက ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်းဟာ လူသားတွေကို အဓိကမောင်းနှင်တဲ့အား ဖြစ်တယ် ဆိုတဲ့ အယူအဆအပေါ် အခြေခံထားတဲ့ကုထုံးဖြစ်ပါတယ်)

  • ကျွန်တော်တို့က ဘဝအဓိပ္ပါယ်ကို ဖန်တီးတာ မဟုတ်ပါ။ ရှာဖွေတာဖြစ်ပါတယ်။ (ဘဝအဓိပ္ပါယ်ဆိုတာ ဖန်တီးယူရတာမျိုးမဟုတ်ဘူး၊ ရှာဖွေရတာမျိုးပါ။)
  • ကျွန်တော်တို့ဆီမှာ မတူညီတဲ့ အသက်ရှင်သန်ခြင်း အကြောင်းအရင်းကိုယ်စီရှိကြတယ်။ ဒီအကြောင်းအရင်းက နှစ်တွေကြာလာတာနဲ့အမျှ အကြိမ်ကြိမ် ချိန်ညှိခံရတာ ပြောင်းလဲတာ ခံရပါတယ်။
  • ပူပန်ခြင်းဟာ တစ်ခါတစ်လေ ကိုယ်ဖြစ်မှာ စိုးရိမ်တဲ့အရာကို တကယ် ဖြစ်ပေါ်စေတတ်သလို တစ်စုံ တစ်ခုကို အရှုးအမူးဖြစ်နေတာ၊ အရမ်း လိုချင်နေတယဆိုရင်လဲ အဲဒီဆန္ဒကို ပြည့်ဝဖို့ အတားအဆီး ဖြစ်စေနိုင်တယ်။
  • ဟာသ(အမြင်)ဟာ အဆိုးမြင်တဲ့သံသရာကို ဖြတ်တောက်စေတတ်ပြီး စိုးရိမ်ပူပန်တာကို သက်သာစေနိုင်ပါတယ်။
  • ကျွန်တော်တို့အားလုံးဟာ မြင့်မြတ်တဲ့အရာ ဒါမှမဟုတ် အလွန်ဆိုးဝါးတဲ့ အရာ‌တွေကို လုပ်နိုင် စွမ်းတယ်။ နောက်ဆုံးရလဒ်က ကျွန်တော်တို့ ကြုံ‌တွေ့နေရတဲ့ အခြေအနေအပေါ်မှာ မူတည်နေတာမဟုတ်ပဲ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာသာ မူတည်နေတာ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန်လေ့လာမှု- Viktor Frankl

ဂျာမနီနဲ့ နောက်ပိုင်း ကိုးရီးယားနဲ့ ဂျပန် မှာတည်ဆောက်ခဲ့တဲ့ ချွေးတပ်စခန်းတွေမှာ စိတ်ပညာရှင်တွေ အတည်ပြုနိုင်တာတစ်ချက်ကတော့ အသက်ရှင်ဖို့ အလားအလာအများဆုံးရှိသူတွေဟာ သူတို့တစ်တွေ စခန်းကလွတ်‌မြောက်ချိန်မှာ ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အကြောင်းကိစ္စရှိနေကြတဲ့သူတွေ၊ အသက်ရှင်သန်ဖို့ လိုအပ်တယ်လို့ ခံစားရသူတွေ ဖြစ်ကြတယ်ဆိုတာပါပဲ။ ဒီအချက်က Frankl အတွက် မှန်နေပါတယ်။ သူဟာ လွတ်မြောက်လာပြီးတဲ့နောက်မှာ လိုဂိုကုထုံး ကျောင်းကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပြီး သူကိုယ်တိုင်ကပဲ ဒီကုထုံး ကုသမှုရဲ့ ပထမဆုံးလူနာလည်းဖြစ်ပါတယ်။

Frankl က ရည်မှန်းချက်ပန်းတိုင်ရှိခဲ့ပြီး ဒါကို ဖြစ်မြောက်ဖို့ ကြိုးစားအားထုတ်ခဲ့တယ်။ သူဟာ Auschwitz အကျဥ်းစခန်းရောက်တဲ့ အချိန်မှာ စာအုပ်ထုတ်ဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့ သူ့ရဲ့သီအိုရီနဲ့ သုတေသန တွေပါတဲ့ လက်ရေးမူကြမ်းတွေကိုတစ်ပါထည်း ယူဆောင်လာခဲ့တယ်။ ဒါတွေ အသိမ်းခံရပြီးတဲ့နောက်မှာ ဒီစာ‌တွေကို ထပ်တစ်ခါ ပြန်ရေးဖို့က သူ့အတွက်တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်။ ဒီလိုအပ်ချက်က သူကို မောင်းနှင်ခဲ့တာဖြစ်ပြီး ချွေးတပ်စခန်းရဲ့ ထိတ်လန့် ကြောက်ရွံ့ဖွယ်နဲ့ သံသယတွေကြားမှာ သူရဲ့ ဘဝအဓိပ္ပါယ် ဖြစ်စေခဲ့တယ်။ နှစ်တွေကုန်ဆုံးလာချိန်မှာ အထူးသဖြင့် အူရောင်ငန်းဖျားဖြစ်ချိန်မှာ သူဟာ သူဆုံးရှုံးလိုက်ရတဲ့ စာမူထဲက အဓိက အရေးပါတဲ့ စကားလုံးလေးတွေ၊ စာသား အပိုင်းအစလေးတွေကို တွေ့သမျှစာရွက် အပိုင်းအစလေးတွေမှာ ချရေးထားဖြစ်ခဲ့တယ်။

image source: https://danielgaughan.com/blog/ikigai-the-japanese-reason-for-being/

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။

ဤအားလုံးကျန်းမာကြပါစေ။

@princekham
22nd Oct 2024
Myanmar

Sort:  

PIZZA!

$PIZZA slices delivered:
@princekham(1/10) tipped @myanmarkoko
myanmarkoko tipped princekham

Your content is knowledgeable.
Thank you!
!LUV
!PIZZA
!MEME

ဗဟုသုတရစရာများ မျှဝေပေးလို့ ကျေးဇူးပါ။

!PIZZA

Thanks!
!PIZZA !PGM