ဆိုလာစနစ် အသုံးပြုမယ်

in #hive-1221333 years ago

အားလုံး မင်္ဂလာပါ။

အခု အိမ်တော်တော်များများမှာ ဆိုလာစနစ်ကို အသုံးပြုလာပြီဖြစ်လို့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စနစ်ကို ဘယ်လို ရွေးချယ်မလဲဆိုတဲ့ အခြေခံသဘောတရားလေးတွေ ဖော်ပြပေးချင်ပါတယ်။

ကျွန်တော်လဲ အိမ်မှာ ‌ဒီစီ ရေမော်တာလေး မောင်းဖို့ 50W solar panel လေးဆင်ထားပါတယ်။

img_20220317_100025.jpg

50W solar panel

img_20220317_095627.jpg
10A charge controller

ပုံမှန်အားဖြင့် ဆိုလာ စနစ်တစ်ခုမှာ အောက်ပါ ပစ္စည်းတွေလိုအပ်တယ်ဆိုတာ အတော်များများက သိပြီးသားဖြစ်ပါတယ်။

  1. ဆိုလာပြား
  2. ဆိုလာ ကွန်ထရိုလာ (ဘက်ထရီကိုအားသွင်းရာမှာ အားပိုမို မသွင်းမိအောင် သုံးတာပါ။)
  3. ဘက်ထရီ

အထက်ပါ ပစ္စည်းတွေကို ကိုယ်လိုအပ်ချက်နဲ့ ကိုက်အောင်ဘယ်လိုရွေးချယ်ရမလဲဆိုတာ အောက်မှာ ဖော်ပြပေးပါမယ်။

ပထမဆုံးအနေနဲ့ ကိုယ် တစ်နေ့ လျှပ်စစ်မီး ဘယ်လောက်သုံးမလဲဆိုတာတွက်ရပါမယ်။ ဒီလို တွက်ဖို့ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ ဝပ်ဆွဲအားနဲ့ တစ်ရက်သုံးမယ့် အချိန် (နာရီ) ကို သိရပါမယ်။ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းက DC နဲ့ တိုက်ရိုက်ချိတ်ဆက်သုံးတာ ရှိသလို အင်ဗာတာက တစ်ဆင့် ထွက်တဲ့ AC ကိုသုံးတဲ့ ပစ္စည်းဖြစ်နိုင်ပါတယ်။ မိတ်ဆွေက အောက်ပါ ပစ္စည်းတွေသုံးမယ်ဆိုပါစို့။

screenshot_2022_03_17_185439.jpg

source

DC load

  1. 25W DC မီးသီး ၄ လုံး ကို တစ်ရက် ၃ နာရီသုံးမယ် - 25W x 4 x 3h = 300Wh

AC load

  1. 100W TV တစ်လုံးကို တစ်ရက် ၂ နာရီသုံးမယ် - 100W x 1 x 2h = 200 Wh
  2. 100W PC တစ်လုံးကို တစ်ရက် ၁ နာရီသုံးမယ် - 100W x 1 x 1h = 100Wh

စွမ်းအင် ဆုံးရှုံးမှု

  • DC လျှပ်စစ်က controller နဲ့ တိုက်ရိုက်ချိတ်တာမို့ စွမ်းအင် (လျှပ်စစ်) ဆုံးရှုံးမှု မရှိပေမယ့် AC လျှပ်စစ်ရဖို့ အင်ဗာတာကို ဖြတ်ရတာမို့ 10% ခန့် စွမ်းအင်ဆုံးရှုံးမှုရှိနိုင်ပါတယ်။ အဲဒါကြောင့် ကွန်ထရိုလာ အထွက်မှာ ရှိရမယ့် Watt Hour (Wh) ကို တွက်နိုင်ပါပြီ။
  • DC load အတွက် 300 Wh နဲ့ AC load အတွက် 300Wh/0.9 ဖြစ်ပါမယ်။ အောက်ပါပုံကို ကြည့်ပါ။

screenshot_2022_03_17_121014.jpg

source

  • အပေါ်က တွက်ထားတာက charge controller အထွက်အတွက်ဖြစ်ပါတယ်။ charge controller နဲ့ ဘက်ထရီမှာလဲ စွမ်းအင်ဆုံးရှုံးမှုက 15 % ထိရှိနိုင်ပါသေးတယ်။ အဲဒါကြောင့် ဆိုလာပြား အထွက် Wh ကို တွက်ရင် အောက်ပါအတိုင်းရမှာပါ။

  • [300Wh + (300 Wh/0.9)]/0.85 = 745 Wh ရမှာ ဖြစ်ပါတယ်။

screenshot_2022_03_17_121528.jpg

source

ဆိုလာပြားဆိုဒ်ကို တွက်မယ်

  • ဆိုလာပြားဆိုဒ်ကို တွက်ဖို့ နောက်တစ်ခု သိရမှာက မြန်မာပြည်ရဲ့ Equivalent sun hour ပါ။မြန်မာပြည်အတွက် sun hour ကတော့ 5 ဝန်းကျင်ရှိတယ် ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆိုလာပြား ဝပ်လိုအပ်ချက်ကို တွက်မယ်ဆိုရင်

screenshot_2022_03_17_130535.jpg

ဆိုလာပြားက အနည်းဆုံး 149W ရှိရမှာမို့ 200W နဲ့ တွက်လိုက်ပါမယ်။ ကျွန်တော်တို့ ဆိုလာပြား 200W တစ်ချပ် (သို့) 100W နှစ်ချပ်လိုပါမယ်။

Charge Controller ရွေးမယ်

  • Controller မှာ PWM နဲ့ MPPT ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ စျေးကွက်မှာ အများဆုံးတွေ့ရတာကတော့ PWM controller အမျိုးအစား ဖြစ်ပါတယ်။

  • MPPT controller အမျိုးအစားကတော့ PWM အမျိုးအစားထက် လျှပ်စစ်စွမ်းအင် အလေအလွင့် နည်းပါတယ်။ MPPT controller တွေက စျေးပိုကြီးတဲ့အတွက် အသေးစား ဆိုလာတပ်ဆင်မှုတွေမှာတော့ PWM controller တွေကိုပဲ သုံးကြပါတယ်။

  • MPPT controller အတွက် ဘက်ထရီ ဗို့အားနဲ့ solar ပြား ဗို့အား တူညီဖို့မလိုပေမယ့် PWM controller ဒီနှစ်ခုက တူညီရပါတယ်။

  • Charge controller တွေမှာ charging current (အားသွင်းတဲ့ ပမာဏ) ပေါ်မှာ မူတည်ပြီး 10A, 20A, 30A စသည်ဖြင့် ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

  • အပေါ်က တွက်ထားတာအရဆို 200 W ဆိုလာပြား တစ်ချပ် ဒါမှမဟုတ် 100W နှစ်ချပ်လိုမှာ ဖြစ်ပါတယ်။

  • 200 W မှာ စီးတဲ့ လျှပ်စစ် ကိုတွက်ရင် 200W/12V = 16 A ရှိပါတယ်။ ဒါကြောင့်မို့ 20 A charge controller ကို ရွေးရပါမယ်။

  • ဒါမှမဟုတ် 100 W နှစ်ချပ်ကို စီးရီးချိတ်မယ်ဆိုရင်တော့ 200W/24V = 8 A မို့ 10 A charge controller ကို ရွေးနိုင်ပါသေးတယ်။

  • ဒါဆိုရင် မိတ်ဆွေက ကိုယ်သုံးမယ့် ဗို့အားပေါ်မူတည်ပြီး 10A (or) 20A controller တစ်ခုရွေးရမှာပါ။

မှတ်ချက် ။ ။ 12V ဆိုလာပြားတစ်ချပ်ဟာ နေရောင်အောက်မှာ 17.5 V လောက်ထိ ဗို့အား ထွက်နိုင်ပါတယ်။

ဘက်ထရီ ဆိုဒ်ရွေးမယ်
ဘက်ထရီ ဆိုဒ်ကို ရွေးတဲ့အခါမှာ နေရောင်မရှိပဲ ဘယ်နှစ်ရက် အသုံးပြုမလဲ ဆိုတာပေါ် အခြေခံပြီး တွက်ပါတယ်။ မိတ်ဆွေက ဘက်ထရီကို အား အပြည့် သွင်းထားပြီး ၂ ရက် သုံးချင်တယ်ဆိုပါစို့။

12 V နဲ့ သုံးမယ်ဆိုရင်
screenshot_2022_03_17_145854.jpg

ကျွန်တော်တို့ အပေါ်က တွက်ခဲ့တဲ့အတိုင်း 20A charge controller နဲ့ 12 V နဲ့ပဲ သုံးမယ်ဆိုရင်တော့ 206 Ah အထက်ရှိတဲ့ ဘက်ထရီ တစ်လုံးလိုပါမယ်။

24 V နဲ့ သုံးမယ်ဆိုရင်
screenshot_2022_03_17_145634.jpg

10A charge controller နဲ့ 24 V စနစ်ကို သုံးမယ်ဆိုရင်တော့ (100W ဆိုလာ ပြား နှစ်ချပ်ကို စီးရီးချိတ်သုံးမယ်ဆိုရင်) 103.5 Ah အထက်ရှိတဲ့ ဘက်ထရီ နှစ်လုံးလိုမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ အပေါ်က 0.6 ဆိုတာက battery ရဲ့ depth of discharge ဖြစ်ပါတယ်။ ဘက်ထရီ အမျိုးအစားကိုတော့ စျေးကွက်မှာ ရနိုင်တာနဲ့ အလှမ်းဝေးနေလို့ လောလောဆယ် အကြံမပေးနိုင်ပါဘူး။

အင်ဗာတာ ဆိုဒ်ရွေးမယ်

အပေါ်က တွက်ခဲ့ပုံအရ စွမ်းအင်လိုအပ်ချက်က 200 W ရှိတဲ့ အတွက်ကြောင့် (အင်ဗာတာ စွမ်းအင်ဆုံးရှုံးမှုကို ထည့်တွက်ရင်) 200/.9 = 222.22 W အထက်ရှိတဲ့ အင်ဗာတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ မေးမြန်းစရာရှိရင် comment မှာ ရေးသွားနိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

@princekham
14th Mar 2022

Ref: https://learning.edx.org/course/course-v1:DelftX+ET3034x+2T2016/home

Sort:  

Thank ပါအကို အခု အိမ်မှာ Solar ဆင်မလားလို့ အတော်ပါပဲ

အပေါ်မှာတော့ အားပြန်မသွင်းပဲ ဆက်တိုက်သုံးနိုင်တဲ့ ရက်ကို ၂ ရက်ထားထားပါတယ်။ တစ်ရက်ပဲ ထားမယ်ဆိုရင်တော့ ဘက်ထရီ ဆိုက်က တစ်ဝက် လျော့သွားပါမယ်။ !LUV

@princekham(3/3) gave you LUV. H-E tools | connect | <><

လျှပ်စစ်မီးရှိတယ်ဆိုရင်တော့ အင်ဗာတာနဲ့ ဘက်ထရီ ဆိုလဲ အဆင်ပြေနိုင်ပါတယ်။ ဘက်ထရီ ၁၀၀ အိုးဆိုရင် 233000ကျပ် လောက်ရှိမယ်။ အင်ဗာတာ ၈၅၀ ဝပ့် ဆိုရင်တော့ ၄ သိန်းလောက်ရှိတယ်။ အင်ဗာတာက sneider တံဆိပ်ပါ။

Good sharing!Good knowledge! !LOLZ

What do you call an island populated entirely by cakes?
Desserted!

Credit: reddit
@princekham, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (10/10)

Thank you!
!LUV !LOL

@princekham(2/3) gave you LUV. H-E tools | connect | <><

ဗဟုသုတရပါတယ်... Thank you for sharing!

Yes. Thank you!
!LUV

@princekham(2/3) gave you LUV. H-E tools | connect | <><

!PIZZA

solar ဆင်ချင်နေတာ။ အကို ခုလိုရေးပြတော့ ဗဟုသုတ ရတာပေါ့။ ဆင်ဖြစ်ရင် ထပ်မေးဦးမယ်နော့်။ ခုတော့ အရင် နားလည်အောင် ဖတ်လိုက်ဦးမယ်ဗျ။
!PIZZA

ဟုတ် controller က 20 Amp , solar panel 200W , battery 100 Amp hr လောက်ဆိုရင် သုံးလို့ အဆင်ပြေလောက်ပါတယ်။

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@princekham(3/5) tipped @saikaungzawthant (x1)
donjaun tipped princekham (x1)
htwegyi tipped princekham (x1)

Join us in Discord!

မော်တာက အပင် ရေလောင်းဖို့ အတွက်လား အစ်ကို။ compressor တွေအတွက်ကျတော့ ဘက်ထရီအကြီးကြီး လိုမယ်ထင်တယ်။

မော်တာက အပင် ရေလောင်းဖို့ အတွက်လား အစ်ကို။ compressor တွေအတွက်ကျတော့ ဘက်ထရီအကြီးကြီး လိုမယ်ထင်တယ်။

30W ရေမြုပ်မော်တာလေးပါ
Compressor မော်တာဆို မနိုင်ဘူး
ဆိုလာနဲ့ ရေတင်ချင်ရင်တော့ submersible pump တွေရှိတယ်။ !PIZZA