Hello 👋
In the area where I live, it rained for two or three days in many other parts of Myanmar.
The rain that falls at the beginning of winter is peaceful.
It is not rain from the remaining clouds of the rainy season.
Due to the speed of the storm in the Bay of Bengal, it rained in many parts of Myanmar.
In the courtyard where I live, the rain is falling.
I also saw reflections in the water while using my phone while living indoors in a calm climate.
Images of foliage and communication towers.
There is a communication tower near the courtyard of the house where I live.
The tip of the tower was seen on the surface of the water.
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ကျွန်တော် နေထိုင်ရာဒေ၌မက မြန်မာနိုင်ငံ၏ အခြားသောဒေသများစွာ၌ နှစ်ရက်သုံးရက်လောက် မိုးရွာသွန်းခဲ့သည်။
ဆောင်းရာသီ ဝင်စမှာ ရွာသွန်းသော မိုးက အေးချမ်းလှသည်။
မိုးရာသီလက်ကျန်တိမ်များမှ မိုးရွာသွန်းသည်တော့ မဟုတ်ပါ။
ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်သော မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသများစွာ၌ မိုးရွာသွန်းခဲ့ခြင်း ဖြစ်သည်။
ကျွန်တော် နေထိုင်ရာ ခြံဝင်းထဲ၌ မိုးရေများ ဝပ်လျက်ရှိပါသည်။
ကျွန်တော်လည်း ရာသီဥတုအေးချမ်းနေ၍ အိမ်ထဲမှာ နေထိုင်ရင်း Phone အသုံးပြုနေစဉ် ရေဝပ်နေရာ၌ အလင်းပြန်ပုံရိပ်များကို မြင်တွေ့ခဲ့ရသည်။
သစ်ရွက်သစ်ခက်များ နှင့် ဆက်သွယ်ရေးတာဝါတိုင်၏ ပုံရိပ်များ ဖြစ်သည်။
ကျွန်တော် နေထိုင်ရာ အိမ်ခြံဝင်း၏ အနီး၌ ဆက်သွယ်ရေးတာဝါတိုင်ကြီး ရှိသည်။
ထိုတာဝါတိုင်ကြီး၏ အဖျားပိုင်းကို ရေမျက်နှာပြင်၌ မြင်ခဲ့ရခြင်း ဖြစ်သည်။