Good afternoon 😊
Have a nice day all RisingStar Lovers🎶
In our country, Myanmar's traditional Thingyan water festival is held every year.
Thingyan water festival was held for 5 days starting from April 13th.
In Myanmar, the New Year comes only after the Thingyan water festival ends.
It has the meaning of splashing water to prevent bad things from the old year into the new year.
All Myanmar people are very happy in Thingyan water festival.
Therefore, when the Thingyan water festival is approaching, Myanmar people have to wait and get excited.
Now that it's almost April, it's time to celebrate the water festival and wait for the new year.
However, after the 2021 military coup in Myanmar, citizens have not been able to celebrate the Thingyan water festival happily for three years.
Now, because the entire country is fighting wars, it will not be possible to celebrate the Thingyan water festival.
The terrorist military dictator will hold the Thingyan water festival in some cities that he still controls to make it seem crowded.
Now, the season that people are waiting for is not the Thingyan water festival, but the day of victory of the Spring Revolution.
The people will be able to celebrate the New Year Thingyan water festival happily only after the fall of the terrorist military dictator who seized power illegally.
Credit Image Source
The name of the song shared today is "Waiting Season", composed by KAT and sung by singer Phyu Phyu Kyaw Thein at the Thingyan festival before the coup.
Soon, Myanmar's New Year will arrive.
The people's spring revolution against the terrorist army is also gaining victories every day, so I believe that the waiting season is about to arrive.
Lyrics
Not old. We were
decaying and waiting for the day that will give us the newest gift in life.
It's about to arrive, love, It's still good to wait.
Spirits are still high.
Can you come a little later? keep waiting.. I will keep waiting...
Expected and kept waiting.
I will keep waiting.
The hope that everyone has, Think about the reasons why you want to own it .
You also wait like myself.
Coming soon.
It will come before, Don't be bitter.
Even though it doesn't change, it can still put out fires.
We can still touch the peace for a year.
keep waiting.. I will keep waiting...
Still hoping Still waiting for days.
keep waiting.. I will keep waiting...
Hope you are like me.
It's very necessary, wait. Don't get upset when you're about to arrive.
Spirits are still high.
I'm still throbbing as I wait .
I had to wait with fascination. Wait for the best gift day. Coming in front.
I will be free. Don't be dirty. Give me peace.
Enjoy being free.
We have a lot of poverty, Don't be upset.
keep waiting.. I will keep waiting...
Expected and kept waiting.
I will keep waiting.
keep waiting.. I will keep waiting...
When this time comes, we will be very happy and will continue to wait.
Keep waiting.. I will keep waiting...
My Game Level is 137 and completed Missions are 5993 in RisingStar.
Today, I purchased a NFT Pack again.
These cards are
One Rare Card R474 Bass Clarinet featured Luck 50,
One common Card 166 Autumn featured Fans 10 and
On Common Card i214 JS 01 featured Luck 1.
I bidded Full Band Support by adding STARBITS 50000 to Music Ptomoter Pool.
Now, I have 1182 NFT cards of Risingstar.
In this cards, there have 60620 Fans, 12944 Luck, 107992 Skill and 1170 IM.
I have done 5993 Missions in RisingStar Game.
These are
Illegal Busking- 108,
Open Mic Night- 221,
Mid Week Support- 304,
Licensed Busking- 26,
Midweek Heading Slot- 46,
Saturday Support- 69,
Saturday Headline- 78,
Radio Interview- 234,
Radio Studio Session- 299,
Shopping Mall Performance- 294,
Record A Demo- 332,
Local Festival Acoustic Tent- 234,
Local MiniTour Support- 551,
Band Auditions- 13,
Band Rehearsal- 370,
Full Band Support- 693,
Full Band Headline- 306,
County Festival Auditions- 202,
Promote Fan Club- 115,
Record Signing- 2,
Egg Hunt- 2,
Halloween 2023- 6,
Starbits Millionaire- 589,
Orchestral Lesson- 168,
Basic Singing Lesson- 24,
Guitar Lesson- 204,
Production Lesson- 297,
Piano Lesson- 62 and
Drum Lesson- 144
The Ego is 0%.
What are you doing my friends?
You can use my Referral Link to start RisingStar Game.
Thank you, RisingStar Game Developers and Supporters 💗
ကျွန်တော်တို့မြန်မာနိုင်ငံ၌ မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် ကို နှစ်စဉ် ကျင်းပလျက်ရှိပါတယ်။
သင်္ကြန် ရေသဘင်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ ၅ ရက်တိုင်တိုင် ကျင်းပလေ့ရှိခဲ့ပါသည်။
မြန်မာနိုင်ငံ၌ သင်္ကြန်ရေသဘင်ပွဲတော် ပြီးဆုံးမှသာ နှစ်သစ်ကို ရောက်ပါသည်။
နှစ်ဟောင်းမှ မကောင်းသောအရာတွေကို နှစ်သစ် သို့ မပါရှိစေရန် ရေကြည် ဖျန်းပက်ချခြင်း သဘောကိုဆောင်ပါသည်။
သင်္ကြန် ရေသဘင်ပွဲတော်၌ မြန်မာနိုင်ငံသားအားလုံး လွန်စွာ ပျော်ရွှင်ကြရပါသည်။
သို့ဖြစ်၍ သင်္ကြန် ရေသဘင်ပွဲတော် နီးကပ်လာလျှင် မြန်မာနိုင်ငံသားများသည် ကြိုတင်စောင့်မျှော်ကာ ရင်ခုန်နေကြရပါသည်။
ယခုအခါ ဧပြီလ သို့ ရောက်တော့မည် ဖြစ်သောကြောင့် ရေသဘင်ပွဲတော် ဆင်နွှဲပြီး နှစ်သစ်ကို စောင့်နေတဲ့သူတွေ၏ ရာသီ ရောက်ပါတော့မည်။
သို့သော် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နိုင်ငံသားများသည် သင်္ကြန်ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ မဆင်နွှဲနိုင်သည်မှာ သုံးနှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ယခုအခါ နိုင်ငံတဝန်းလုံး စစ်ပွဲတွေ ဆင်နွှဲနေရသောကြောင့် နိုင်ငံတဝန်း သင်္ကြန် ရေသဘင်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်မည်မဟုတ်ပါ။
အကြမ်းဖက်စစ်အာဏာရှင်ကတော့ သူထိန်းချုပ်လို့ရသေးသော မြို့ကြီးအချို့၌ သင်္ကြန်ရေသဘင်ပွဲ ကို စည်ကားသည်ထင်ရအောင် ကျင်းပပါလိမ့်မည်။
ယခုအခါ ပြည်သူတို့ စောင့်နေတဲ့ရာသီ သည်ကား သင်္ကြန်ရေသဘင်ပွဲတော်ကာလ မဟုတ်ဘဲ နွေဦးတော်လှန်ရေး အောင်ပွဲရသော နေ့ရက်သာ ဖြစ်ပါတော့သည်။
တရားမဲ့အာဏာရယူထားသော အကြမ်းဖက်စစ်အာဏာရှင် ကျဆုံးပြီးမှသာ ပြည်သူတို့သည် နှစ်သစ်ကူး သင်္ကြန်ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါတော့မည်။
ယနေ့မျှဝေသည့် သီချင်း၏ အမည်မှာ "စောင့်နေတဲ့ရာသီ" ဖြစ်ပြီး ကေအေတီ မှ ရေးဖွဲ့ထားကာ အဆိုတော် ဖြူဖြူကျော်သိန်း က အာဏာသိမ်းမှု မဖြစ်ပွားခင် သင်္ကြန်ရေသဘင်ပွဲတော်၌ သီဆိုဖျော်ဖြေထားပါသည်။
မကြာမီဆိုလျှင် မြန်မာနိုင်ငံသားတို့၏ နှစ်သစ်ကို ရောက်တော့မည် ဖြစ်သည်။
အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ထုတ်နေသော ပြည်သူတို့၏ နွေဦးတော်လှန်ရေးသည်လည်း နေ့စဉ် အောင်ပွဲများ ရရှိနေပြီ ဖြစ်သောကြောင့် စောင့်နေတဲ့ရာသီ ကို ရောက်တော့မည်ဟု ယုံကြည်မိပါတော့သည်။
Credit Image Source
သီချင်းစာသား
ဟောင်းနွမ်းမနေဘူး။
ဆွေးမြေ့ပြီး
ဟိုတုန်းက ရှိခဲ့ကြ အခုထက်ထိ
ဘဝမှာ အသစ်ဆုံးလက်ဆောင် ပေးမယ့် နေ့ရက် စောင့်နေခဲ့။
ရောက်တော့မှာပဲ အချစ်ရေ၊
စောင့်လို့ ကောင်းနေဆဲ။
စိတ်ဓာတ်တွေလည်း တတ်ကြွနေဆဲ။
ရှေ့ဆက်ပြီး ခဏလောက်နေ ရောက်လာနိုင်သတဲ့။
ဆက်စောင့်နေမယ်၊ ဆက်စောင့်နေမယ်။
မျှော်လင့်ထားရင်း ထားရင်း ဆက်စောင့်နေခဲ့။
ဆက်စောင့်နေမယ်။
လူတိုင်းမှာ မျှော်လင့်စောင့်နေတဲ့ စိတ်ချ၊
ပိုင်ဆိုင်လိုချင်တဲ့ စိတ်ချ
အကြောင်းများရှိခဲ့ကြမယ် စဉ်းစားကြည့်လိုက်။
မင်းလည်း ကိုယ့်လို စောင့်လိုက်ဦး၊ ရောက်တော့မှာပဲ။
ရှေ့မှာ ရောက်တော့မှာပဲလေ၊
စိတ်ညစ်မနေနဲ့။
မပြောင်းလဲသော်လည်း မီးများကို ငြိမ်းသတ်နိုင်ဆဲ။
တနှစ်အတွက် ငြိမ်းချမ်းမှုကို တို့ရနိုင်ဆဲ။
ဆက်စောင့်နေမယ်၊ ဆက်စောင့်နေမယ်။
မျှော်လင့်ထားလို့နေဆဲ၊
နေ့တွေ စောင့်နေဆဲဟေ့။
ဆက်စောင့်နေမယ်၊ ဆက်စောင့်နေမယ်။
မျှော်နေပါ မင်းလည်း ကိုယ့်လိုပဲလေ။
သိပ်လိုအပ်တာ စောင့်လိုက်ဦး။
ရောက်တော့မှာပဲ စိတ်တွေညစ်မနေနဲ့။
စိတ်ဓာတ်တွေလည်း တတ်ကြွနေဆဲ။
ရေး ရေး ရေး ရေး
စောင့်လို့နေတော့ တို့ရင်ခုန်နေဆဲ။
စွဲလန်းစိတ်တွေနဲ့ စွဲလန်းစောင့်ခဲ့ရ။
အကောင်းဆုံးလက်ဆောင်ပေးမယ့်နေ့ စောင့်မျှော်ထား။
ရှေ့မှာ ရောက်တော့မယ်။
လွတ်လပ်တော့မယ်။
စိတ်တော့ညစ်မနေနဲ့။
ငြိမ်းချမ်းမှုတွေ ပေးစမ်း။
စိတ်လွတ်လပ်အောင် ပျော်စမ်း။
တို့တွေ ဆင်းရဲမှုတွေများနေ၊ စိတ်တွေညစ်မနေနဲ့။
ဆက်စောင့်နေမယ်၊ ဆက်စောင့်နေမယ်။
မျှော်လင့်ထားရင်း ထားရင်း ဆက်စောင့်နေခဲ့။
ဆက်စောင့်နေမယ်။
ဆက်စောင့်နေမယ်၊ ဆက်စောင့်နေမယ်။
ဒီအချိန်ရောက်ရင် တို့သိပ်ပျော်လို့
ဆက်စောင့်နေမယ်၊ ဆက်စောင့်နေမယ်။