မနေ့က Starlink wifi ရသည့် ရွာသို့ သွားကာ Hive Blockchain post တင်ခဲ့သည်။
လုံခြုံရေးအရ မွေးရပ်မြေ ပြန်ကာ နေထိုင်နေခြင်း ဖြစ်သည်။
မွေးရပ်မြေ၌ အင်တာနက်လိုင်း မရသလောက်ရှိသည်။
အင်တာနက် 2G လိုင်းကို ပြောင်းသုံးကြည့်သည်။
အကောင်းကြည်းမဟုတ်ပေမယ့် စိတ်ရှည်စွာ သုံးကြည့်တော့ အနည်းငယ် အဆင်ပြေသည်။
ဒီမနက် ecency မှာ ပုံတင်ကြည့်ရင်း စမ်းသပ် အသုံးပြုရင်း စာရေးကြည့်သည်။
နွေဦးတော်လှန်ရေး အောင်ပွဲ စောင့်ရင်း ထမင်းစားဖို့ ကြိုးစားရဦးမယ်။
ဓာတ်ပုံက စစ်ကိုင်းမြို့ ကမ်းနားရောက်ခဲ့စဉ်က မယ်နု အုဋ်ကျောင်းကို ရိုက်ယူထားခြင်း ဖြစ်သည်။
မယ်နု အုတ်ကျောင်းကို ရွှေရောင်ဆေးသုတ်ထားခြင်း ဖြစ်သည်။
ရှေးဟောင်း အမွေအနစ်ကို မဆင်မခြင် လုပ်ဆောင်ကြခြင်း ဖြစ်သည်။
အာဏာရှင် ကျဆုံးမှသာ ပညာရှင်တွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြေပမည်။