Rose Fruits

in #hive-122133last month

မင်္ဂလာပါ။
ဟိုတနေ့က နှင်းဆီပန်းတွေ ပြပေးခဲ့ပါတယ်။

အိမ်ခြံထဲမှာ နှင်းဆီပန်းပင်တွေ စိုက်ပျိုးထားပါတယ်။
နှင်းဆီသုံးမျိုးရှိပါတယ်။
နှင်းဆီနီ၊ နှင်းဆီဝါ နှင့် ပန်းရောင်နှင်းဆီ

အိမ်ခြံထဲမှာ နှင်းဆီပန်းပင်တွေ စိုက်ပျိုးထားပေမယ့် အိမ်မှာရှိတဲ့ အမျိုးသမီးတွေကတော့ နှင်းဆီပန်း ကို မပန်ဆင်ကြပါဘူး။
နှင်းဆီပန်းတွေကို ဘုရားပန်းအဖြစ် ကပ်လှူတာတော့ ပြုလုပ်ပါတယ်။
နှင်းဆီပန်းတွေကို အပင်ပေါ်မှာပဲ အပွင့်အတိုင်း ထားလေ့ရှိပါတယ်။
ထိုအခါ နှင်းဆီပန်းတွေက ရင့်ရော်ကာ ကြွေကျပြီး အသီးသီးနေကြပါတယ်။

နှင်းဆီသီး ကို မိတ်ဆွေတို့ မြင်ဖူးကြပါသလား။
များသောအားဖြင့်တော့ နှင်းဆီပန်း ကို ပန်းအဖြစ် အသုံးပြုကြတော့ နှင်းဆီသည် သီးချိန်မရပါဘူး။
ပန်းမခူးဘဲ အပင်မှာ အလှကြည့်ထားတော့ နှင်းဆီပန်းတွေက အသီးသီးလာကြပါတယ်။
မိတ်ဆွေတို့ နှင်းဆီသီး ကို မြင်ဖူးအောင် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Sort:  

နှင်းဆီသီးတော့ မမြင်ဖူးသေးဘူး။
ခုမှပဲ မြင်ဖူးတော့တယ်။ နှင်းဆီဆို အနီရောင်ကို ပိုသဘောကျတယ်။

ဟုတ်လား။
ဗဟုသုတ တိုးပြီပေါ့