အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၆)

in #hive-122133last month

အားလုံး မင်္ဂလာပါ။

စိတ်ဖိစီးမှု အနည်းငယ်က သင့်အတွက် ကောင်းတယ်

ပြင်းထန်တဲ့စိတ်ဖိစီးမှုမျိုး ရေရှည် ဖြစ်နေခြင်းဟာ အသက်ရှည်ခြင်းအတွက်ရော စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေး ကိုပါ ထိခိုက်နိုင်ပေမယ့် စိတ်ဖိစီးမှု အနည်းငယ်ရှိတာကတော့ အကျိုးရှိစေတယ်လို့ဆိုပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က စိတ်ပညာဆိုင်ရာ ပါမောက္ခ Dr. Howard S. Friedman တွေ့ရှိအချက်အရ စိန်ခေါ်မှုတွေကို တွေ့ကြုံပြီး ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားလုပ်ကိုင်နိုင်သူတွေဟာ သက်တောင့်သက်သာဘဝ နဲ့ နေထိုင်ပြီး စောစော ပင်စင်အနားယူတဲ့ သူတွေထက်ကို အသက်ပိုရှည်တယ်ဆိုတာပါပဲ။ ဒီတွေ့ရှိချက်အရ စိတ်ဖိစီးမှု အနည်းငယ်ရှိတာဟာ အပြုသဘောကို ဆောင်စေပြီး စိတ်ဖိစီးမှု အနည်းငယ်သာရှိသူတွေဟာ ကျန်းမာတဲ့အလေ့အထတွေကို တိုးတက်လုပ်ဆောင်နိုင်တာ ဆေးလိပ်၊ အရက်တွေကို လဲ အနည်းငယ်သာ သောက်သုံးကြတာကို တွေ့ရပါတယ်။

ကြာကြာထိုင်တာဟာ သင့်ကို အိုမင်းစေတယ်

အထိုင်များတဲ့ နေထိုင်မှုပုံစံဟာ သွေးတိုးရောဂါ၊ အဝလွန်ရောဂါတွေကို ဖြစ်စေပြီး အသက်ရှည်ခြင်းကို ထိခိုက်စေပါတယ်။ အထိုင်များခြင်းဟာ သွေးတိုးရောဂါ၊ မမျှတတဲ့ စားသောက်မှုပုံစံ၊ နှလုံးဆိုင်ရာ ရောဂါ၊ အရိုးပွရောဂါ နဲ့ ကင်ဆာရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ မကြာသေးမှီက တွေ့ရှိချက်တွေအရဆိုရင် ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း နဲ့ ကိုယ်ခံအား စနစ်မှာပါတဲ့ telomeres ပုံပျက်လာခြင်းကြောင့် ဆဲလ်နဲ့ အဲဒီကတစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အိုမင်းလာခြင်းဟာ ဆက်စပ်မှုရှိတယ်ဆိုတာပါပဲ။
ဒီပြဿနာဟာ အသက်အရွယ်နဲ့ မဆိုင်ပါ။ အထိုင်များတဲ့ ကလေး တွေဆိုရင်လဲ အဝလွန်ခြင်းနဲ့ ၄င်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ခံစားရနိုင်တာကြောင့် ငယ်ရွယ်စဥ်ကတည်းက ကျန်းမာပြီး လှုပ်ရှားတက်ကြွတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်စားသင့်လှပါတယ်။

အထိုင်များတာကို လျှော့ဖို့ မခဲယှဥ်းပါ။ သင့်ရဲ့ နေ့စဥ်လှုပ်ရှားတဲ့ အချိန်ဇယားကို အနည်းငယ် အားထုတ်ပြီး ပြောင်းဖို့သာလိုပါတယ်။

  • အလုပ်ကို လမ်းလျှောက်သွားပါ။
  • ဓါတ်လှေကား အစား လှေကားကို သုံးပါ။
  • သားရည်စာကို သစ်သီးနဲ့ အစားထိုးပါ။
  • အိပ်ရေး မှန်ပါစေ။
  • ကလေးငယ်တွေ တိရိစ္ဆာန်တွေနဲ့ ဆော့ကစားပါ။ ဒါမှမဟုတ် အားကစား တစ်ဖွဲ့ဖွဲ့မှာ ပါဝင်ပါ။
  • သင့်ရဲ့ နေ့စဥ် ဘဝလှုပ်ရှားပုံကို သတိထားကြည့်ပြီး မကောင်းတဲ့ အမှုအကျင့်တွေကို အပြုသဘောဆောင်တဲ့ အမှုအကျင့်တွေနဲ့ အစားထိုးပါ။

ဒီလို အပြောင်းအလဲလေးတွေလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို နုပျိုစေပြီး အသက်ကိုလည်းရှည်စေမှာ ဖြစ်ပါတယ်။

source: https://dailyfocus.co.ke/ikigai-the-japanese-concept-about-self-discovery-and-longevity-of-life/

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။

ဤအားလုံးကျန်းမာကြပါစေ။

@princekham
12th Oct 2024
Myanmar

Sort:  

PIZZA!

$PIZZA slices delivered:
asterkame tipped princekham
@princekham(1/10) tipped @asterkame

Gained knowledge from your post!
!LUV
!PIZZA
!MEME

@princekham, @asterkame(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

Made with LUV by crrdlx

Glad to hear that! Thanks for comment!
!LUV !PIZZA !MEME