(34) Times. My Cleanplanet activities for Super Sunday. (7-7-2024)

in #hive-1502103 months ago

Today is the thirty-fourth
Garbage collection.

ယနေ့သည် သုံးဆယ့်လေးကြိမ်မြောက်
အမှိုက်ကောက်ခြင်းဖြစ်သည်။
အမှိုက်နှင့် မြန်မာ၊ မြန်မာနှင့် အမှိုက်
ခွဲမရအောင်ဖြစ်သည်။ အခြားနိုင်ငံများလည်း
အမှိုက်ရှိပေမည်။ အရှေ့တောင်အာရှမှ
နိုင်ငံများ၊ အထူးသဖြင့် အာစီယံနိုင်ငံများကို
ကြည့်ရမည်။ ဘင်္ဂလားဒေ့ဂ်ျ နိုင်ငံနီးပါး
သူမသာ ကိုယ်မသာဖြစ်ပေမည်။

ထို ဘင်္ဂလားဒေ့ဂ်ျနိုင်ငံသို့ မရောက်ဖူးပါ။
သို့ပေသိ အာစီယံ နိုင်ငံများအနက်
ထိုနိုင်ငံက နောက်ပိတ်ဆုံးဖြစ်မည်ဟု
ထင်ပါသည်။ ယခုအခါ ထိုနောက်ပိတ်ဆုံး
နှင့် ပင် ကျွန်တော်တို့က တန်းတူဖြစ်နေပေသည်။
ရင်နာစရာကောင်းလှပေသည်။

တနေ့က အမှိုက်သိမ်းကားသမားလေးသည်
အမှိုက်များကို သိမ်းဆည်းရင်း

"ဒီအမှိုက်တွေသာ ရွှေဖြစ်ရင်တော့"

ဟု ပြောဆိုသွားသည်။ အမှိုက်ကားများက
ယခင်က တပတ်ကို လေးကြိမ်ခန့်လာသည်။
ကားသေး၊ ကားကြီးများဖြင့် အမှိုက်လာသိမ်း
ကြသည်။ ယခုအခါ ကားသေးက လာချင်
သည့်အခါ လာသည်။ ကားကြီးက တပတ်ကို
နှစ်ကြိမ်ခန့် လာသည်။ ထိုကြောင့် အချို့သော
မီးဖိုချောင်းအမှိုက်များကို မြေကြီးမှာ မြုပ်ရ
သည့်အရာများကို မြေကြီးမှာ မြုပ်လိုက်သည်။

တနေ့က အိမ်နှင့် မျက်စောင်းထိုးအိမ်မှ
အမှိုက်ကားလာ၍ အမှိုက်ပစ်သည်။
အမှိုက်ပစ်သူက ဆယ်တစ်နှစ်၊ ဆယ့်နှစ်နှစ်
အရွယ် ကောင်လေးဖြစ်သည်။ သူ့အမှိုက်တောင်းက
လူနှင့် မလိုက်ပါ အမှိုက်တောင်းကြီးက
ကြီးနေသည်။ သူ့အမှိုက်တောင်းက
အချိုရည်ဗူးများကို ရေခဲထဲ့၍ ရောင်းသော
ဖော့ဗူးကြီးကို အမှိုက်တောင်းပြုလုပ်ထားသည်။
ထိုကြောင့် ကိုင်ရ ပြုရအတော်ခက်သည်။
အမှိုက်များကလည်း ထိုဖော့ဗူးအပြည့်ဖြစ်သည်။

အမှိုက်ပစ်သူ ကလေးက ထိုအိမ်မှ အလုပ်သမား
ကလေးငယ်ဖြစ်သည်။ ထိုအိမ်က ထမင်း၊ ဟင်းများ
ချက်ရောင်းသည်။ ဒီတော့ အမှိုက်က အင်မတန်
ပေါများသည်။ ဖေ့ာဗူးအမှိုက်တောင်းက
အမှိုက်အပြည့်ဖြစ်သည်။ အမှိုက်ကားက
အမြင့်ဖြစ်၍ အမှိုင်တောင်းကို အမှိုက်ကားပေါ်သို့
ပင့်တင်မြှောင်ပင့်ပေးရသည်။ အမှိုက်ကားပေါ်မှ
အမှိုက်သိမ်းသူ အမျိုးသမီးများက အမှိုက်တောင်းကို
အပေါ်မှ လှမ်းယူသည်။

ဖော့ဗူးအမှိုက်တောင်းက လက်ကိုင်မပါ၍
အမှိုက်ကားပေါ်မှ အမျိုးသမီးများက ထိုကလေးကို
အော်ငေါက်သည်။ အမှိုက်ပစ်ခိုင်းသူ အိမ်ရှင်
အမျိုးသမီးကလည်း အမှိုက်ပစ်တာ ကြာ၍
ထိုကလေးကို အော်ငေါက်သည်။ ကြားထဲမှ
ထိုအဖြစ်အပျက်ကို မြင်ရ တွေ့ရသော
ကျွန်တော်သည် စိတ်မသက်သာဖြစ်ရသည်။
ကျောင်းနေအရွယ် ကလေးငယ်တဦး၏
ဘဝအဖြစ်ကို စိတ်မချမ်းသာဖြင့်သာ
ယနေ့ တနင်္ဂနွေကို အဆုံးသတ်လိုက်ပါသည်။

@htwegyi
July 7, 2024

Sort:  

လူ့အမှိုက်တွေ ရှင်းပစ်နိုင်တဲ့နေ့ မြန်မာ့မြေဟာ သန့်သွားမှာပါ။
!lol
!luv

ဒါပေါ့ဗျာ။

Did you hear about the Irish guy who was assasinated at the antique store?
It was a knick knack paddywhack!

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻