Gemini (မေထုန်ရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

in #hive-1221333 years ago

astrology_signs.jpg

မေလ (၂၁)ရက်မှ ဇွန်လ(၂၀)ရက်အတွင်း မွေးဖွားသူများသည် မေထုန်ရာသီဖွားများ ဖြစ်ကြသည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် တတိယမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ယောက်ျားပျိုနှင့် မိန်းမပျို ယှဉ်တွဲနေသည့်ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို ဗုဒ္ဓဟူးဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ ဝါယောဓါတ်(လေဓါတ်) ကြီးစိုးသည်။

မေထုန်ရာသီဖွားများ၏ ပင်ကိုယ်စရိုက်သဘာဝများ

မေထုန်ရာသီဖွားများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏။ အပေါင်းအသင်းအလွန်မက်၏။ အပေါင်းအဖော်နှင့် နေရမှပျော်တတ်၏။စိတ်ထိခိုက်လွယ်၏။ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်တတ်၏။ စိတ်နှစ်ခွရှိ၏။ ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့် ဆုံးဖြတ်ရခက်နေတတ်၏။ သို့သော် အသိဉာဏ်ထက်မြက်ကြ၏။ ယောက်ျားပီသသော စိတ်ဓါတ်ရှိ၏။

မေထုန်ရာသီဖွားများ အမျိုးသမီးများမှာလည်း ထက်မြက်ကြ၏။ ယောက်ျားဆန်၏။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။ လွတ်လပ်မှုကိုမြတ်နိုး၏။ စည်းကမ်း၊ ဘောင်တို့ကို လုံးဝမကြိုက်၊ အထူးလွတ်လပ်လို၏။ ငွေကိုပြင်းထန်စွာရှာတတ်၏။ လောင်းကစားဘက် ရောက်သွားတတ်၏။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ ငွေတစ်နေ့ ဖြစ်၏။

မေထုန်ရာသီဖွားတို့သည် လောဘကြီးတတ်၏။ အတွေးအခေါ်ဉာဏ်ထက်သလောက် အစွန်းရောက်တတ်၏။ အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုး ဆောင်ရွက်တတ်၏။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်၏။ လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီး တစ်ချီကောင်းပွပေါက်ကြံတတ်၏။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်၏။ သူတစ်ပါးအပေါ် အယုံအကြည်နည်းပါး၏။

မေထုန်ရာသီဖွားတို့သည် အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်၏။ ဘာသာရေးတွင် ပါရမီထူးတတ်ပြီး အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိ၏။ စိတ်မြန်၊ ကိုယ်မြန်ရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်၏။ အပေါ်ယံသိမ်မွေ့သလောက် အတွင်းစိတ်မာကြောခိုင်ခန့်၏။ မဟုတ်မခံမာနကြီး၏။ သူတစ်ပါးတို့အတွက် ပြဿနာ၊ အခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်၏။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကို အမြဲရှောင်ပါ။

မေထုန်ရာသီဖွားတို့သည် အဖော်အပေါင်းကို နှစ်သက်သော်ငြား သူတစ်ပါးတို့အပေါ်တွင် သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့် တစ်ကိုယ်တည်း အထီးကျန်စွာနေတတ်၏။ အလုပ်တစ်ခု မပြီးစီးမီ နောက်ထပ်တစ်ခုကို ရွေးချယ်ရန် ပေါ်လာတတ်၏။ သူတစ်ပါးအပေါ် အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုက ထိုသူပြောသမျှ အမှားကိုပင် အမှန်ထင်ကာ ယုံတတ်၏။ ကိစ္စတစ်ခုဖြစ်လာက အနီးကပ်လူပြောသမျှ ယုံမိတတ်၏။ဘဝတွင် ကိုယ်ကျိုးသက်သက်မကြည့်၊ စိတ်လိုက်မာန်ပါ ထင်ရာစိုင်းတတ်ခြင်း၊ အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည် မေထုန်ရာသီဖွားတို့၏ သဘာဝများသာဖြစ်၏။

**မှတ်ချက် **- ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
07.02.2022

Sort:  

အဝင်ရက် အထွက်ရက်ဆိုတာ ဘာကိုပြောတာလဲ @sayalu
!PIZZA

မေ ၂၀/၂၁ အဝင်ရက် ပြိဿရာသီအကုန်၊ မေထုန်ရာသီအစပိုင်း၊ ဇွန် ၂၀/၂၁ အထွက်ရက် မေထုန်ရာသီအကုန်၊ ကရကဋ်ရာသီအစပိုင်း၊ အဲဒါမျိုးကို ခေါ်တာပါ။

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 600 replies.
Your next target is to reach 700 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from February day 5
Hive Power Up Month challenge - Feedback from February day 3
Our Hive Power delegations to the last Power Up Month challenge Winners
Support the HiveBuzz project. Vote for our proposal!