Hello to all Hive Blockchain Gaming members! It is raining in our area today. After the wind in the early evening, it is now cloudy and raining in the morning. It rained until the afternoon. It rains more in August. When it rains, you can take special care of your health.
Hive Blockchain Gaming အဖွဲ့ဝင်အားလုံး မင်္ဂလာပါ။ ဒီနေ့ ကျွန်မတို့ ဒေသမှာ မိုးတွေ ရွာနေပါတယ်။ ညဦးပိုင်းက လေတွေတိုက်ပြီးတော့ အခု မနက်မှာ တိမ်တွေထူထပ်ပြီး မိုးတွေ ရွာချပါတယ်။ မွန်းလွဲပိုင်းအထိ မိုးရွာပါတယ်။ သြဂုတ်လမှာ မိုးတွေ ပိုရွာသွန်းနေပါတယ်။ မိုယတွေရွာတော့ ကျန်းမာရေးတွေ အထူးဂရုစိုက်ရပါတယ်။
I have a son. My son is in Grade 4. My son's school gets flooded if it rains a lot. The incoming water is unclean water. If you go to school on a rainy day, your feet will get wet. Unclean water is not allergic to children. Itchy feet. Itches and the child scratches. There is more code. For my son's itchiness, I can apply skin creams as directed by the doctor.
ကျွန်မမှာ သားလေးတစ်ယောက်ရှိပါတယ်။ ကျွန်မသားလေးက Grade 4 တက်နေပါတယ်။ သားသားတို့ ကျောင်းက မိုးတွေ အရမ်းရွာနေရင် ရေဝင်ပါတယ်။ ဝင်လာတဲ့ ရေတွေက သန့်ရှင်းမှု မရှိတဲ့ ရေတွေ ဖြစ်ပါတယ်။ မိုးရွာတဲ့နေ့ ကျောင်းသွားပြီဆိုရင် ခြေထောက်ကို ရေစိုပါတယ်။ မသန့်ရှင်းတဲ့ရေက သားသားနဲ့ မတည့်ပါဘူး။ ခြေထောက်တွေမှာ ယားနာတွေ ပေါက်လာပါတယ်။ ယားနာတွေက ယားတော့ ကလေးက ကုတ်ပါတယ်။ ကုတ်တော့ ပိုများလာပါတယ်။ ကျွန်မ သားသားရဲ့ယားနာတွေအတွက် ဆရာဝန် ညွှန်ကြားချက်နဲ့ အရေပြားလိမ်းဆေးတွေ လိမ်းရပါတယ်။
The itchiness goes away after applying the medicine and comes back every now and then. Finally, I also look for traditional medicine. I bought a local ointment and rubbed it on, and the itching subsided. It is a very powerful traditional medicine. A box of medicine used to cost 100 Kyats, but now it has reached 700 Kyats. This medicine is very good for pimples. It heals the sores on the skin by applying it. It is suggested that it should be carried as a home remedy.
ယားနာတွေက ဆေးလိမ်းရင် ပျောက်ပြီး ခဏ ခဏ ပြန်ထွက်ပါတယ်။ နောက်ဆုံးတော့ ကျွန်မလည်း တိုင်းရင်းဆေးတွေကို ရှာပါတယ်။ ဆရာခို တိုင်းရင်းလိမ်းဆေးဝယ်ပြီး လူးပေးတော့ ယားနာတွေ သက်သာလာပါတယ်။ အရမ်းအစွမ်းထက်တဲ့ တိုင်းရင်းဆေးဖြစ်ပါတယ်။ ဆေးတစ်ဗူးကို အရင်က မြန်မာငွေ ၁၀၀ကျပ်ကနေ အခုတော့ ၇၀၀ကျပ်အထိ ရှိလာပါပြီ။ ဒီဆေးက အဖု အကျိတ်တွေ အတွက် အရမ်းကောင်းပါတယ်။ အရေပြားပေါ်မှာ ပေါက်တဲ့ အနာတွေကို လိမ်းပေးတာနဲ့ သက်သာပျောက်ကင်းစေပါတယ်။ အိမ်တွင်းဆေးအဖြစ် ဆောင်ထားသင့်ကြောင်း အကြံပြုလိုက်ပါတယ်။
On rainy days, it's great to relax at home. I will play Risingstar Music Game. I will listen to music. But those who have to work outside the house are upset because it is raining. Friends, are you okay if it rains? When I got back from work, I started playing Risingstar Game. I'm about to finish level 94. So I'm playing music lessons. I want to reach level 100 as soon as possible. I am trying to do many of my missions. Oh, while I'm writing now, I've reached a new level. Now I have reached Level 95 of Risingstar. This is my Risingstar Game status.
column1 | column2 |
---|---|
Fan | 45655 |
Luck | 3928 |
Skill | 54915 |
IM | 896 |
Cards | 532 |
Level | 95 |
Ego% | 1 |
During the rainy season, seasonal flu is common, so take care of your health. There is one thing I love about the rainy season. This is about staying indoors when it's raining and rainy season songs. I would like to introduce you to a very good rainy season Myanmar song. The name of the song is Wasomoe. It means rain in July. The singer is Vanya Han. The meaning of the song is that he expects his girlfriend to return with the rain. When the rain stops, the boy misses his girlfriend. If he walks the red road alone, he misses it.
Ran Nai has rendered a cover song of Waso Soid Chin sung by singer Vanya Han. Although the lyrics of the song are the same, I think the key of the song will be slightly different. I love Rannai's singing, so let's listen together. We have uploaded the link to the Wasomoe song from the YouTube channel so that everyone can listen to it. May you be able to listen to good music in the cold rain.
မိုးရာသီမှာ ရာသီတုတ်ကွေးရောဂါလည်း အဖြစ်များတာကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြပါ။ မိုးရာသီနဲ့ ပတ်သက်ပြီး ကျွန်မ နှစ်သက်တာ တစ်ခုရှိပါတယ်။ ဒါကတော့ မိုးရွာနေရင် အိမ်ထဲမှာနေရတာနဲ့ မိုးရာသီ သီချင်းလေးတွေကိုပါ။ အရမ်းကောင်းတဲ့ မိုးရာသီ မြန်မသီချင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သီချင်းနာမည်က ဝါဆိုမိုး ဖြစ်ပါတယ်။ ဇူလိုင်လမှာ ရွာတဲ့မိုးလို့ အဓိပ္ပါယ်ရပါတယ်။ အဆိုတော်က ဗညားဟန်ဖြစ်ပါတယ်။ သီချင်းလေးရဲ့ အဓိပ္ပါယ်က ချစ်သူကောင်မလေးကို မိုးနဲ့အတူ ပြန်လာဖို့ မျှော်လင့်နေတဲ့ အကြောင်းဖြစ်ပါတယ်။ ကောင်လေးက မိုးရွာတော့မဲ့အချိန်တွေမှာ သူ့ ချစ်သူကောင်မလေးကို လွမ်းနေပါတယ်။ သူတစ်ယောက်တည်း မြေနီရောင်လမ်းကို လျှောက်ရင် လွမ်းနေပါတယ်တဲ့။
အဆိုတော် ဗညားဟန် သီဆိုထားတဲ့ ဝါဆိုသီးချင်းကို ရန်နိုင်က Cover Soungပြန်ဆိုထားပါတယ်။ သီချင်းရဲ့ စာသားတွေတူပေမဲ့ သီဆိုတဲ့ Key အနည်းငယ်ကွဲပြားမယ်လို့ ကျွန်မ ထင်ပါတယ်။ ရန်နိုင်ရဲ့ သီဆိုပုံကို နှစ်သက်တဲ့အတွက် အတူတူ နားဆင်ကြည့်ရအောင်ပါ။ အားလုံး နားဆင်နိုင်ဖို့ ဝါဆိုမိုးသီချင်းကို Youtube Channal ကနေ လင့် ချပေးလိုက်ပါတယ်။ မိုးအေးအေးမှာ သီချင်းကောင်းလေး နားဆင်နိုင်ပါစေ။
🎵မိုးအုံ့လို့ သစ်ရွက်လေးတွေ ငြိမ်နေရင်
တိမ်တွေပြိုတော့မှာ ကြိုသိတယ်
ဝါဆိုရယ် သိပ်သတိရမိတယ်🎵
🎶ပုန်းညက်တို့ ရောက်ရှိကြောင်းကိုကြေညာကာ ငွေမှုန်ငွေစတွေရွာတော့ကွယ် ဝါဆိုရေ သိပ်သတိရမိတယ်🎶
..........
မိုးရွာတဲ့ ရက်တွေဆိုရင် အိမ်မှာ အနားယူရတာ အရမ်းကောင်းပါတယ်။ Risingstar Music Game ကစားမယ်။ သီချင်းလေးတွေ နားထောင်မယ်။ ဒါပေမဲ့ အိမ်အပြင်မှာ အလုပ်လုပ်ရသူတွေကတော့ မိုးရွာနေတဲ့အတွက် စိတ်ညစ်ရပါတယ်။ မိတ်ဆွေတို့ကော မိုးရွာရင် အဆင်ပြေကြလား? အလုပ်က ပြန်ရောက်တော့ ကျွန်မ Risingstar Gameကို စ ကစားပါတယ်။ ကျွန်မ Level 94ကို ပြီးဆုံးပါတော့မယ်။ ဒါကြောင့် ကျွန်မ Music Lessonတွေ ကစားနေပါတယ်။ ကျွန်မ Level 100 အမြန်ဆုံးရောက်ချင်လို့ ဖြစ်ပါတယ်။ ကျွန်မရဲ့ Missionတွေ အများကြီးလုပ်ဆောင်နိုင်အောင် ကြိုးစားနေပါတယ်။ အိုးးးး အခု စာရေးနေရင်းနဲ့ ကျွန်မ Level အသစ်တက်နိုင်ခဲ့ပါပြီ။ အခု ကျွန်မက Risingstarရဲ့ Level 95ကို ရောက်ပါပြီ။ ဒါက ကျွန်မရဲ့ Risingstar Game အခြေအနေဖြစ်ပါတယ်။
May everyone be healthy in the rainy season.
မိုးရာသီမှာ အားလုံး ကျန်းမာကြပါစေ။