The spring breeze is blowing.
Spring will soon arrive.
The winter is almost over and it is getting warmer and cooler at night.
Yesterday evening, I returned from shopping in the city.
I saw a large palm tree on the side of the road, blooming with copper-colored flowers.
The evening sun was just setting and the light was still bright.
My wife was about to pick some Bombax Ceiba flowers for cooking.
I stopped my motorcycle and took a picture of the Bombax Ceiba tree in full bloom.
The Bombax Ceiba flowers are falling in the wind.
This is a sign of spring. It is also a natural beauty of spring .
It is a sight that can only be seen once a year.
The red Bombax Ceiba flowers are showing the beauty of the sunset.
When the wind blows, the little ones want to be crazy.
Spring is an elegiac season.
နွေဦး လေရူးတွေလည်း မြူးပြီလေ။
မကြာခင် နွေဦး ရောက်တော့မည်။
ဆောင်းရာသီ က ကုန်တော့မလို ပူလာပြီး တညတလေ အချမ်းပိုလာသည်။
မနေ့ညနေက မြို့ မှ ဈေးဝယ်ပြီး ပြန်လာခဲ့သည်။
လမ်းဘေး တနေရာက လက်ပံပင်ကြီး တစ်ပင်လုံး ကြေးနီရောင်အပွင့်တွေ ပွင့်လန်းဝေဆာနေတာကို တွေ့မြင်ခဲ့ရသည်။
ညနေ နေ က ကျလုဆဲအချိန် အလင်းရောင်ကောင်းစွာ ရနေသေးသည်။
ဇနီးသည်က ဟင်းချက်စားရန် လက်ပံပွင့်ကောက်ဦးမည် ဆိုသည်။
ကျွန်တော်က ဆိုင်ကယ်ရပ်ကာ ပန်းတွေ ဝေဆာစွာ ပွင့်နေသော လက်ပံပင်ကြီးကို ဓာတ်ပုံရိုက်ယူခဲ့သည်။
လေအဝေ့မှာ လက်ပံပွင့်တွေ ကြွေကျကြသည်။
ဤသည်ကား နွေဦး၏ လက္ခဏာတစ်ခုပင်။
နွေဦး၏ သဘာဝအလှတစ်ခုလည်း ဖြစ်သည်။
တစ်နှစ်မှာ တစ်ရာသီသာလျှင် မြင်တွေ့ရသော ရှုခင်း ဖြစ်သည်။
လက်ပံပွင့် နီကြင်ကြင်တွေက နေဝင်ချိန်အလှကို လှစ်ဟပြနေသည်။
လေရူးတွေ မြူးလာလျှင် စိတ်ရူးလေးတွေ ပေါက်ချင်ကြသည်။
နွေဦးသည်ကား လွမ်းဖွယ်ရာသီခွင် ဖြစ်ပေတော့သည်။