အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၃)

in #hive-12213311 days ago

အားလုံး မင်္ဂလာပါ။

Moai (မိုအိုင်): ချိတ်ဆက်ရှင်သန်ခြင်း

လူမှု့အဝန်းအဝိုင်းနဲ့ ရင်းနှီးချစ်ခင်စွာ နေထိုင်ကြတာဟာ အိုကီနာဝါမှာ အစဥ်အလာ တစ်ခုပါ။ Moai (မိုအိုင်) ဆိုတာကတော့ တစ်ဦးနဲ့ တစ်ဦး ကြည့်ရှုစောင်မဖို့ စိတ်တူကိုယ်သူတွေ စုစည်းထားတဲ့ အုပ်စုအဖွဲ့ပါ။ ဒီလိုနည်းနဲ့ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတာဟာလဲ အီခီဂိုင်ရဲ အစိတ်အပိုင်းတစ်ခုပါ။ Moai (မိုအိုင်) ဆိုတဲ့ စကားလုံးဟာ ရှေးအရင်တုန်းက ကောက်ရိတ်သိမ်းချိန်မှာ ရိတ်သိမ်းသီးနှံအရနည်းတဲ့ တောင်သူကို အခြားတောင်သူတွေက ဝေမျှကြည့်ရှုပေးတာကနေ စခဲ့တာဖြစ်ပါတယ်။

source: https://sakura.co/blog/okinawa-japan-a-retreat-a-timeless-island-retreat

ဒီ Moai မှာပါဝင်သူတွေဟာ လစဥ် အုပ်စုငွေကြေးထည့်ဝင်မှု လုပ်ကြရပါတယ်။ ဒီငွေကို အဖွဲ့ဝင်တွေရဲ့စိတ်ဝင်စားတဲ့ ကစားနည်း ကစားတာ၊ ညစာတွေစားတာ၊ shogi လို့ခေါ်တဲ့ ဂျပန်ချက် ကစားနည်းကစားတာ တွေနဲ့ ဝါသနာပါရာ တစ်ခုခု လုပ်တာ စတာတွေအတွက် သုံးစွဲပါတယ်။ ပိုငွေရှိခဲ့ရင်လည်း ပမာဏတစ်ခု သတ်မှတ်ထားပြီး အဖွဲ့ ဝင်တွေကို တစ်လှည့်စီပေးပါတယ်။ ဒီလိုနဲ့ Moai မှာ ပါဝင်ခြင်းက အဖွဲ့ ဝင်တွေကို စိတ်ခံစားချက် နဲ့ ငွေကြေး ဆိုင်ရာတည်ငြိမ်မှုကို ရစေတာဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲပုံကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပုံစံချင်းကွဲပြားနိုင်ပေမယ့် ဒီလို အဖွဲ့ဝင်တွေကို ပိုင်ဆိုင်မှု ခံစားချက်နဲ့ ထောက်ပံ့နိုင်မှုပေးနိုင်တာတွေဟာ အဖွဲ့ဝင်တိုင်းကို စိတ်လှုံခြုံမှု ပေးပြီး သက်တမ်းပိုရှည် စေပါတယ်။

နောက်ပိုစ့်မှာ ဆက်ပါမယ်။ အားလုံးကျန်းမာကြပါစေ။

@princekham
7th Oct 2024
Myanmar

Sort:  

!hiqvote

PIZZA!

$PIZZA slices delivered:
asterkame tipped princekham
@princekham(1/10) tipped @htwegyi
htwegyi tipped princekham

Thanks for your nice content!
!LUV
!PIZZA
!MEME

!PIZZA
!MEME

Thanks!
!PIZZA !PGM

!MEME !PGM