ရွေးချယ်နိုင်ပါတယ်

in #hive-1221333 months ago

အားလုံး မင်္ဂလာပါ။

မနေ့ကတော့ ရိပ်သာမှာ တရားစခန်းနောက်ဆုံးရက် အလှူငွေကောက်ဖို့ လုပ်အားပေးသွားဖြစ်ခဲ့တယ်။ ဒီနေ့တော့ ယော်ဂီ သီလရှင်နှစ်ပါးကို ကုသိုလ်ယူ ကြိုဖို့ မနက်စောစော ရောက်ခဲ့တယ်။

ဒီက ဝန်းကျင်ကလူတွေက အေးချမ်းကြပါတယ်။ ဒီရိပ်သာက ဘဝနေထိုင်နည်းကို သင်ကြားပေးတဲ့ နေရာတစ်ခုပါ။ စိတ်မှာပိတ်ဆို့နေတဲ့ ကိလေသာ ဝန်ထုတ်ဝန်ပိုးတစ်ခုပိုပြီး လွတ်ချနိုင််လေ ပိုပြီးပါးပါးလာလေ ပိုပြီးပျော်ရွင်လာလေပါပဲ။ ဒေါသထွက်နေကျလူကလဲ ဒေါသကို‌နောက်ထပ် မတုန့်ပြန်တော့တာ၊ ဆေးစွဲတဲ့သူကလဲ ဒီစွဲလန်းတဲ့စိတ်ကို မတုန့်ပြန်တော့တာ စသည်ဖြင်ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်တော့အနေနဲ့ ဝိပဿနာအားထုတ်တာကို တစ်ထိုင်ထဲနဲ့ အာသဝေါတရားတွေကုန်စင်သွားစေတဲ့ ဖြစ်စဥ်အနေနဲ့ မမြင်ပါဘူး (ရှေးဘုရားရှင်လက်ထက်မှာ တော့ ဟုတ်ကောင်းနိုင်ပါမယ်။) ကိလေသာတွေကို တစ်ခုစီကို အပြစ်လို့ ရှုမိတဲ့အခါမှ တစ်ခုချင်း ဖြုတ်ချဖယ်ရှား ရတဲ့ ဖြစ်စဉ်လို့မြင်ပါတယ်။ ဥပမာ ဒေါသကို ပယ်ရမယ့်အရာအဖြစ် မြင်လာတယ်၊ မနာလိုစိတ်ကို ပယ်ရမယ့်အရာအဖြစ်မြင်လာမယ်၊ ဒီလို မြင်လာတဲ့အလျောက် ဒီစိတ်တွေကို တုန့်ပြန်တာဆက်မလုပ် ခြင်:အာ:ဖြင့် ဒီဒေါသနဲ့ မနာလိုစိတ်ကို တဖြည်းဖြည်း ကုန်သွား‌စေ
မှာဖြစ်ပါတယ်။ ထိုနည်းတူစွာ ဆေးလိပ်သောက်ချင်တဲ့ စိတ်၊ အရက်သောက်ချင်တဲ့စိတ် စတာတွေကို လဲ အပြစ်လိုမြင်ရင် အလားတူ ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် လက်ဖက်ရည် သောက်ချင်တဲ့စိတ်၊ ကော်ဖီသောက်ချင်တဲ့ စိတ်စမျိုးတွေကတော့ သူများလဲ မထိခိုက်ဘူး၊ ကိုယ့်ကိုကိုယ်ကိုလဲ မထိခိုက်ဘူးဆိုရင် မပယ်ပဲ ထားနိုင်တယ် မြင်ပါတယ်။ ဒါကိုတော့ ကိုယ့်ရဲ့ ရွေးချယ်မှုလို့မြင်ပါတယ်။ ဝိပဿနာအားထုတ်သူတိုင်းရွေးချယ်နိုင် ခွင့်ရှိတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ရွေးချယ်မှုအပေါ်မူတည်ပြီး တစ်ဦးချင်းစီရဲ့ အဆင့်ကကွာသွားမယ်ထင်ပါတယ်။ ဥပမာ အိမ်ထောင်သားမွေးတာကို အပြစ်တစ်ခုအနေနဲ့ ရှုမြင်ပြီး ပယ်မှာလား ဆိုတာကလဲ ရွေးချယ်မှု တစ်ခုပါပဲ။ ဒါကိုတော့ ကျွန်တော့်အနေနဲ့ မပယ်နိုင်သေး ကြောင်းပါ

ဤအားလုံးကျန်းမာကြပါစေ။

@princekham
21st Oct 2024
Myanmar

Sort:  

PIZZA!

$PIZZA slices delivered:
@princekham(1/10) tipped @htwegyi
asterkame tipped princekham
htwegyi tipped princekham

Beautiful scenery!
!LUV
!PIZZA
!MEME

ဒေါသ လောဘတော့လျော့နိုင်သလောက်
ကောင်းတာပါလေ။
!PIZZA
!MEME

ဟုတ်ကဲ့
!PIZZA !MEME !PGM