ငါ အတ္တ
ငါ ဆိုတာ တကယ်တော့ ဘာမှမဟုတ်ဘူး။ငါ ဆိုတာ မရှိ။တရားသဘောနဲ့ပြောရရင် ရုပ်နဲ့နာမ် ဘဲ ရှိတယ်။
လူတစ်ချို့က ငါ ဆိုတာ ကိုင်ဆွဲထားတယ်။အ စွဲအလမ်းလို ဖြစ်နေတယ်။တစ်ချို့လူတွေပြောတဲ့ စကားမှာ ဆို ငါ ဘာကောင်လဲ သိလား ထိုသို့ ပြောတတ်ကြတယ်။တကယ် တကယ်တော့ ငါ က ဘာကောင်မှမဟုတ်။ငါ ဆိုတာ အမည်တစ်ခုသတ်သတ်ပါဘဲ။နာမ် သဘောတရားပါဘဲ။နာမ်နဲ့ရုပ်ဆိုတာ ထိတွေ့ ကိုင်တွယ်လို့မရတာ နာမ်လို့ခေါ်တယ်။ထိတွေ့ ကိုင်တွယ်လို့ရတာကို ရုပ်လို့ခေါ်တယ်။ဒါကို ကြည့်ခြင်းအားဖြင့် ငါ ဆိုတာ နာမ်သဘော သတ်သတ်ပါဘဲ။
ငါ ဆိုတဲ့ အရာကို ကိုင်စွဲထားတော့ အတ္တဆိုတာ ဖြစ် လာတယ်။အတ္တဖြစ်လာရင်တော့ ကိုယ်လုပ်တာ မှန်တယ်။ကိုယ်ပြောတာ မှန်တယ်။အရာရာ သူလုပ်တာ အဟုတ်ထင် အမှားကို အမှန်ထင်တတ်ပြီး ဘယ်သူမှ ကိုယ်လောက်မတော်ဘူ အထင်ရောက်လာတယ်။ဒါက အတ္တရဲ့ အကျိုးအပြစ်တွေပါ။ငါ အတ္တ ဖုံးပြီး ဘာဆို ဘာမှ မမြင်တော့ဘူး။ငါအ စွဲသည် မည်သူကိုမှ ကောင်းကျိုးမပေးတတ်သလို အတ္တသည်လည်း ဘယ်သူအတွက်မှ မကောင်းပါ။
ဒါကြောင့် ငါ အစွဲ အတ္တတွေ ကင်းဖို့ မိမိကိုယ်ကို စဉ်းစားစေချင်တယ်။ဒါမှ မိမိအတွက်လည်း ကောင်းသလို တစ်ခြားသူနဲ့ ပတ်၀န်ကျင်အတွက် ကောင်းမှာပါ။မိမိကိုယ်ကို ငါအစွဲ ကင်းအောင် အတ္တ သမားများ မဖြစ်အောင် အမြဲစဉ်းစားတတ်တဲ့ ဉာဏ်နဲ့ မိမိကိုယ်ကို ဝေဖန်ပိုင်းခြားတတ်ပါစေ။အတ္တအစွဲတွေကင်းပြီး ဘ၀မှာ ပျော်ရွှင်ပါစေ။
ဘ၀မှာလည်း ငါအတ္တကင်းပြီး တစ်ပါသူများကို ဝေမျှနိင်ပါစေ။စာဖတ်သူများလည်း ငါအတ္တတွေ ကင်းပါစေ။
Author-@tunnaingwin
Date-20.4.2023
Time-13:15PM