Hello everyone, have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
Some clouds are often seen these days. I think I can see the clouds since it is the time of summer and the change of rainy season. Clouds are usually seen in the evening. I haven't seen any beautiful clouds yet. I also look up at the sky in the evening to see if there are clouds or not.
ခုရက်ပိုင်းမှာ တိမ်အချို့မကြာခဏမြင်ရပါတယ်။ နွေ နဲ့ မိုးဥတု ကူးပြောင်းတဲ့အချိန်ဖြစ်တဲ့အတွက် တိမ်တွေကို မြင်ရတယ်လို့ ထင်ပါတယ်။ အများအားဖြင့်တော့ ညနေပိုင်းအချိန်တွေမှာ တိမ်တွေကိုမြင်ရတတ်ပါတယ်။ လှပတဲ့ တိမ်စိုင်တွေတော့ မမြင်ရသေးပါဘူး။ ကျွန်တော်လည်းပဲ ညနေပိုင်းအချိန်တွေမှာ တိမ်တွေ ရှိ မရှိ ကောင်းကင်ကို မော့ကြည့်မိနေတတ်ပါတယ်။
Some clouds are beautiful because of the sun in the evening. So I try to photograph the clouds in the evening. Sometimes I see the clouds are beautiful, but I'm busy with work, so I didn't take pictures. The shapes of the clouds also disappear with the wind in a short time. So, when I see a beautiful cloud, I try immediately take a photo. For those of us who live in tropical regions, the sight of clouds can make us feel cold. The temperature of the sun is covered by the clouds.
ညနေပိုင်းအချိန်တွေမှာ နေရောင်ကြောင့် တိမ်အချို့က လှပနေတတ်ပါတယ်။ ဒါကြောင့်ညနေပိုင်းအချိန်တွေမှာ တိမ်တွေကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားကြည့်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ တိမ်တွေလှနေတာမြင်ရပေမယ့် အလုပ်မအားလပ်တဲ့အတွက် ဓာတ်ပုံမရိုက်ဖြစ်ခဲ့ဘူး။ တိမ်တွေရဲ့ပုံသဏ္ဍာန်တွေကလည်း အချိန်အနည်းငယ်အတွင်းမှာ လေနဲ့အတူ ပျောက်သွားကြတယ်။ ဒါကြောင့် လှနေတဲ့တိမ်ကို မြင်တာနဲ့ ချက်ချင်းဓာတ်ပုံရိုက်ယူမှ ရပါတယ်။ ကျွန်တော်တို့လို အပူပိုင်းဒေသတွေမှာ နေထိုင်ကြသူတွေအတွက် တိမ်တွေကို မြင်ရတာ အေးသွားသလို ခံစားကြရပါတယ်။ နေရဲ့ အပူချိန်ကို တိမ်တွေက ကာပေးထားသလိုဖြစ်နေတတ်လို့ပါပဲ။
My entry photo is below.
ကျွန်တော့ရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံကို အောက်မှာဖော်ပြထားပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -