ဟိုတစ်ရက်က ရိပ်သာကညီမလေးတစ်ယောက်ကို မေးမိတယ်၊ တရားထိုင်တာ (ဝိပဿနာ) ဘာထူးခြားလဲပေါ့နော်။ သူက အရင်လိုကြောက်စိတ်တွေသပ်မရှိတော့ဘူးတဲ့။
ကြောက်စိတ်လျော့လာစေတာကအမှန်ပဲ ပြောရမယ်။ ကျွန်တော်ဆို (အတိတ်ဘဝက အတွေ့အကြုံကြောင့်ထင်ပါတယ်) ငယ်တုန်းက (ကြီးလာတော့လဲ အကျင့်တော့ပါနေသေးတယ်ထင်တယ်) လူကြောက်/ရှက်တတ်တာ၊ ဆွေမျိုးဧည့်သည်လာရင် အခန်းထဲကမထွက်ရဲဘူး။ ခန်းစည်းနောက်ကနေ ချောင်းချောင်းကြည့်တတ်တာ။ ပြီးတော့ ဘာကြောက်လဲဆိုတော့ သူများတွေနဲ့ မတူမှာကိုကြောက်တာ၊ ငယ်ငယ်တုန်းက စက္ကူစွန်လေးခေါက်တာ အဖေက ဒါမျိုးခေါက်လဲရတယ်လေလို့ပြောတာကို လက်မခံချင်ဘူး။ အခြားသူတွေခေါက်သလို မဟုတ်လို့လေ။
ဒီလို အတိတ်ကပါလာတဲ့ ကြောက်တဲ့ သင်္ခါရတွေကို ဝိပဿနာ အားထုတ်တဲ့ အခါ ထပ်မပွားဖြစ်တော့လို့ လူကသိသိသာသာပြောင်းလဲလာတယ်။ လူအများ/ သူစိမ်းသူတွေနဲ့ တွေ့ဆုံစကားပြောတာ သက်တောင့်သက်သာမဖြစ်တာ မရှိတော့ဘူး။ အခြားသူတွေနဲမတူမှာလည်း မကြောက်တော့ဘူး။
အခြား ပြောင်းလဲလာတဲ့အရာတွေလည်းရှိပါသေးတယ်။ နောက်ကြုံမှရေးပါဦးမယ်။
ဝိပဿနာကိုတော့ လယ်တီဆရာတော်နည်းနဲ့ အားထုတ်ပါတယ်။ သူက ဝေဒနာတွေကို ခေါင်းစ (ငယ်ထိပ်စ) ခြေဆုံး ရှုရတာဖြစ်ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။
@princekham
4th Feb 2025