Missing Mandalay and Viewing Scenery

in #hive-19768514 days ago

Hello 🤗

Today, I was lying on the barracks with my hands on my forehead and dreaming.
It's just a thought here and there rather than a fantasy.
I miss Mandalay while expanding my thoughts.

I miss Mandalay.
Mandalay is the second largest city in Myanmar.
For a rural person like me, Mandalay is as beautiful as the palace of the gods.
Mandalay city is full of fun things.
A variety of food is abundant.
There are plenty of new looks and new views to see.

Now I live in the countryside.
I Can't go to Mandalay.
The rural area where I live is almost 100 miles away from the city of Mandalay.
If the politics are good, I can go from the rural area where I live to Mandalay in the morning and come back in the evening.
Now it is not easy to go to Mandalay.
Just as the road is not straight, the security is unreliable.
The terrorist army of the military dictator who unjustly usurped the state power is arresting and torturing the people.

Today, while thinking, I remembered Mandalay and entered the Phone Gallery.
I saw the scenery from Mandalay Mountain, which was taken as a memory before.
So, here are the memorable photos that I miss Mandalay.

မင်္ဂလာပါ။

ဒီနေ့တော့ တန်းလျားခုန် ပေါ်မှာ လဲလျောင်းရင်း နဖူးပေါ် လက်တင်ကာ စိတ်ကူးယဥ်နေမိခဲ့သည်။
စိတ်ကူးယဉ်ဖြစ်တယ် ဆိုတာထက် ဟိုဟိုဒီဒီ တွေးနေမိခြင်းသာ ဖြစ်ပါသည်။
အတွေး နယ်ချဲ့နေရင်း မန္တလေး ကို လွမ်းမိပါသည်။

မန္တလေး ကိုလေ ကျွန်တော် လွမ်းတယ်။
မန္တလေး သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် ဖြစ်ပါသည်။
ကျွန်တော်တို့ကဲ့သို့ ကျေးလက်တောသား တစ်ယောက်အတွက် မန္တလေးမြို့သည် နတ်ဘုံနတ်နန်းတမျှ ခန်းနားလှပါသည်။
မန္တလေးမြို့မှာ ပျော်ပါးစရာတွေ စုံလင်လှသည်။
စားစရာမျိုးစုံ ပေါများလှသည်။
အသွင်သစ်အမြင်သစ်တွေ ကြည့်ရှုစရာ ပေါလှသည်။

ယခုတော့ ကျွန်တော်က ကျေးလက်ဒေသ၌သည် နေဖြစ်သည်။
မန္တလေးမြို့ သို့ မသွားရောက်နိုင် ဖြစ်နေသည်။
ကျွန်တော် နေထိုင်ရာ ကျေးလက်ဒေသ နှင့် မန္တလေးမြို့သည် မိုင်ပေါင်း ၁၀၀ နီးပါးမျှ ဝေးကွာပါသည်။
နိုင်ငံရေး ကောင်းလျှင်တော့ ကျွန်တော် နေထိုင်ရာ ကျေးလက်ဒေသ မှ မန္တလေးမြို့ သို့ မနက် သွားကာ ည‌နေ ပြန်လာနိုင်သည်။
ယခုတော့ မန္တလေးမြို့ သို့ သွားရောက်ရဖို့ မလွယ်ကူပါ။
ခရီးလမ်း မဖြောင့်ဖြူးသကဲ့သို့ လုံခြုံရေးလည်း စိတ်မချရပါ။
နိုင်ငံတော်အာဏာကို မတရားလုယူထားသော စစ်အာဏာရှင်၏ အကြမ်းဖက်စစ်တပ်သည် ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်လျက် ရှိပါသည်။

ဒီနေ့တော့ တွေးတောရင်း မန္တလေးကို သတိရကာ Phone Gallery ထဲ ဝင်ရောက်ကြည့်ဖြစ်ခဲ့သည်။
ယခင်က အမှတ်တရရိုက်ယူထားသော မန္တလေးတောင်ပေါ်မှ ရှုခင်းများကို မြင်တွေ့ခဲ့ရသည်။
သို့ဖြစ်၍ မန္တလေး ကို လွမ်းသည့် အမှတ်တရ ဓာတ်ပုံတွေ ဒီမှာ မျှဝေပေးလိုက်ပါသည်။

Sort:  


🎉 Upvoted 🎉
👏 Keep Up the good work on Hive ♦️ 👏
❤️ @mysteriousroad suggested sagarkothari88 to upvote your post ❤️
--
Support Back
Join Discord
Hive Inbox App
HiFind - Manual Curation Assistant

Thank you

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @golden.future

မန်းလေး ကို အမြန်ဆုံး လာရောက်နိုင်ပါစေဗျာ။
!PIZZA
!MEME