အားလုံး မင်္ဂလာပါ။
မော်ဒယ် တွေ့ရဲ့ လျို့ဝှက်ချက်
ကျွန်တော်တို့ဟာ ခန္ဓာကိုယ် အတွင်းပိုင်းနဲ့ အပြင်ပိုင်း တစ်ပြိုင်ထဲ အိုမင်းလာတယ်ဆိုပေမယ့် လူတွေရဲ့ အသက်ကို ပိုင်းဖြတ်တဲ့အခါမှာတော့ အပြင် အသားအရည်ကို ကြည့်ပါတယ်။ မော်ဒယ်အနေနဲ့ အသက်မွေးကြသူတွေဟာ သူတို့ရဲ့ ဖက်ရှင်ရိုးပြုလုပ်မယ့် ရှေ့တစ်ရက်မှာ ၉ နာရီနဲ့ ၁၀ နာရီကြား အိပ်စက် အနားယူကြတယ်ဆိုပါတယ်။ ဒီလိုပြုလုပ်ခြင်းက သူတို့ရဲ့ အသားအရည်ကို တင်းမာပြီး အသားအရည်တွန့်ခြင်းကိုလျော့ချတဲ့အပြင် ဝင်းလက်ကျန်းမာတဲ့အသွင်အပြင်ကို ရစေနိုင်ပါတယ်။
သိပ္ပံပညာအဆိုအရ အိပ်စက်ခြင်းဟာ အသက်ရှည်ခြင်းရဲ့ အကြောင်းဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလို အိပ်စက်ခြင်းက ကျွန်တော်တို့ခန္ဓာမှာ သဘာအလျှောက်ဖြစ်ပေါ်တဲ့ melatonin ဟော်မုန်းကို ထုတ်ပေးလို့ပဲ ဖြစ်ပါတယ်။ pineal ဂလင်းက ၄င်းကို neurotransmitter serotonin ကတစ်ဆင့်နေ့ည စည်းချက်ညီ ခြင်းကနေ ထုတ်ပေးတာဖြစ်ပြီး ဒီဟော်မုန်းက ကျွန်တော်တို့ အိပ်စက် နိုင်းထခြင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။
ဒီအစွမ်းထက်လှတဲ့ antioxidant တစ်မျိုးဖြစ်တဲ့ melatonin ဟာ ကျွန်တော်တို့ကို အသက်ရှည်စေပြီးတော့ အောက်ပါအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ ၄င်းဟာ
- ကျွန်တော်တို့ရဲ့ ကိုယ်ခံအားကို ကောင်းစေတယ်။
- ကင်ဆာကို ကာကွယ်ပေးတဲ့ အရာတွေပါတယ်။
- သဘာဝအရ အင်ဆူလင်ထုတ်ပေးဖို့ အကူအညီပေးတယ်။
- Alzheimer ရောဂါစတင်ဖြစ်ပွားခြင်းကို နှေးစေနိုင်တယ်။
- အရိုးပွရောဂါကို ကာကွယ်ပေးပြီးနဲ့ နှလုံးရောဂါကို တိုက်ဖျက်ပေးတယ်။
ဒါကြောင့်မို့ ငယ်ရွယ်နုပျိုတာကို ထိန်:ဖို့ melatonin ကကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်တယ်။ ဒါပေမယ့် မှတ်သားရမှာ တစ်ခုကတော့ ဒီ melatonin ထုတ်လုပ်မှုဟာ အသက် သုံးဆယ်ကျော်လာတာနဲ့ လျော့လာတာပါ။ ဒါကို ပြန်ပြီးဖြည့်ဆည်းဖို့ဆိုရင်
- မျှတတဲ့အစာနဲ့ ကယ်ဆီယမ်ကို စားသုံးပေးပါ။
- နေ့တိုင်း မပူပြင်းလွန်းတဲ့ နေရောင်မှာ နေပူစာလှုံပါ။
- အိပ်ရေ:ဝဝ အိပ်ပါ။
- စိတ်ဖိစီးမှု၊ အရက်၊ ဆေးလိပ် နဲ့ကဖင်းဓါတ် (caffeine) တို့ဟာ အိပ်ရေးပျက်စေပြီး ကျွန်တော်တို့လိုအပ်တဲ့ melatonin ကို ဆုံးရှုံစေနိုင်တာမို့ ရှောင်ကျဥ်ပေးပါ။
image source: https://reclaim.ai/blog/ikigai
ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။
ဤအားလုံးကျန်းမာကြပါစေ။
@princekham
14th Oct 2024
Myanmar