Good evening 😊
Have a nice day all RisingStar Lovers🎶
After the military coup in Myanmar, millions of people of all ethnicities took to the streets to show their will.
The military dictator suppressed the peaceful protest by the people who loved the justice-loving democratic system.
The terrorist army arrested people, tortured and killed them, by shouting "Came out who dare to die."
Therefore, many people from the mainland cooperated with the ethnic armed forces, learned military skills in the jungles, and started fighting against the terrorist army.
The Spring Revolution of the people of all ethnicities, which has already started the war of resistance through defense, has now reached its peak.
This civil war was not caused by violence by the people, but by the violent solution of the coup army.
I believe that this Spring Revolutionary War involving all ethnicities will be won by the people and will be victory soon.
Credit Image Source
Today, I share the song "Our Case Our Blood" that will give strength to the revolutionary people, which shows how the people peacefully protested the pictures of military training in the jungles after the military coup in Myanmar.
Our Case Our Blood
Composer - Dar Kaung
Music - Hmaing Set
Music Director - Bo Htain Lin
Media - WE CLICK YouTube channel
Our case...
our sweat... our blood... our
lives will pay...
we will pay.
Our future is for our generation.
We Must be freed from under military shoes.
The waves of this night
are about to break through us.
Our morning ...
the river forehead is red.
Hey, successful flag has been raised ..
We have started to defend ourselves
without bowing down to pressure .
We have started a war against injustice .
We didn't call this war .
We have came out because you called hey!
Are our people unity?
It's the same, hey.. It's the same, hey.
Are our ethnic groups unity? It's the same, hey.. It's the same, hey.
Are our comrades unity?
It's the same, hey.. It's the same, hey.
This war is already out because we didn't call it, you called it. We have come.. we have left.
To be free based on life .
Our people... our country... the future must be rooted out the military dictators.
My Game Level is 128 and completed Missions are 5282 in RisingStar.
Today, I purchased a NFT Pack again.
These cards are
One Rare Card R426 Victoria featured Fans 45, Skill 135, Luck 4 and IM 2,
One Common Card 153 Emilio featured Fans 10 and
On Common Card i193 VV 88 featured Luck 5.
Now, I have 1068 NFT cards of Risingstar.
In this cards, there have 56375 Fans, 11952 Luck, 94175 Skill and 1084 IM.
I have done 5282 Missions in RisingStar Game.
These are
Illegal Busking- 108,
Open Mic Night- 220,
Mid Week Support- 301,
Licensed Busking- 25,
Midweek Heading Slot- 46,
Saturday Support- 69,
Saturday Headline- 78,
Radio Interview- 225,
Radio Studio Session- 258,
Shopping Mall Performance- 290,
Record A Demo- 332,
Local Festival Acoustic Tent- 229,
Local MiniTour Support- 489,
Band Auditions- 13,
Band Rehearsal- 302,
Full Band Support- 561,
Full Band Headline- 258,
County Festival Auditions- 64,
Promote Fan Club- 115,
Record Signing- 2,
Egg Hunt- 2,
Halloween 2023- 6,
Starbits Millionaire- 491,
Orchestral Lesson- 168,
Basic Singing Lesson- 24,
Guitar Lesson- 204,
Production Lesson- 297,
Piano Lesson- 36 and
Drum Lesson- 69
The Ego is 0%.
What are you doing my friends?
You can use my Referral Link to start RisingStar Game.
Thank you, RisingStar Game Developers and Supporters 💗
မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူသန်းပေါင်းများစွာသည် သူတို့၏ဆန္ဒကို လမ်းမထက် ထွက်ကာ ပြသခဲ့ကြသည်။
တရားမျှတမှုကို မြတ်နိုးသော ဒီမိုကရေစီစနစ်ကို ကြိုက်နှစ်သက်သော ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို စစ်အာဏာရှင်သည် အကြမ်းဖက် သတ်ဖြတ်ကာ နှိမ်နင်းခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို "သေရဲတဲ့ကောင် ထွက်ခဲ့" ဟု ဆိုကာ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။
သို့ဖြစ်၍ ပြည်မမှ ပြည်သူများစွာသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းကာ တောတောင်များအတွင်း စစ်ပညာ သင်ယူကာ အကြမ်းဖက်စစ်တပ်ကို ခုခံစစ် စတင်တိုက်ခိုက်ခဲ့ကြပါသည်။
ခုခံစစ် မှတဆင့် တွန်းလှန်စစ်ကို စတင်နေပြီဖြစ်သော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ နွေဦးတော်လှန်ရေးသည် ယခုအခါ အတော် ခရီးပေါက်ခဲ့ပါပြီ။
ဤပြည်တွင်းစစ်သည် ပြည်သူများမှ အကြမ်းဖက်ခြင်း မဟုတ်ပါဘဲ အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက် ဖြေရှင်းခြင်းကြောင့် ဖြစ်ပေါ်လာသော စစ်ပွဲ ဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ဤ နွေဦးတော်လှန်ရေး စစ်ပွဲသည် ပြည်သူများက အနိုင်ရရှိကာ မကြာမီ အောင်ပွဲရတော့မည်ဟု ယုံကြည်မိပါသည်။
Credit Image Source
ဒီနေ့မှာတော့ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပုံ၊ တောတောင်များအတွင်း စစ်ရေးလေ့ကျင့်ခဲ့ကြပုံများကို မှတ်တမ်းတင် ဖော်ပြထားသော "ငါတို့အရေး ငါတို့ သွေး" ဟူသော တော်လှန်ပြည်သူများ ခွန်အားဖြစ်စေမည့် သီချင်း ကို မျှဝေပေးလိုက်ပါတယ်။
Our Case Our Blood
တေးရေး - ဓားကောင်း
တေးဆို - မှိုင်းဆက်
ဂီတမှူး - ဗိုလ်ထိန်လင်း
Media - WE CLICK YouTube channel
ငါတို့အရေး ...
ငါတို့ချွေး .. ငါတို့သွေးတွေ ...
အသက်ကိုလည်း မနှေး ပေးဆပ် ...
ပေးဆပ်ကြပါမည်။
တို့အနာဂတ်သည် တို့မျိုးဆက်အတွက် ဖြစ်သည်။
စစ်ဖိနပ်အောက်က လွတ်မြောက်ရမည်။
ဟောဒီညဆိုး လှိုင်းတံပိုးတွေ
ငါတို့ ထိုးဖောက်လို့ ရောက်ရှိတော့မည်။
ငါတို့ရဲ့ မနက်ဦး ...
ကမ်းနဖူးဆီ ရောင်နီလာပြီ။
ဟေ့ အောင်လံလွှင့်ချီ ...
ဖိနှပ်မှုကို ငုံ့မခံ
ခုခံစစ်ကို စခဲ့ကြပြီ။
မတရားမှုကို အညံ့မခံ
တွန်းလှန်စစ်ကို စခဲ့ကြပြီ။
ဒီစစ်ပွဲကို ငါတို့မခေါ် ...
မင်းတို့ခေါ်လို့ ထွက်ခဲ့ပြီဟေ့။
တို့ပြည်သူတွေ ညီရဲ့လားဟေ့။
ညီတယ်ဟေ့ .. ညီတယ်ဟေ့။
တို့တိုင်းရင်းသားတွေ ညီရဲ့လားဟေ့။
ညီတယ်ဟေ့ .. ညီတယ်ဟေ့။
တို့ရဲဘော်တွေ ညီရဲ့လားဟေ့။
ညီတယ်ဟေ့ .. ညီတယ်ဟေ့။
ဒီစစ်ပွဲကို တို့မခေါ်
မင်းတို့ခေါ်လို့ ထွက်ခဲ့ပြီဟေ့။
ငါတို့ လာပြီ .. ထွက်ခဲ့ကြပြီ။
အသက်ကို အရင်းတည်
လွတ်လပ်ဖို့ ရည်။
တို့တိုင်း.. တို့ပြည်.. တို့အနာဂတ်သည်
စစ်အာဏာရှင်တွေ အမြစ်ဖြတ်ပစ်ရမည်။